ဗျာဒိတ် 5:8Judson Bibleထိုစာစောင်ကို ခံယူသောအခါ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်းသူတို့၏ ပတ္ထနာတည်းဟူသော မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်သော ရွှေဖလားတို့ကိုလည်းကောင်း၊ စောင်းတို့ကိုလည်းကောင်း၊ အသီးအသီးကိုင်၍ သိုးသငယ်ရှေ့၌ ပျပ်ဝပ်လျက်၊- အခန်းကိုကြည့်ပါ။ |
ထိုသတ္တဝါလေးပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌၊ တစ်ပါးတစ်ပါးလျှင် အတောင်ခြောက်ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့်ပြည့်ကြ၏။ သူတို့ကလည်း၊ အနန္တတန်ခိုးနှင့် ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏ဟု နေ့ညမပြတ် ငြိမ်၍မနေဘဲ ပြောဆိုကြ၏။-
ထိုအခါ ပလ္လင်တော်မှစသော သတ္တဝါလေးပါးနှင့် အသက်ကြီး သူတို့အလယ်၌၊ အသေသတ်ပြီးသကဲ့သို့သော သိုးသငယ်သည် ရပ်လျက်ရှိသည်ကို ငါမြင်၏။ ထိုသိုးသငယ်သည် မြေကြီးတစ်ပြင်လုံး၌ လွှတ်သော ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိခုနစ်လုံးနှင့် ချိုခုနစ်ချောင်းရှိ၏။-