Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 5:1

Judson Bible

ထို​အ​ခါ တစ်​ဖက်​တစ်​ချက်၌ အ​က္ခ​ရာ​တင်၍ တံ​ဆိပ်​ခု​နစ်​ချက်​ခတ်​သော စာ​စောင်​ကို ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ၏ လက်​ယာ​လက်၌ ငါ​မြင်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ဗျာ​ဒိတ်​တော်​ရှိ​သ​မျှ​သည် တံ​ဆိပ်​ခတ်​သော​စာ​ကဲ့​သို့ သင်​တို့၌ ဖြစ်၏။ ထို​စာ​သည် စာ​တတ်​သော​သူ​အား​ပေး၍၊ ဤ​စာ​ကို ဖတ်​ပါ​လော့​ဟု ဆို​လျှင်၊ ထို​သူ​က၊ ဤ​စာ​ကို ငါ​မ​ဖတ်​နိုင်။ တံ​ဆိပ်​ခတ်​လျက်​ရှိ၏​ဟု ပြန်​ပြော​တတ်၏။

ထာ​ဝ​ရ​ဘု​ရား၏​ကျမ်း​စာ​ကို​ကြည့်​ရှု၍ ဖတ်​ကြ​လော့။ ထို​တိ​ရ​စ္ဆာန်​တစ်​ကောင်​မျှ မ​ပေါ်​ဘဲ​မ​နေ​ရ။ အ​မ​တစ်​ကောင်​မျှ မိ​မိ​အ​ဖော်​ကို မ​လို​ရ။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက်​အ​မိန့်​တော်ရှိ၏။ ဝိ​ညာဉ်​တော်​သည်​လည်း သူ​တို့​ကို စု​ဝေး​စေ​တော်​မူ၏။

ဤ​သက်​သေ​ခံ​ချက်​ကို ငါ့​တ​ပည့်​တို့​တွင် ထုပ်​ထား၍၊ ပ​ညတ်​တ​ရား​ကို တံ​ဆိပ်​ခတ်​လော့​ဟု မိန့်​တော်​မူ၏။

ညဉ့်ဦး​နှင့် နံ​နက်​ကို ဖော်​ပြ​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​စ​ကား မှန်​သည်​ဖြစ်၍ ထို​စ​ကား​ကို တံ​ဆိပ်​ခတ်​ထား​လော့။ တာ​ရှည်​သော ကာ​လ​တိုင်​တိုင် တည်​လိမ့်​မည်​ဟု ဆို၏။

တစ်​ဖန်​ငါ​မျှော်​ကြည့်၍၊ ပျံ​ဝဲ​လျက်​ရှိ​သော စာ​စောင်​ကို မြင်၏။

ဖွင့်​ထား​သော စာ​စောင်​ငယ်​ကို ကိုင်​လျက်​ရှိ၏။ လက်​ယာ​ခြေ​သည် ပင်​လယ်​ပေါ်​မှာ​လည်း​ကောင်း၊ လက်​ဝဲ​ခြေ​သည် မြေ​ကြီး​ပေါ်​မှာ​လည်း​ကောင်း နင်း၍၊-

ထို​သူ၏ အ​ဆင်း​အ​ရောင်​သည် န​ဂါး​သွဲ့​ကျောက်၊ ပ​တ္တ​မြား​ကျောက်​နှင့် တူ၏။ ပ​လ္လင်၏​ပတ်​ဝန်း​ကျင်၌​ကား၊ မြ​ကျောက် အ​ဆင်း​အ​ရောင်​နှင့်​တူ​သော သက်​တံ​ရှိ၏။-

ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်၍ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော​သူ၏ ဘုန်း​အ​သ​ရေ၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ထို​သ​တ္တ​ဝါ​တို့​သည် ချီး​မွမ်း​ကြ​သော​အ​ခါ၊-

ကောင်း​ကင်၊ မြေ​ကြီး၊ မြေ​ကြီး​အောက်၊ သ​မု​ဒ္ဒ​ရာ​အ​ထဲ၊ အ​ရပ်​ရပ်​တို့၌ ရှိ​ရှိ​သ​မျှ​သော ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​က၊ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​နှင့် သိုး​သ​ငယ်​သည် က​မ္ဘာ​အ​ဆက်​ဆက် ကောင်း​ချီး​မင်္ဂ​လာ၊ ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော်၊ အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ပြော​ဆို​ကြ​သည်​ကို ငါ​ကြား​လေ၏။-

သူ​သည်​လာ၍ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော သူ၏ လက်​ယာ​လက်​မှ​စာ​စောင်​ကို ခံ​ယူ​လေ၏။-

သိုး​သ​ငယ်​သည် တံ​ဆိပ်​ခု​နစ်​ချက်​တွင် တစ်​ချက်​ကို​ဖွင့်​သော​အ​ခါ ငါ​ကြည့်​လျှင်၊ မိုး​ကြိုး​သံ မြည်​သ​ကဲ့​သို့၊ သ​တ္တ​ဝါ​လေး​ပါး​တွင် တစ်​ပါး​က၊ လာ၍ ကြည့်​လော့​ဟု ဆို​သည်​ကို ငါ​ကြား၏။-

ငါ​တို့​အ​ပေါ်​သို့ ကျ​ကြ​ပါ။ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ၏ မျက်​နှာ​နှင့် သိုး​သ​ငယ်၏ အ​မျက်​တော်​ကို ကွယ်​ကာ၍၊ ငါ​တို့​ကို​ဖုံး​အုပ်​ကြ​ပါ။-

သ​တ္တ​မ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ၌ နာ​ရီ​ဝက်​မျှ တိတ်​ဆိတ်​စွာ နေ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ