Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 4:5

Judson Bible

ပ​လ္လင်​တော်​ထဲ​က လျှပ်​စစ်​ပြက်၏။ စ​ကား​ပြော​သံ၊ မိုး​ကြိုး​သံ​လည်း မြည်၏။ ပ​လ္လင်​တော်​ရှေ့၌ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​ခု​နစ်​ပါး​တည်း​ဟူ​သော မီး​ခွက်​ခု​နစ်​လုံး​တို့​သည် ထွန်း​လျက်​ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်၊ ငါ​သည် ဤ​ပြည်​ကို​သင်​အ​မွေ​ခံ​စ​ရာ​ဖို့၊ သင်​အား​ပေး​လို​သော​ငှာ၊ ခါ​လ​ဒဲ​ပြည်​သား​တို့​နေ​သော​ဥ​ရ​မြို့​မှ သင့်​ကို​ထုတ်​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ​လျှင်၊

တ​ရား​တော်​အ​တိုင်း ဗျာ​ဒိတ်​ဌာ​န​တော်​ရှေ့​မှာ ထွန်း​စ​ရာ​ဖို့ ရွှေ​စင်​မီး​ခုံ​နှင့်​မီး​ခွက်​များ၊

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​ပြင်​မှာ ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ကား၊ မိ​မိ​လူ​တို့​အား အ​ခွင့်​တန်​ခိုး​ကို​ပေး​တော်​မူ​သော ဘု​ရား​ပေ​တည်း။ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။

သုံး​ရက်​မြောက်​သော​နေ့၊ နံ​နက်​အ​ချိန်၌ တောင်​ပေါ်​မှာ​မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း​နှင့်​တ​ကွ မိုး​တိမ်​တိုက်​လွှမ်း​မိုး၍ ကြီး​သော​အ​သံ​နှင့် တံ​ပိုး​မြည်​သ​ဖြင့်၊ တပ်၌​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ၏။

လူ​အ​ပေါင်း​တို့​သည် မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း၊ တံ​ပိုး​သံ​မြည်​ခြင်း၊ တောင်​ထဲ​က​မီး​ခိုး​ထွက်​ခြင်း အ​ကြောင်း​အ​ရာ​တို့​ကို မြင်​သော​အ​ခါ၊ ကြောက်​သော​ကြောင့်​ရွှေ့၍ အ​ဝေး၌​ရပ်​နေ​ကြ​၏။

မီး​ခွက်​ခု​နစ်​လုံး​ကို​လည်း လုပ်​ရ​မည်။ စား​ပွဲ​ကို​လင်း​စေ​ခြင်း​ငှာ ထို​မီး​ခွက်​ကို ထွန်း​ရ​မည်။

မီး​ခွက်​ခု​နစ်​လုံး၊ မီး​ညှပ်​နှင့် မီး​ညှပ်​ခံ​စ​ရာ​ခွက်​များ​ကို​လည်း ရွှေ​စင်​နှင့်​လုပ်​လေ၏။

ထို​သ​တ္တ​ဝါ​တို့၏ အ​ဆင်း​အ​ရောင်​သည်​ကား၊ တောက်​သော မီး​ခဲ​အ​ရောင်၊ မီး​ခွက်​အ​ရောင်​နှင့် တူ၏။ မီး​သည်​တောက်​လျက် သ​တ္တ​ဝါ​တို့​တွင် အ​နှံ့​အ​ပြား​လှည့်​လည်၍ မီး​ထဲ​က လျှပ်​စစ်​ပြက်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဇိ​အုန်​တောင်​ပေါ်​က ကြွေး​ကြော်၍၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က အ​သံ​ကို​လွှင့်​တော်​မူ​သ​ဖြင့်၊ မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​သည် တုန်​လှုပ်​လိမ့်​မည်။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့၏​ခို​လှုံ​ရာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ​လိမ့်​မည်။

သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​လျှင်၊ ငါ​က၊ အ​ကျွန်ုပ်​သည် ကြည့်​ရှု၍ ရွှေ​အ​တိ​ပြီး​သော ဆီ​မီး​ခုံ​ကို မြင်​ပါ၏။ မီး​ခုံ​တိုင်​အ​ဖျား၌ ဆီ​အိုး​တစ်​လုံး၊ မီး​ခွက်​ခု​နစ်​လုံး၊ ဆီ​အိုး​နှင့် မီး​ခွက်​ခု​နစ်​လုံး ဆက်​သော ပြွန်​တံ​ခု​နစ်​တံ​ရှိ​ပါ၏။

ထို​အ​ခါ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ကား၊ မင်္ဂ​လာ​ဆောင်​လု​လင်​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ မီး​ခွက်​ကို ကိုင်​ယူ၍ ထွက်​သွား​သော သ​တို့​သ​မီး တစ်​ကျိပ်​နှင့် တူ၏။-

ငါ​သည် နောင်​တ​အ​ဖို့​အ​လို​ငှာ သင်​တို့​ကို ရေ​နှင့်​ဗ​တ္တိ​ဇံ​ပေး၏။ ငါ့​နောက် ကြွ​လာ​သော​သူ​သည် ငါ့​ထက် တတ်​စွမ်း​နိုင်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကို​မျှ ဆောင်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ မီး​နှင့်​လည်း​ကောင်း၊ သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။

ထို​ခ​ဏ​ချင်း​တွင် ကွဲ​ပြား​သော​လျှာ​တို့​သည် မီး​လျှာ​ကဲ့​သို့​ထင်​ရှား၍၊ ထို​သူ​အ​သီး​အ​သီး​တို့​အ​ပေါ်၌ တည်​နေ​ကြ၏။-

ငါ​ယော​ဟန်​သည် အာ​ရှိ​ပြည်၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ကို ကြား​လိုက်​ပါ၏။ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က​လည်း​ကောင်း၊ ပ​လ္လင်​တော်​ရှေ့၌​ရှိ​သော ဝိ​ညာဉ်​ခု​နှစ်​ပါး အ​ထံ​က​လည်း​ကောင်း၊-

ခြင်္သေ့​ဟောက်​သ​ကဲ့​သို့ ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​လေ၏။ ကြွေး​ကြော်​ပြီး​မှ မိုး​ကြိုး​သံ ခု​နစ်​ချက်​မြည်​လေ၏။-

တစ်​ဖန် ကောင်း​ကင်​ဘုံ၌ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​ကို ဖွင့်​ထား၍၊ ဗိ​မာန်​တော်​ထဲ​မှာ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော် ထင်​ရှား​လေ၏။ လျှပ်​စစ်​ပြက်​ခြင်း၊ အ​သံ​မြည်​ခြင်း၊ မိုး​ချုန်း​ခြင်း၊ မြေ​လှုပ်​ခြင်း၊ အ​လုံး​ကြီး​စွာ​သော မိုး​သီး​ကျ​ခြင်း ဖြစ်​ကြ၏။-

သာ​ဒိ​မြို့၌​ရှိ​သော အ​သင်း​တော်၏​တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​ခု​နစ်​ပါး​နှင့် ကြယ်​ခု​နစ်​လုံး​ရှိ​သော​သူ၏ အ​မိန့်​တော်​ကား၊ သင်၏​အ​ကျင့်​ကို ငါ​သိ၏။ သင်​သည် အ​သက်​ရှင်​ဟန်​ရှိ​သော်​လည်း သေ​လျက်​နေ​သည်​ကို ငါ​သိ၏။-

ထို​အ​ခါ ပ​လ္လင်​တော်​မှ​စ​သော သ​တ္တ​ဝါ​လေး​ပါး​နှင့် အ​သက်​ကြီး သူ​တို့​အ​လယ်၌၊ အ​သေ​သတ်​ပြီး​သ​ကဲ့​သို့​သော သိုး​သ​ငယ်​သည် ရပ်​လျက်​ရှိ​သည်​ကို ငါ​မြင်၏။ ထို​သိုး​သ​ငယ်​သည် မြေ​ကြီး​တစ်​ပြင်​လုံး၌ လွှတ်​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​ခု​နစ်​ပါး​တည်း​ဟူ​သော မျက်​စိ​ခု​နစ်​လုံး​နှင့် ချို​ခု​နစ်​ချောင်း​ရှိ၏။-

ကောင်း​ကင်​တ​မန်​သည် လင်​ပန်း​ကို​ယူ၍ ယဇ်​ပ​လ္လင်၏ မီး​နှင့်​ပြည့်​စေ​ပြီး​မှ၊ မြေ​ကြီး​အ​ပေါ်​သို့ ချ​လိုက်​သည်​ဖြစ်၍၊ အ​သံ​မြည်​ခြင်း၊ မိုး​ချုန်း​ခြင်း၊ လျှပ်​စစ်​ပြက်​ခြင်း၊ မြေ​ကြီး​လှုပ်​ခြင်း​ဖြစ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ