Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 3:5

Judson Bible

ထို​သူ၏​နာ​မ​ကို အ​သက်​စာ​စောင်​မှ ငါ​သည် အ​လျှင်း​မ​ချေ။ ငါ့​ခ​မည်း​တော်​ရှေ့၌​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​တော်​တို့ ရှေ့၌​လည်း​ကောင်း သူ၏​နာ​မ​ကို ငါ​ဝန်​ခံ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

သူ၏​အ​နွယ်​သည် ပြတ်​ပါ​စေ။ လူ​မျိုး​ဆင်း​သက်၍ တစ်​ဆက်​တည်း​တွင်၊ သူ​တို့၏​နာ​မည်​သည် ကျေ​ပျောက်​ပါ​စေ။

အ​သက်​ရှင်​သော​သူ​တို့​စာ​ရင်း၌ သူ​တို့​နာ​မည်​များ​ကို​ချေ၍၊ ဖြောင့်​မတ်​သော​သူ​တို့​နှင့်​အ​တူ မ​ရေး​မ​မှတ်​ပါ​စေ​နှင့်။

ထို​သူ​တို့​သည် ငါ​စီ​ရင်​သော​နေ့​ရက်၌ ငါ​ပိုင်​ထိုက်​သော ဘ​ဏ္ဍာ​တော်​ဖြစ်​ကြ​လိမ့်​မည်။ အ​ဘ၏​အ​မှု​ကို ဆောင်​သော​သား​ကို အ​ဘ​နှ​မြော​သ​ကဲ့​သို့ ထို​သူ​တို့​ကို​ငါ​နှ​မြော​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ဝန်​ခံ​အံ့။ ကောင်း​ကင်​ဘုံ၌​ရှိ​သော ငါ၏​ခ​မည်း​တော်​ရှေ့​မှာ ထို​သူ​ကို ငါ​ဝန်​ခံ​မည်။-

သို့​သော်​လည်း နတ်​ဆိုး​ကို နိုင်​ရ​သော​ကြောင့်​သာ ဝမ်း​မြောက်​ခြင်း​မ​ရှိ​ကြ​နှင့်၊ သင်​တို့၏ နာ​မည်​များ​သည် ကောင်း​ကင်​စာ​ရင်း၌ ဝင်​သည်​ကို ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ငါ​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ဝန်​ခံ​အံ့။ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​တို့​ရှေ့​မှာ လူ​သား​သည် ထို​သူ​ကို​ဝန်​ခံ​မည်။-

သို့​ဖြစ်၍ ငါ့​ကို​ရှိ​စေ​လော့။ သူ​တို့​ကို ငါ​ဖျက်​ဆီး​မည်။ သူ​တို့​နာ​မ​ကို​လည်း ကောင်း​ကင်​အောက်​မှာ ငါ​ချေ​မည်။ သင့်​ကို​မူ​ကား၊ သူ​တို့​ထက်​အား​ကြီး၍ များ​ပြား​သော​အ​မျိုး ဖြစ်​စေ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။

အ​ချင်း ငါ့​လုပ်​ဖော်​ဆောင်​ဖက်​စစ်၊ သင့်ကို​လည်း ငါ​တောင်း​ပန်၏။ ငါ​နှင့် က​လေ​မင်​မှ​စ၍ အ​သက်​စာ​ရင်း​ဝင်​သော အ​ခြား​သော ငါ၏​လုပ်​ဖော်​ဆောင်​ဖက်​တို့​နှင့်​အ​တူ၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သော​အ​မှု၌ ကူ​ညီ၍ ကြိုး​စား​အား​ထုတ်​သော မိန်း​မ​တို့​ကို မ​စ​ထောက်​ပံ့​ပါ​လော့။

ထိ​မိ၍​လဲ​ခြင်း​နှင့် ကင်း​လွတ်​စေ​မည်​အ​ကြောင်း သင်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ပြစ်​မ​ရှိ​ဘဲ ဝမ်း​မြောက်​ခြင်း​နှင့် ပြည့်​စုံ​လျက်​ရှိ​သော သင်​တို့​ကို ဘုန်း​အ​သ​ရေ​တော်​ရှေ့၌ ဆက်​သ​ခြင်း​ငှာ​လည်း​ကောင်း တတ်​နိုင်​တော်​မူ​သော သူ​တည်း​ဟူ​သော၊-

ကွပ်​မျက်​သော​သိုး​သ​ငယ်၏ အ​သက်​စာ​စောင်၌ က​မ္ဘာ​ဦး​က​ပင် စာ​ရင်း​မ​ဝင်​သော မြေ​ကြီး​သား အ​ပေါင်း​တို့​သည် သား​ရဲ​ကို ကိုး​ကွယ်​ကြ၏။-

ယ​ခု​မြင်​သော သား​ရဲ​သည် ဖြစ်​ဖူး​ပြီ၊ ဖြစ်​ဆဲ​မ​ရှိ၊ အ​နက်​ဆုံး​သော တွင်း​ထဲ​က​တက်၍ ဖျက်​ဆီး​ခြင်း​သို့ ရောက်​လိမ့်​မည်။ က​မ္ဘာ​ဦး​က​ပင် အ​သက်​စာ​စောင်၌ စာ​ရင်း​မ​ဝင်​သော မြေ​ကြီး​သား​တို့​သည် ဖြစ်​ဖူး၍၊ ဖြစ်​ဆဲ​မ​ရှိ၊ ဖြစ်​လ​တ္တံ့​သော​သား​ရဲ​ကို မြင်​ရ​သော​အ​ခါ၊ အံ့​ဩ​ကြ​လိမ့်​မည်။-

ထို​မိန်း​မ​သည် စင်​ကြယ်​ပြောင်​လက်​သော ပိတ်​ချော​ကို ဝတ်​ဆင်​ရ​သော​အ​ခွင့်​ကို ရ၏။ ထို​ပိတ်​ချော​မူ​ကား၊ သန့်​ရှင်း​သူ​တို့၏ ဖြောင့်​မတ်​ခြင်း ဖြစ်​သ​တည်း။-

ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အောင်​မြင်​သော​သူ​ကို ဒု​တိ​ယ​သေ​ခြင်း​သည် မ​ညှဉ်း​ဆဲ​ရ။

ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို၊ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အ​ကြင်​သူ​သည် အောင်​မြင်၏။ ထို​သူ​သည် ငါ၏​ဘု​ရား​သ​ခင် ပ​ရ​ဒိ​သု​ဥ​ယျာဉ်၌ ရှိ​သော အ​သက်​ပင်၏​အ​သီး​ကို စား​စေ​ခြင်း​ငှာ ငါအ​ခွင့်​ပေး​မည်။

သေ​လွန်​သော​သူ အ​ကြီး​အ​ငယ်​တို့​သည် ပ​လ္လင်​တော်​ရှေ့​မှာ ရပ်​န​ကြ​သည်​ကို ငါ​မြင်၏။ စာ​စောင်​များ​ကို ဖွင့်​ထား၏။ အ​သက်​စာ​စောင်​တည်း​ဟူ​သော အ​ခြား​တစ်​ပါး​သော စာ​စောင်​ကို​လည်း ဖွင့်​လေ၏။ သေ​လွန်​သော​သူ​တို့​သည် မိ​မိ​တို့​အ​ကျင့်​အ​တိုင်း၊ စာ​စောင်​တို့၌ ရေး​ထား​ချက်​များ​နှင့်​အ​ညီ တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ၏။-

အ​သက်​စာ​စောင်၌ စာ​ရင်း​မ​ဝင်​သော​သူ ရှိ​သ​မျှ​တို့​ကို​လည်း မီး​အိုင်​ထဲ​သို့ ချ​ပစ်​လေ၏။

ညစ်​ညူး​သော​အ​ရာ၊ စက်​ဆုပ်​ဖွယ်​သော​အ​ရာ၊ သ​စ္စာ​ပျက်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ဝင်​ရ​ဘဲ၊ သိုး​သ​ငယ်၏ အ​သက်​စာ​စောင်၌ စာ​ရင်း​ဝင်​သော သူ​တို့​သာ​လျှင် ဝင်​ရ၏။

အ​ကြင်​သူ​သည် ဤ​စာ​စောင်၏​အ​နာ​ဂ​တ္တိ​စ​ကား အ​ချို့​ကို​နုတ်​ပယ်၏။ ဤ​စာ​စောင်၌​ရေး​ထား​သော အ​သက်​ပင်​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​မြို့​တော်​နှင့်​လည်း​ကောင်း၊ ထို​သူ​စပ်​ဆိုင်​သော​အ​ခွင့်​ကို ဘု​ရား​သ​ခင်​နုတ်​ပယ်​တော်​မူ​မည်။-

အ​ကြင်​သူ​သည် အောင်​မြင်၏။ ထို​သူ​ကို ငါ​သည် ငါ၏​ဘု​ရား​သ​ခင့်​ဗိ​မာန်​တော်၌ တိုင်​ဖြစ်​စေ​မည်။ နောက်​တစ်​ဖန် သူ​သည် ပြင်​သို့​မ​ရွေ့​ရ။ ငါ၏ ဘု​ရား​သ​ခင့် နာ​မ​တော်​ကို​လည်း​ကောင်း၊ ငါ၏​ဘု​ရား​သ​ခင့်​အ​ထံ​တော် မှ​ထွက်၍၊ ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သော ယေ​ရှု​ရှ​လင်​မြို့​သစ်​တည်း​ဟူ​သော၊ ငါ၏​ဘု​ရား​သ​ခင့်​မြို့​တော်၏ နာ​မ​ကို​လည်း​ကောင်း၊ ငါ၏ နာ​မ​သစ်​ကို​လည်း​ကောင်း၊ ထို​သူ​အ​ပေါ်၌ ငါ​သည် အ​က္ခ​ရာ​တင်​မည်။-

သို့​သော်​လည်း၊ သာ​ဒိ​မြို့၌​ပင် သင်​တို့​တွင် ကိုယ်​အ​ဝတ်​ကို မ​ညစ်​ညူး​စေ​သော​သူ နည်း​နည်း​ရှိ​သေး၏။ ထို​သူ​တို့​သည် ထိုက်​တန်​သော​သူ​ဖြစ်၍၊ အ​ဖြူ​ဝတ်​လျက် ငါ​နှင့်​အ​တူ သွား​လာ​ကြ​လိမ့်​မည်။ အောင်​မြင်​သော​သူ​သည် ဖြူ​သော​အ​ဝတ်​ကို ဝတ်​ဆင်​လိမ့်​မည်။-

ထို​သူ​တို့၌ ဖြူ​သော​ဝတ်​လုံ​ကို ပေး​တော်​မူ၏။ သူ​တို့​နည်း​တူ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​လ​တ္တံ့​သော မိ​မိ လုပ်​ဖော်​ဆောင်​ဖက် ညီ​အစ်​ကို​တို့​သည် ပြည့်​စုံ​ခြင်း​သို့​မ​ရောက်​မီ၊ ခ​ဏ​ငြိမ်​သက်​စွာ နေ​ရ​ကြ​ဦး​မည်​ဟု သူ​တို့​အား​မိန့်​တော်​မူ၏။

အ​ချို့​တို့​က​လည်း၊ ထို​လူ​ထွက်​လာ​သည်​ကို မြင်​သ​လော။ ဣ​သ​ရေ​လ​အ​မျိုး​ကို​ကြိမ်း​ပ​လျက် ထွက်​လာ​ပါ​သည်​တ​ကား။ သူ့​ကို သတ်​သော​သူ​အား ရှင်​ဘု​ရင်​သည် ကြီး​သော​စည်း​စိမ်​နှင့် ချီး​မြှောက်၍ သ​မီး​တော်​ကို​လည်း ပေး​စား​တော်​မူ​မည်။ ထို​သူ၏​အ​ဆွေ​အ​မျိုး​ကို​လည်း ဣ​သ​ရေ​လ​နိုင်​ငံ​တွင် မင်း​မှု လွှတ်​တော်​မူ​မည်​ဟု ပြော​ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ