Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 20:3

Judson Bible

အ​နှစ်​တစ်​ထောင် မ​ကုန်​မီ​တိုင်​အောင်၊ လူ​အ​မျိုး​မျိုး​တို့​ကို မ​လှည့်​ဖြား​ရ​မည်​အ​ကြောင်း၊ အ​နက်​ဆုံး​သော တွင်း​ထဲ​သို့ ချ​ပစ်​လှောင်​ထား၍ တံ​ဆိပ်​ခတ်​လေ၏။ အ​နှစ်​တစ်​ထောင်​ကုန်​ပြီး​မှ တစ်​ဖန် ခ​ဏ​လွှတ်​ရ​ဦး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ရှေ့​တော်၌ အ​နှစ်​တစ်​ထောင်​သည် လွန်​ပြီး​သော မ​နေ့​ကဲ့​သို့​လည်း​ကောင်း၊ ညဉ့်​ယံ​တစ်​ယံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ၏။

ကျောက်​ပြား​ကို​လည်း ယူ​ခဲ့၍ တွင်း​ဝ​ကို ပိတ်​ပြီး​လျှင်၊ ဒံ​ယေ​လ​အ​မှု၌ စီ​ရင်​ချက်​ကို မ​တိုး​မ​လျော့ စေ​ခြင်း​ငှာ၊ ရှင်​ဘု​ရင်​တံ​ဆိပ်​နှင့် မှူး​မတ်​တို့​တံ​ဆိပ်​ကို ခတ်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်၏​အ​ယောင်​ကို ဆောင်​သော​သူ​နှင့် မိ​စ္ဆာ​ပ​ရော​ဖက်​တို့​သည် ပေါ်​လာ၍ ရွေး​ချယ်​သော​သူ​တို့​ကို​ပင် လှည့်​ဖြား​နိုင်​လျှင် လှည့်​ဖြား​လောက်​အောင် ကြီး​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​ကြ​လိမ့်​မည်။-

ထို​သူ​တို့​သည် သွား၍ ကျောက်​ကို တံ​ဆိပ်​ခတ်​ပြီး​လျှင် အ​စောင့်​ထား​လျက် သင်္ချိုင်း​တွင်း​တော်​ကို လုံ​ခြုံ​စွာ​ပြု​ကြ၏။

တ​ရား​စ​ကား​ကို လမ်း၌​ကြဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို ကြား​သည်​ရှိ​သော်၊ စာ​တန်​သည် ချက်​ချင်း​လာ၍ နှ​လုံး၌​ကြဲ​သော တ​ရား​စ​ကား​ကို နုတ်​ယူ​တတ်​သည်​ဟု ဆို​လို​သ​တည်း။-

အ​နက်​ဆုံး​သော အ​ရပ်​သို့​သွား​စေ​ခြင်း​ငှာ မ​နှင်​ပါ​မည်​အ​ကြောင်း တောင်း​ပန်​လေ၏။

မြွေ​သည် မိ​မိ​ပ​ရိ​ယာယ်​အား​ဖြင့် ဧ​ဝ​ကို​လှည့်​စား​သ​ကဲ့​သို့၊ သင်​တို့​သည် စိတ်​ဆွေး​မြေ့​ယို​ယွင်း၍၊ ခ​ရစ်​တော်​ကို အ​ကြွင်း​မဲ့​ချစ်​သော​စိတ် ပျောက်​မည်​ဟု စိုး​ရိမ်​ခြင်း​ရှိ၏။-

ချစ်​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​မှာ ကာ​လ​တစ်​ရက်​သည်၊ အ​နှစ်​တစ်​ထောင်​ကဲ့​သို့​လည်း​ကောင်း၊ အ​နှစ်​တစ်​ထောင်​သည် တစ်​ရက်​ကဲ့​သို့ လည်း​ကောင်း​ဖြစ်​သည် အ​ရာ​တစ်​ခု​ကို မ​မေ့​လျော့​ကြ​နှင့်။-

ပ​ထ​မ​သား​ရဲ​ရှေ့၌ ပြ​ပိုင်​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​အား​ဖြင့် မြေ​ကြီး​သား​တို့​ကို လှည့်​ဖြား၏။ ဓား​နှင့် ခုတ်​သော​ဒဏ်​ချက်​ကို ခံ​ရ၍ အ​သက်​ရှင်​သေး​သော သား​ရဲ၏ ရုပ်​တု​ကို လုပ်​စေ​ခြင်း​ငှာ မြေ​ကြီး​သား​တို့​ကို မှာ​ထား၏။-

လော​ကီ​ရှင်​ဘု​ရင်​တို့​သည် မ​တ​ရား​သော မေ​ထုန်​ကို သူ​နှင့်​ပြု​ကြ​ပြီ။ မြေ​ကြီး​သား​တို့​သည် သူ၏ မ​တ​ရား​သော​မေ​ထုန်၏ စ​ပျစ်​ရည်​နှင့် ယစ်​မူး​ကြ​ပြီ​ဟု ပြော​ဆို​လျက်၊-

ယ​ခု​မြင်​သော သား​ရဲ​သည် ဖြစ်​ဖူး​ပြီ၊ ဖြစ်​ဆဲ​မ​ရှိ၊ အ​နက်​ဆုံး​သော တွင်း​ထဲ​က​တက်၍ ဖျက်​ဆီး​ခြင်း​သို့ ရောက်​လိမ့်​မည်။ က​မ္ဘာ​ဦး​က​ပင် အ​သက်​စာ​စောင်၌ စာ​ရင်း​မ​ဝင်​သော မြေ​ကြီး​သား​တို့​သည် ဖြစ်​ဖူး၍၊ ဖြစ်​ဆဲ​မ​ရှိ၊ ဖြစ်​လ​တ္တံ့​သော​သား​ရဲ​ကို မြင်​ရ​သော​အ​ခါ၊ အံ့​ဩ​ကြ​လိမ့်​မည်။-

တစ်​ဖန် ကောင်း​ကင်​တ​မန်​သည် အ​နက်​ဆုံး​သော​တွင်း၏ သော့​နှင့် သံ​ကြိုး​ကြီး​ကို​ကိုင်​လျက် ကောင်း​ကင်​က ဆင်း​သက်​သည်​ကို ငါ​မြင်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ