Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 18:2

Judson Bible

သူ​သည် ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်၍၊ ဗာ​ဗု​လုန်​မြို့​ကြီး ပြို​လဲ​ပြီ။ ပြို​လဲ​ပြီ။ နတ်​ဆိုး​နေ​ရာ ဖြစ်​လေ​ပြီ။ ညစ်​ညူး​သော ဝိ​ညာဉ်​မျိုး၏​တွင်း ဖြစ်​လေ​ပြီ။ ညစ်​ညူး၍ စက်​ဆုပ်​ဖွယ်​သော ငှက်​မျိုး၏ မှီ​ခို​ရာ​ဖြစ်​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​လည်း၊ ငါ​သည် ထို​မြို့​ကို ဖြူ​ကောင်​များ​နေ​ရာ၊ ရေ​လွှမ်း​မိုး​ရာ​အ​ရပ်​ဖြစ်​စေ​မည်။ ဖျက်​ဆီး​ခြင်း၏ တံ​မြက်​စည်း​ဖြင့်​လှည်း​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ထို​ကြောင့်၊ သင်​သည် ပ​ရော​ဖက်​ပြု​လျက် သူ​တို့​အား ဟော​ပြော​ရ​သော​စ​ကား​များ ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မြင့်​သော​အ​ရပ်​က ကြွေး​ကြော်​တော်​မူ​မည်။ သန့်​ရှင်း​သော ဘုံ​ဗိ​မာန်​တော်​က အ​သံ​ကို လွှင့်​တော်​မူ​မည်။ ကျိန်း​ဝပ်​တော်​မူ​ရာ အ​ရပ်​ဌာ​န တစ်​ဖက်၌ ပြင်း​စွာ ကြွေး​ကြော်​တော်​မူ​မည်။ စ​ပျစ်​သီး​ကို နင်း​နယ်​သော​သူ​များ အော်​ဟစ်​သ​ကဲ့​သို့၊ မြေ​ကြီး​သား​များ တစ်​ဖက်၌ အော်​ဟစ်​တော်​မူ​မည်။

ဗာ​ဗု​လုန်​မြို့​သည် အ​မှိုက်​ပုံ၊ မြေ​ခွေး​နေ​ရာ​တွင်း၊ အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ပြု​ရာ၊ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။

ဗာ​ဗု​လုန်​မြို့​သည် ချက်​ချင်း​ပြို​လဲ၍ ပျက်​စီး​ပြီ။ သူ၏​အ​တွက်​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ သူ၏​အ​နာ​ပျောက်​နိုင်​လျှင်၊ ပျောက်​စေ​ခြင်း​ငှာ ဗာ​လ​စံ​စေး​ကို ယူ​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဇိ​အုန်​တောင်​ပေါ်​က ကြွေး​ကြော်၍၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က အ​သံ​ကို​လွှင့်​တော်​မူ​သ​ဖြင့်၊ မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​သည် တုန်​လှုပ်​လိမ့်​မည်။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့၏​ခို​လှုံ​ရာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ​လိမ့်​မည်။

မြို့​အ​လယ်၌ သိုး​စု​များ​နှင့် တစ်​ပါး​အ​မျိုး သား​ရဲ​အ​ပေါင်း​တို့​သည် အိပ်​ကြ​လိမ့်​မည်။ ဝံ​ပို​နှင့်​ဖြူ​တို့​သည် တံ​ခါး​ထုပ်၌ နေ​ရာ​ကျ၍ ပြ​တင်း​ပေါက်၌ မြည်​ကြ​လိမ့်​မည်။ တံ​ခါး​ခုံ​တို့​သည် လူ​ဆိတ်​ညံ​လျက်၊ အာ​ရဇ်​သစ်​သား၌ အ​ပြောက်​ပယ်​ရှင်း​လျက် ရှိ​လိမ့်​မည်။

ခြေ​တော်​သည်​လည်း မီး၌​ချွတ်​ပြီး​သော ကြေး​ဝါ​စစ်​နှင့်​တူ၏။ အ​သံ​တော်​သည်​လည်း သ​မု​ဒ္ဒ​ရာ​သံ​ကဲ့​သို့ ဖြစ်၏။-

ခြင်္သေ့​ဟောက်​သ​ကဲ့​သို့ ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​လေ၏။ ကြွေး​ကြော်​ပြီး​မှ မိုး​ကြိုး​သံ ခု​နစ်​ချက်​မြည်​လေ၏။-

သူ​တို့​သ​ခင်​သည် လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော သော​ဒုံ​ဟူ၍​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ဟူ၍​လည်း​ကောင်း အ​တွင်း​အ​နက်​အား​ဖြင့် ခေါ်​ဝေါ်​သော မြို့​ကြီး၏​လမ်း၌ အ​လောင်း​ကောင်​တို့​သည် နေ​ရစ်​ကြ​လိမ့်​မည်။-

ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ဗိ​မာန်​တော်​ထဲ​က ထွက်၍၊ ကိုယ်​တော်၏​တံ​စဉ်​ကို​လွှတ်၍ စ​ပါး​ကို ရိတ်​တော်​မူ​ပါ။ ရိတ်​ရ​သော​အ​ချိန် ရောက်​ပါ​ပြီ။ မြေ​ကြီး၌ ရိတ်​စ​ရာ​စ​ပါး မှည့်​ပါ​ပြီ​ဟု မိုး​တိမ်​ပေါ်​မှာ ထိုင်​သော​သူ​ကို ကြီး​သော​အ​သံ​နှင့် ဟစ်​လေ၏။-

ကောင်း​ကင်​တ​မန်​တစ်​ပါး​က​လည်း၊ ဗာ​ဗု​လုန်​မြို့​ကြီး ပြို​လဲ​ပြီ။ မိ​မိ​မ​တ​ရား​သော မေ​ထုန်၏ အ​ဆိပ်​အ​တောက်​တည်း​ဟူ​သော စ​ပျစ်​ရည်​ကို လူ​မျိုး​အ​ပေါင်း​တို့​အား တိုက်​လေ​ပြီး​သော ဗာ​ဗု​လုန်​မြို့​ကြီး ပြို​လဲ​ပြီ​ဟု လိုက်၍​ပြော​ဆို၏။-

ထို​အ​ခါ၊ န​ဂါး၏ ခံ​တွင်း​ထဲ​က​လည်း​ကောင်း၊ သား​ရဲ၏ ခံ​တွင်း​ထဲ​က​လည်း​ကောင်း၊ မိ​စ္ဆာ​ပ​ရော​ဖက်၏ ခံ​တွင်း​ထဲ​က​လည်း​ကောင်း၊ ဖား​ကောင်​ကဲ့​သို့ ညစ်​ညူး​သော ဝိ​ညာဉ်​သုံး​ပါး​ထွက်​သည်​ကို ငါ​မြင်၏။-

မြို့​ကြီး​သည် သုံး​ဖြာ​ကွဲ​ပြား၍ လူ​အ​မျိုး​မျိုး​နေ​သော မြို့​တို့​သည် ပြို​လဲ​ကြ၏။ ဘု​ရား​သ​ခင်​သည် ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​တော်၏ စ​ပျစ်​ရည်​ဖ​လား​ကို တိုက်​ခြင်း​ငှာ ဗာ​ဗု​လုန်​မြို့​ကြီး​ကို အောက်​မေ့​တော်​မူ၏။ ကျွန်း​ရှိ​သ​မျှ​တို့​သည် လွင့်​ပြေး​ကြ၏။ တောင်​များ​တို့​သည် ကွယ်​ပျောက်​ကြ၏။-

ယ​ခု​မြင်​သော မိန်း​မ​သည်​လည်း၊ လော​ကီ​ရှင်​ဘု​ရင်​တို့​ကို အုပ်​စိုး​သော မြို့​ကြီး​ဖြစ်​သ​တည်း​ဟု ကောင်း​ကင်​တ​မန် ပြော​ဆို၏။

န​ဖူး၌ အ​က္ခ​ရာ​တင်​သော ဘွဲ့​မူ​ကား၊ နက်​နဲ​သော​အ​ရာ၊ ဗာ​ဗု​လုန်​မြို့​ကြီး၊ ပြည့်​တန်​ဆာ​တို့၏ အ​မိ၊ မြေ၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​ရာ​တို့၏​အ​မိ ပေ​တည်း။-

သူ​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ဝေ​ဒ​နာ​ကို ကြောက်၍ အ​ဝေး​က​ရပ်​လျက်၊ ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း။ ဗာ​ဗု​လုန်​မြို့​ကြီး၊ မြို့​စွမ်း၊ သင်​သည် တစ်​နာ​ရီ​ချင်း​တွင် အ​ပြစ်​စီ​ရင်​ခြင်း​သို့ ရောက်​ပါ​ပြီ​တ​ကား​ဟူ၍ သူ့​ကြောင့် ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-

ခွန်​အား​ကြီး​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကြီး​စွာ​သော ကြိတ်​ဆုံ​ကျောက်​ကဲ့​သို့​သော ကျောက်​ကို ချီ​ယူ၍ ပင်​လယ်​ထဲ​သို့ ချ​ပစ်​ပြီး​လျှင် ထို​နည်း​တူ၊ ဗာ​ဗု​လုန်​မြို့​ကြီး​ကို ပြင်း​ထန်​စွာ ချ​ပစ်၍ နောက်​တစ်​ဖန် မ​ပေါ်​မ​ရှိ​ရ။-

အား​ကြီး​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​က၊ ထို​စာ​စောင်​ကို​ဖွင့်၍ တံ​ဆိပ်​တို့​ကို​ခွာ​ခြင်း​ငှာ အ​ဘယ်​သူ​ထိုက် သ​နည်း​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​လျက်​ရှိ​သည်​ကို ငါ​မြင်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ