Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 16:10

Judson Bible

ပ​ဥ္စ​မ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို သား​ရဲ၏ ပ​လ္လင်​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ သူ၏​နိုင်​ငံ​သည် မှောင်​မိုက်​အ​တိ ဖြစ်​လေ၏။ နိုင်​ငံ​သား​တို့​သည် ပင်​ပန်း​အား​ကြီး​သည်​နှင့် မိ​မိ​တို့​လျှာ​ကို ကိုက်​ခဲ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

အ​မျက်​တော်​အ​ရှိန်​အား​ဖြင့် သူ​တို့၌ ဆိုး​သော​တ​မန်​တို့​ကို​စေ​လွှတ်၍ လွှမ်း​မိုး​ခြင်း၊ ဒဏ်​ခတ်​ခြင်း၊ နှောင့်​ယှက်​ခြင်း​အ​မှု​ကို ဖြစ်​စေ​တော်​မူ၏။

ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ မီး​ဖို၌​ချ​ကြ​လ​တ္တံ့။-

ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ မီး​ဖို၌ ချ​ကြ​လ​တ္တံ့။

ထို​အ​ခါ မင်း​ကြီး​သည် အ​ခြံ​အ​ရံ​တို့​အား ထို​သူ၏​လက်​ခြေ​ကို တုပ်​နှောင်​လော့။ ငို​ကြွေး​ခြင်း အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ၊ ပြင်​အ​ရပ် မှောင်​မိုက်​ထဲ​သို့ ယူ​သွား​ချ​လိုက်​ကြ​ဟု အ​မိန့်​တော်​ရှိ၏။-

ထို​ကျွန်​ကို ပြင်း​ပြ​စွာ ကွပ်​မျက်​ဆုံး​မ၍၊ ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ​အ​ရပ်၌ လျှို့​ဝှက်​သော သူ​တို့​နှင့်​တ​ကွ နေ​ရာ​ချ​လ​တ္တံ့။

နိုင်​ငံ​တော်​သား​တို့​သည်​လည်း ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ၊ ပြင်​အ​ရပ်​မှောင်​မိုက်​ထဲ​သို့ နှင်​ချ​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့​ဟု နောက်​တော်​သို့ လိုက်​သော​သူ​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊-

ထို​အ​ခါ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ​သော ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ထဲ​သို့ ဝင်၍၊ သင်​တို့​သည် ပြင်​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သော​အ​ခါ ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း ရှိ​လ​တ္တံ့။-

ခပ်​သိမ်း​သော​သူ​တို့​ကို ရို​သေ​ကြ​လော့။ ညီ​အစ်​ကို​များ​ကို ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ခြင်း၊ ရှင်​ဘု​ရင်​ကို ရို​သေ​ခြင်း ရှိ​ကြ​လော့။

မြေ​ကြီး​ပေါ်​မှာ​နေ​သော သူ​တို့​သည် ထို​အ​လောင်း​ကောင်​တို့​ကို မြင်​သော​အ​ခါ၊ ဝမ်း​မြောက်၍ ပျော်​မွေ့​ခြင်း​ကို ပြု​ကြ​လိမ့်​မည်။ တစ်​ယောက်​ကို​တစ်​ယောက် လက်​ဆောင်​ပေး​လိုက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ထက်​က ထို​ပ​ရော​ဖက်​နှစ်​ပါး​တို့​သည် မြေ​ကြီး​ပေါ်​မှာ နေ​သော​သူ​တို့​ကို ပြင်း​စွာ နှောင့်​ယှက်​ညှဥ်း​ဆဲ​ကြ​သည်​ဟု ငါ့​အား ပြော​ဆို​လေ၏။-

ဗိ​မာန်​တော်​တံ​တိုင်း​ကို မ​တိုင်း​နှင့်၊ ပယ်​ထား​လော့။ တစ်​ပါး​အ​မျိုး​သား​တို့၌ အပ်​ပေး​ပြီ။ သူ​တို့​သည် သန့်​ရှင်း​သော မြို့​တော်​ကို၊ လ လေး​ဆယ်​နှစ်​လ​ပတ်​လုံး နင်း​ကြ​လိမ့်​မည်။-

သူ​တို့​သ​ခင်​သည် လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော သော​ဒုံ​ဟူ၍​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ဟူ၍​လည်း​ကောင်း အ​တွင်း​အ​နက်​အား​ဖြင့် ခေါ်​ဝေါ်​သော မြို့​ကြီး၏​လမ်း၌ အ​လောင်း​ကောင်​တို့​သည် နေ​ရစ်​ကြ​လိမ့်​မည်။-

သူ၏​ကိုယ်​ကို​လည်း မီး​ရှို့​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ နှုတ်​က​ပတ်​တော် မ​ပြည့်​စုံ​မီ​တိုင်​အောင် သ​ဘော​တူ၍ မိ​မိ​တို့​နိုင်​ငံ​များ​ကို သား​ရဲ၌ အပ်​ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့၌ အ​ကြံ​ပေး​တော်​မူ၏။-

ဤ​အ​ရာ၌ ပ​ညာ​နှင့်​ပြည့်​စုံ​သော ဉာဏ်​ရှိ၏။ ခေါင်း​ခု​နစ်​လုံး​ကား၊ မိန်း​မ​ထိုင်​သော တောင်​ခု​နစ်​လုံး ဖြစ်၏။-

သူ​သည် ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်၍၊ ဗာ​ဗု​လုန်​မြို့​ကြီး ပြို​လဲ​ပြီ။ ပြို​လဲ​ပြီ။ နတ်​ဆိုး​နေ​ရာ ဖြစ်​လေ​ပြီ။ ညစ်​ညူး​သော ဝိ​ညာဉ်​မျိုး၏​တွင်း ဖြစ်​လေ​ပြီ။ ညစ်​ညူး၍ စက်​ဆုပ်​ဖွယ်​သော ငှက်​မျိုး၏ မှီ​ခို​ရာ​ဖြစ်​လေ​ပြီ။-

ခွန်​အား​ကြီး​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကြီး​စွာ​သော ကြိတ်​ဆုံ​ကျောက်​ကဲ့​သို့​သော ကျောက်​ကို ချီ​ယူ၍ ပင်​လယ်​ထဲ​သို့ ချ​ပစ်​ပြီး​လျှင် ထို​နည်း​တူ၊ ဗာ​ဗု​လုန်​မြို့​ကြီး​ကို ပြင်း​ထန်​စွာ ချ​ပစ်၍ နောက်​တစ်​ဖန် မ​ပေါ်​မ​ရှိ​ရ။-

ဆီ​မီး​အ​လင်း​လည်း သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​ထွန်း​မ​လင်း​ရ။ မင်္ဂ​လာ​ဆောင် သ​တို့​သား​သ​တို့​သ​မီး အ​သံ​ကို​လည်း သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​ကြား​ရ။ အ​ကြောင်း​မူ​ကား၊ လော​ကီ​မှူး​မတ်​တို့​သည် သင်၏ ကုန်​သည်​ဖြစ်​ကြ​ပြီ။ လူ​အ​မျိုး​မျိုး​တို့​သည် သင်၏ ပြု​စား​ခြင်း ပ​ရိ​ယာယ်​အား​ဖြင့် လှည့်​ဖြား​ခြင်း​ကို ခံ​ရ​ကြ​ပြီ​ဟု ကောင်း​ကင်​တ​မန် ပြော​ဆို၏။-

စ​တု​တ္ထ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ နေ​သုံး​စု​တစ်​စု၊ လ​သုံး​စု​တစ်​စု၊ ကြယ်​သုံး​စု​တစ်​စု​ကြတ်၍ သုံး​စု​တစ်​စု မိုက်​လေ၏။ နေ့​သုံး​စု​တစ်​စု၊ ည​သုံး​စု​တစ်​စု​သည် အ​လင်း​မ​ရှိ၊-

သူ​သည် အ​နက်​ဆုံး​သော​တွင်း​ကို ဖွင့်​လျှင်၊ ကြီး​စွာ​သော မီး​ဖို၏​အ​ခိုး​ကဲ့​သို့​သော အ​ခိုး​သည် တွင်း​ထဲ​က တက်​လေ၏။ ထို​တွင်း၏ မီး​ခိုး​ကြောင့်၊ နေ​နှင့် အာ​ကာ​သ​ကောင်း​ကင်​သည် မှောင်​မိုက်​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ