Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 15:3

Judson Bible

ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ကျွန်​မော​ရှေ၏ သီ​ချင်း​နှင့် သိုး​သ​ငယ်၏​သီ​ချင်း​ကို သီ၍၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ အ​ပြု​အ​မူ​တို့​သည် ကောင်း​မြတ်၍ အံ့​ဩ​ဖွယ်​ဖြစ်​ကြ​ပါ၏။ လူ​မျိုး​တို့၏​ဘု​ရင်၊ ကိုယ်​တော်၏ အ​ကျင့်​ဓ​လေ့​တို့​သည် ဖြောင့်​မတ်​ဟုတ်​မှန်​ကြ​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

49 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်၊ အာ​ဗြံ​သည် အ​သက်​ကိုး​ဆယ်​ကိုး​နှစ်​ရှိ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​အား​ထင်​ရှား​တော်​မူ၍၊ ငါ​သည် အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ့​ရှေ့​မှာ​သွား​လာ၍ စုံ​လင်​ခြင်း​ရှိ​လော့။

အာ​ရုန်​နှင့် သူ၏​သား​စဉ်​မြေး​ဆက် မူ​ကား၊ ယဇ်​ကောင်​ကို မီး​ရှို့​ရာ​ပ​လ္လင်​နှင့်၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​လျက်၊ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် အ​မှု​အ​လုံး​စုံ​ကို စောင့်​လျက်၊ ဘု​ရား​သ​ခင်၏​ကျွန်​မော​ရှေ မှာ​ထား​သ​မျှ​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​ကို ဖြေ​ရ​သော​သူ ဖြစ်​ကြ၏။

တစ်​ဖန် ရှင်​ဘု​ရင်​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​ယော​ယ​ဒ​ကို​ခေါ်၍၊ သက်​သေ​ခံ​တော်​မူ​ချက် တဲ​တော်​အ​ဖို့၊ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​နှင့် စည်း​ဝေး​ရာ ဣ​သ​ရေ​လ ပ​ရိသတ်​ပြု​သည်​နည်း​တူ၊ လေ​ဝိ​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​အ​ရပ်​ရပ်​တို့​မှ ငွေ​ကို​ခံ​ယူ၍ ဆောင်​ခဲ့​မည်​အ​ကြောင်း၊ အ​ဘယ်​ကြောင့် မ​မှာ​ထား​ဘဲ​နေ​သ​နည်း​ဟု မေး​တော်​မူ၏။

သန့်​ရှင်း​သော ဥ​ပုသ်​နေ့​ရက်​တော်​ကို ဖော်​ပြ၍၊ ကိုယ်​တော်​ကျွန် မော​ရှေ​အား​ဖြင့် နည်း​နာ​ဥ​ပ​ဒေ​သ ပ​ညတ်​တ​ရား​တို့​ကို​လည်း ထား​တော်​မူ၏။

လူ​တို့​သည် ချီး​မွမ်း​အပ်​သော​အ​မှု​တော်​ကို ချီး​မြှောက်​ခြင်း​ငှာ သ​တိ​ပြု​လော့။

ဘု​ရား​သ​ခင်​သည် ကြီး​သော​အ​မှု၊ စစ်၍ မ​ကုန်​နိုင်​သော​အ​မှု၊ ရေ​တွက်၍​မ​ဆုံး၊ အံ့​ဩ​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၏။ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​ရှိ၍၊ သ​စ္စာ​တော်​သည် ကာ​လ​အ​ဆက်​ဆက်​တည်​လေ​သ​တည်း။

စီ​ရင်​တော်​မူ​သော အံ့​ဩ​ဖွယ်​တို့​ကို​လည်း​ကောင်း၊ ထူး​ဆန်း​သော​အ​မှု​တော်​တို့​နှင့် နှုတ်​ထွက်​ပ​ညတ်​တို့​ကို​လည်း​ကောင်း အောက်​မေ့​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​တို့​သည် ကြီး​မြတ်​ကြ၏။ ကြည်​ညို​သော​သူ​တို့​သည် ထို​အ​မှု​တော်​တို့​ကို ရှာ​ဖွေ​လိုက်​စစ်​တတ်​ကြ၏။

လက်​တော်​နှင့်​ပြု​သော​အ​မှု​တို့​သည် သ​စ္စာ​နှင့်​လည်း​ကောင်း၊ တ​ရား​နှင့်​လည်း​ကောင်း ယှဉ်​ကြ၏။ ပ​ညတ်​တော်​အ​လုံး​စုံ​တို့​သည် ဖောက်​ပြန်​ခြင်း​သ​ဘော​နှင့် ကင်း​လွတ်​ကြ၏။

အ​ကျွန်ုပ်​သည် ကြောက်​မက်​ဖွယ်​သော လ​က္ခ​ဏာ၊ ထူး​ဆန်း​သော လ​က္ခ​ဏာ​တို့​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ ပြု​ပြင်​တော်​မူ​သော အ​မှု​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်၏ စိတ်​ဝိ​ညာဉ်​သည် အ​မှန်​သိ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား၏​လမ်း​ခ​ရီး​တော်​ရှိ​သ​မျှ​တို့​သည် ဖြောင့်​မတ်၍၊ ခပ်​သိမ်း​သော​အ​မှု​တော်​တို့​သည် သန့်​ရှင်း​ကြ​ပါ၏။

သူ​တို့​သည် ကြောက်​မက်​ဖွယ်​သော အ​မှု​တော်​တို့၌​ပါ​သော တန်​ခိုး​ကို​မြွက်​ဆို၍၊ အ​ကျွန်ုပ်​သည်​လည်း၊ ကြီး​မြတ်​တော်​မူ​ခြင်း အ​ကြောင်း​ကို ကြား​ပြော​ပါ​မည်။

ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သော​အ​မှု​သည် စုံ​လင်၏။ ထာ​ဝ​ရ​ဘု​ရား၏​သ​စ္စာ​တော်​သည် အ​စစ်​ခံ၍​တည်၏။ ခို​လှုံ​သော သူ​အ​ပေါင်း​တို့၏ အ​ကွယ်​အ​ကာ​ဖြစ်​တော်​မူ၏။

အဲ​ဂု​တ္တု​ပြည်၊ ဇော​န​အ​ရပ်​တွင် သူ​တို့​အ​ဘ​များ​မျက်​မှောက်၌ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ စီ​ရင်​တော်​မူ​သော​အ​မှု​တို့​သည် ကြီး​မား၍၊ အ​ကြံ​အ​စည်​တော်​လည်း အ​လွန်​နက်​လှ​ပါ၏။

တ​ရား​ကို​နှစ်​သက်​သော ရှင်​ဘု​ရင်၏​တန်​ခိုး​တော်​ကို ချီး​မွမ်း​ကြ​စေ။ ကိုယ်​တော်​သည် မှန်​သော​စီ​ရင်​ခြင်း​ကို တည်​စေ​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၌ တ​ရား​သ​ဖြင့်​ပြု၍၊ ဖြောင့်​မတ်​စွာ​ဆုံး​ဖြတ်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏ တ​ရား​သူ​ကြီး ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏ ပ​ညတ်​တ​ရား​ရှင် ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏ ရှင်​ဘု​ရင်​ဖြစ်၍၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။

သ​တင်း​ကြား​ပြော​ကြ​လော့။ လူ​များ​ကို အ​နီး​သို့​ခေါ်​ခဲ့၍ တိုင်​ပင်​ကြ​စေ။ ဤ​အ​မှု​ကို ရှေး​ကာ​လ​မှ​စ၍ အ​ဘယ်​သူ ဖော်​ပြ​သ​နည်း။ အ​ထက်​က အ​ဘယ်​သူ ဟော​ပြော​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား ဟော​ပြော​သည် မ​ဟုတ်​လော။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​မ​ရှိ။ ငါ​သည် ဖြောင့်​မတ်​သော​ဘု​ရား၊ ကယ်​တင်​သော​ဘု​ရား ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မ​ရှိ။

ရောက်​လျှင်၊ ငို​ကြွေး​သော​အ​သံ​နှင့် ဒံ​ယေ​လ​ကို​ခေါ်၍၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​ကျွန်​ဒံ​ယေ​လ၊ သင်​မ​ပြတ် ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် သင့်​ကို​ခြင်္သေ့​ဘေး​မှ ကယ်​လွှတ်​နိုင်​သ​လော​ဟု မေး​တော်​မူ၏။

အ​ကယ်​စင်​စစ် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို နား​မ​ထောင်၊ လွှဲ​သွား၍ ပ​ညတ်​တ​ရား​တော်​ကို လွန်​ကျူး​ကြ​ပါ​ပြီ။ သို့​ဖြစ်၍၊ ကိုယ်​တော်​ကို ပြစ်​မှား​သော​အ​ပြစ်​ကြောင့်၊ ကျိန်​ဆို​တော်​မူ​ခြင်း​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​ကျွန်​မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း၌ မှတ်​သား​သော​အ​ကျိန်​ကို အ​ကျွန်ုပ်​တို့ အ​ပေါ်​သို့ သွန်း​လောင်း​တော်​မူ၏။

အ​ဘယ်​သူ​သည် ပ​ညာ​ရှိ​သ​နည်း။ ထို​သူ​သည် ဤ​အ​ရာ​တို့​ကို နား​လည်​လိမ့်​မည်။ အ​ဘယ်​သူ​သည် ဉာဏ်​ကောင်း​သ​နည်း။ ထို​သူ​သည် ဤ​အ​ရာ​တို့​ကို သိ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​လမ်း​တော်​တို့​သည် ဖြောင့်​ကြ၏။ ဖြောင့်​မတ်​သော သူ​တို့​သည် လိုက်​ကြ​လိမ့်​မည်။ အ​ဓ​မ္မ​လူ​တို့​မူ​ကား၊ ထို​လမ်း​တို့၌ ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​ဟော​ရှေ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

ရှေး​ကာ​လ​မှ​စ၍ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ ယာ​ကုပ်၌ သ​စ္စာ​စောင့်​ခြင်း၊ အာ​ဗြ​ဟံ​အား က​ရု​ဏာ​ကျေး​ဇူး​ပြု​ခြင်း​ကို စီ​ရင်​တော်​မူ​လိမ့်​မည်။ ပ​ရော​ဖက်​မိ​က္ခာ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မြို့​အ​လယ်၌ တ​ရား​သ​ဖြင့် ပြု​တော်​မူ၏။ မ​တ​ရား​သော အ​မှု​ကို ပြု​တော်​မ​မူ။ နံ​နက်​အ​စဉ်​အ​တိုင်း မိ​မိ​ဖြောင့်​မတ်​ကြောင်း​ကို မ​ချွတ်​မ​ယွင်း ဖော်​ပြ​တော်​မူ၏။ သို့​သော်​လည်း၊ အ​ဓ​မ္မ​လူ​တို့​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ​ကြ။

အို ဇိ​အုန်​သ​တို့​သ​မီး၊ အ​လွန်​ဝမ်း​မြောက်​လော့။ အို ယေ​ရု​ရှ​လင်​မြို့​သ​တို့​သ​မီး၊ ကြွေး​ကြော်​ကြ​လော့။ တ​ရား​သ​ဖြင့် စီ​ရင်၍ ကယ်​တင်​ခြင်း​သို့​ရောက်​သော သ​ခင်၊ သင်၏​အ​ရှင်​မင်း​ကြီး​သည် မြည်း​မ​နှင့် မြည်း​က​လေး​ကို စီး၍ နူး​ညံ့​သိမ်​မွေ့​သော​စိတ်​နှင့် သင်​ရှိ​ရာ​သို့ ကြွ​လာ​တော်​မူ​သည်​ကို ကြည့်​ရှု​လော့။

အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​တော်​ကို မော​ရှေ​လက်​တွင် ပေး​တော်​မူ၏။ ကျေး​ဇူး​တ​ရား​နှင့် သ​စ္စာ​တ​ရား​မူ​ကား ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖြစ်​သ​တည်း။-

မော​ရှေ​သည် ဣ​သ​ရေ​လ​ပ​ရိ​သတ်​အ​ပေါင်း​တို့​အား အ​ကုန်​အ​စင်​မြွက်​ဆို​သော သီ​ချင်း​စ​ကား​ဟူ​မူ​ကား၊

ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ဖော်​ပြ​သည်​ဖြစ်၍၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ဘုန်း​အာ​နု​ဘော်​တော်​ကို ချီး​မွမ်း​ကြ​လော့။

ထို​သို့​ထာ၀​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထာ၀​ရ​ဘု​ရား၏​ကျွန် မော​ရှေ​သည် မော​ဘ​ပြည်၊ ထို​အ​ရပ်၌​အ​နိ​စ္စ​ရောက်၍၊

လော​က​ဓာတ်​တို့၏ ဘု​ရင်​တည်း​ဟူ​သော၊ ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့် ကင်း​လွတ်​တော်​မူ​ထ​သော၊ မျက်​မြင်​မ​ရ၊ အ​ရူ​ပ​ဖြစ်​တော်​မူ​ထ​သော၊ တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော်​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။

မော​ရှေ​သည်၊ နောက်​ဟော​ပြော​လ​တ္တံ့​သော အ​ရာ​တို့​ကို သက်​သေ​ခံ​ခြင်း​အ​လို​ငှာ၊ အ​စေ​ခံ​ကဲ့​သို့ အိမ်​တော်​တစ်​အိမ်​လုံး၌ သ​စ္စာ​စောင့်၏။-

သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​မှာ​ထား​သော ပ​ညတ်​တ​ရား​အ​တိုင်း ကျင့်၍၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်​ခြင်း၊ လမ်း​တော်​အ​လုံး​စုံ​တို့၌ လိုက်​သွား​ခြင်း၊ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ခြင်း၊ ကိုယ်​တော်၌ ဆည်း​ကပ်​ခြင်း၊ အ​မှု​တော်​ကို ဆောင်​ရွက်​ခြင်း​ငှာ​ကြိုး​စား၍ သ​တိ​ပြု​ကြ​လော့​ဟု​မှာ​ထား​လျက်၊

ငါ​သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း​ဖြစ်​၏​ဟု အ​န​န္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင် မိန့်​တော်​မူ၏။-

အ​န​န္တ​တန်​ခိုး​နှင့်​ပြည့်​စုံ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ မ​ဟာ​တန်​ခိုး​တော်​ကို ယူ​ဆောင်၍ စိုး​စံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​တို့​သည် ချီး​မွမ်း​ပါ၏။-

ပ​လ္လင်​တော်​ရှေ့၌​လည်း​ကောင်း၊ သ​တ္တ​ဝါ​လေး​ပါး​နှင့် အ​သက်​ကြီး​သူ​တို့ ရှေ့၌​လည်း​ကောင်း၊ သူ​တို့​သည် အ​သစ်​သော သီ​ချင်း​ကို ဆို​ကြ၏။ မြေ​ကြီး​မှ​ရွေး​နုတ်​သော​သူ တစ်​သိန်း​လေး​သောင်း​လေး​ထောင် မှ​တစ်​ပါး၊ အ​ဘယ်​သူ​မျှ ထို​သီ​ချင်း​ကို သင်၍​မ​ရ​နိုင်။-

ကောင်း​ကင်​တ​မန်​တစ်​ပါး​က​လည်း၊ ဗာ​ဗု​လုန်​မြို့​ကြီး ပြို​လဲ​ပြီ။ မိ​မိ​မ​တ​ရား​သော မေ​ထုန်၏ အ​ဆိပ်​အ​တောက်​တည်း​ဟူ​သော စ​ပျစ်​ရည်​ကို လူ​မျိုး​အ​ပေါင်း​တို့​အား တိုက်​လေ​ပြီး​သော ဗာ​ဗု​လုန်​မြို့​ကြီး ပြို​လဲ​ပြီ​ဟု လိုက်၍​ပြော​ဆို၏။-

သူ​တို့​သည် သိုး​သ​ငယ်​ကို စစ်​တိုက်၍ သိုး​သ​ငယ်​သည် နိုင်​တော်​မူ​မည်။ အ​ကြောင်း​မူ​ကား၊ သိုး​သ​ငယ်​သည် သ​ခင်​တို့၏​သ​ခင်၊ ဘု​ရင်​တို့၏​ဘု​ရင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​နှင့် အ​တူ​ရှိ​သော သူ​တို့​သည်​လည်း ခေါ်​တော်​မူ​သော​သူ၊ ရွေး​ချယ်​တော်​မူ​သော​သူ၊ သ​စ္စာ​ရှိ​သော​သူ ဖြစ်​ကြ၏။-

ဘု​ရင်​တို့၏​ဘု​ရင်၊ သ​ခင်​တို့၏​သ​ခင်​ဟု ဘွဲ့​နာ​မ​တော်​သည် အ​ဝတ်​တော်၌​လည်း​ကောင်း၊ ပေါင်​တော်၌​လည်း​ကောင်း ရေး​ထား​လျက်​ရှိ၏။

စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​တို့​သည် ဟုတ်​မှန် ဖြောင့်​မတ်​ကြ၏။ မိ​မိ​မ​တ​ရား​သော မေ​ထုန်​အား​ဖြင့် မြေ​ကြီး​ကို ပုပ်​ပျက်​စေ​သော ပြည့်​တန်​ဆာ​ကြီး​ကို စစ်​ကြော​စီ​ရင်​တော်​မူ​ပြီ။ ကိုယ်​တော်​ကျွန်​တို့၏ အ​သွေး​ကို သူ၏ လက်​ဖြင့်​သွန်း​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​သည်​ကို ငါ​ကြား၏။-

ထို​သ​တ္တ​ဝါ​လေး​ပါး​တို့၏ ကိုယ်​ပတ်​ဝန်း​ကျင်၌၊ တစ်​ပါး​တစ်​ပါး​လျှင် အ​တောင်​ခြောက်​ခု​စီ​ရှိ၍၊ အ​တွင်း၌ မျက်​စိ​နှင့်​ပြည့်​ကြ၏။ သူ​တို့​က​လည်း၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​တော်​မူ၏၊ သန့်​ရှင်း​တော်​မူ၏၊ သန့်​ရှင်း​တော်​မူ၏​ဟု နေ့​ည​မ​ပြတ် ငြိမ်၍​မ​နေ​ဘဲ ပြော​ဆို​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ