ဗျာဒိတ် 13:5Judson Bibleထိုသားရဲသည်လည်း ကြီးစွာသော စကားကိုလည်းကောင်း၊ ဘုရားသခင်ကို ပြစ်မှားသော စကားကိုလည်းကောင်း၊ ပြောတတ်သောနှုတ်နှင့် ပြည့်စုံ၍၊ လလေးဆယ်နှစ်လပတ်လုံး စီရင်ရသောအခွင့်ကိုရ၏။- အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်တစ်ပါးသည် မိမိအလိုအလျောက်ပြု၍၊ ဘုရားအပေါင်းတို့ထက် ကိုယ်ကိုကိုယ် ချီးပင့်မြှောက်စားလျက်၊ ဘုရားတို့၏ဘုရားကို ဆန့်ကျင်ဘက်ပြု၍ အံ့ဖွယ်သောစကားကို ပြောလိမ့်မည်။ ဒေါသအမျက် စေ့စုံသည် ကာလတိုင်အောင် ကောင်းစားလိမ့်မည်။ စီရင်ဆုံးဖြတ်သမျှအတိုင်း ဖြစ်ရလိမ့်မည်။
သူ၏ခေါင်း၌ရှိသော ချိုဆယ်ချောင်းကား၊ အဘယ်သို့ ဆိုလိုသည်ကိုလည်းကောင်း၊ နောက်ပေါက်၍ အရင်ချို သုံးချောင်းကိုနုတ်၍၊ ကြီးစွာသောစကားကို ပြောတတ်သောနှုတ်နှင့် မျက်စိရှိသဖြင့်၊ မိမိအဖော်တို့ထက်သာ၍ ရဲရင့်သော မျက်နှာအဆင်းရှိသော ချိုတစ်ချောင်းကား၊ အဘယ်သို့ဆိုလိုသည်ကိုလည်းကောင်း သိခြင်းငှာ ငါအလိုရှိ၏။
အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှာ ကြံစည်လိမ့်မည်။ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။
ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ်၌ ချိုငယ်တစ်ချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်လည်းကောင်း၊ ကြီးစွာသော စကားကို ပြောတတ်သော နှုတ်နှင့်လည်းကောင်း ပြည့်စုံ၏။