Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 12:7

Judson Bible

ကောင်း​ကင်၌ စစ်​ဖြစ်၏။ မိ​က္ခေ​လ​နှင့် သူ၏ ကောင်း​ကင်​တ​မန်​တို့​သည် န​ဂါး​ကို စစ်​တိုက်​ကြ၏။ န​ဂါး​နှင့် သူ၏​တ​မန်​တို့​သည် စစ်​တိုက်၍ မ​နိုင်​ကြ။ ကောင်း​ကင်၌​လည်း သူ​တို့​နေ​စ​ရာ​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

အ​မျက်​တော်​အ​ရှိန်​အား​ဖြင့် သူ​တို့၌ ဆိုး​သော​တ​မန်​တို့​ကို​စေ​လွှတ်၍ လွှမ်း​မိုး​ခြင်း၊ ဒဏ်​ခတ်​ခြင်း၊ နှောင့်​ယှက်​ခြင်း​အ​မှု​ကို ဖြစ်​စေ​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ငါ့​ဓား​သည် မိုး​ကောင်း​ကင်၌ ရောင့်​ရဲ​ပြီး​မှ၊ တစ်​ဖန် ဧ​ဒုံ​ပြည်​အ​ပေါ်​မှာ​လည်း​ကောင်း၊ ငါ​ကျိန်​သော​လူ​များ​တို့ အ​ပေါ်​မှာ​လည်း​ကောင်း၊ ဒဏ်​ပေး​ခြင်း​ငှာ ရောက်​လိမ့်​မည်။

ကြည့်​ရှု​လော့။ ထို​သူ​ကို ဥ​ပ​ဇ္ဈာယ်​ဆ​ရာ ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စီ​ရင်​အုပ်​စိုး​သော အ​ရှင်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​မျိုး​တို့​အား ငါ​ပေး​ပြီ။

ပေ​ရ​သိ​နိုင်​ငံ​ကို အ​စိုး​ရ​သော​မင်း​မူ​ကား၊ အ​ရက်​နှစ်​ဆယ်​တစ်​ရက်​ပတ်​လုံး ငါ့​ကို​ဆီး​တား၏။ နောက်​တစ်​ခါ အ​မြတ်​ဆုံး​သော မင်း​စု​ထဲ​က မိ​က္ခေ​လ​သည် ငါ့​ကို​အ​ကူ​လာ၍၊ ငါ​သည်​လည်း ထို​အ​ရပ်၌ ပေ​ရ​သိ​မင်း​ကြီး​တို့​ထံ​မှာ ဆိုင်း​လင့်၍ နေ​ရ၏။

သို့​ရာ​တွင် သ​မ္မာ​ကျမ်း​စာ၌​မှတ်​သား​သော အ​မှု​အ​ရာ​ကို ငါ​ပြ​ဦး​မည်။ ဤ​အ​မှု​တို့​တွင် သင်​တို့၏​မင်း​မိ​က္ခေ​လ​မှ​တစ်​ပါး ငါ့​ဘက်​မှာ​နေ​သော​သူ မ​ရှိ။

ထို​ကာ​လ၌ သင့်​အ​မျိုး​သား​ချင်း​တို့၏​အ​မှု​ကို စောင့်​သော အ​ရှင်​ကြီး​မိ​က္ခေ​လ​သည် ပေါ်​လာ​လိမ့်​မည်။ လူ​မျိုး​တစ်​စုံ​တစ်​မျိုး​မျှ ဖြစ်​သည်​ကာ​လ​မှ​စ၍ ထို​ကာ​လ​တိုင်​အောင်၊ မ​ဖြစ်​စ​ဖူး​သော ဆင်း​ရဲ​ဒု​က္ခ​ကပ်​ကာ​လ​သည် ရောက်​လိမ့်​မည်။ ထို​ကာ​လ​အ​ခါ စာ​စောင်၌ စာ​ရင်း​ဝင်​သ​မျှ​သော သင်၏​အ​မျိုး​သား​ချင်း​တို့​သည် ကယ်​လွှတ်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

လူ​သား​သည် မိ​မိ​ကောင်း​ကင်​တ​မန်​တို့​ကို စေ​လွှတ်​ပြီး​လျှင်၊ မှား​ယွင်း​စေ​သော​သူ​တို့​နှင့် မ​တ​ရား​သော အ​မှု​ကို​ပြု​သော​သူ ရှိ​သ​မျှ​တို့​ကို နိုင်​ငံ​တော်​ထဲ​က ရွေး​နုတ်၍၊-

လူ​သား​သည် မိ​မိ​အ​ဘ​ခ​မည်း​တော်၏ ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ ကောင်း​ကင်​တ​မန် အ​ခြံ​အ​ရံ​တို့​နှင့် ကြွ​လာ​တော်​မူ​လ​တ္တံ့။ ထို​အ​ခါ သူ​အ​သီး​အ​သီး ကျင့်​သော​အ​ကျင့်​နှင့် အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​လ​တ္တံ့။-

လူ​သား​သည် မိ​မိ​တ​မန်​တို့​ကို​စေ​လွှတ်၍ တံ​ပိုး​ခ​ရာ​ကို ပြင်း​စွာ​မှုတ်​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ရွေး​ချယ်​တော်​မူ​သော သူ​တို့​ကို အ​ရပ်​လေး​မျက်​နှာ၊ ကောင်း​ကင်​အောက်​ထက်​ဝန်း​ကျင်​တို့​မှ ခေါ်၍​စု​ရုံး​ကြ​လ​တ္တံ့။

ထို​အ​ခါ လက်​ဝဲ​တော်​ဘက်၌​ရှိ​သော​သူ​တို့​အား မင်း​ကြီး​က၊ ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​တို့၊ မာရ်​နတ်​နှင့် သူ၏​တ​မန်​တို့​အ​ဖို့ ပြင်​ဆင်​သော ထာ​ဝ​ရ​မီး​ထဲ​သို့ ငါ့​ထံ​မှ ခွာ​သွား​ကြ​လော့။-

ယ​ခု​ပင် ငါ့​အ​ဘ​ကို ငါ​တောင်း​နိုင်​သည်​ကို​လည်း​ကောင်း၊ တောင်း​လျှင် ကောင်း​ကင်​တ​မန်​တစ်​ဆယ်​နှစ်​တပ်​မ​က ငါ့​ထံ​သို့ စေ​လွှတ်​တော်​မူ​မည်​ကို​လည်း​ကောင်း၊ သင်​သည်​မ​ထင်​သ​လော။-

ငါ​ခံ​ရ​သော​ဗျာ​ဒိတ်​တော် အ​လွန်​ထူး​မြတ်၍ ငါ​သည် ထောင်​လွှား​သော​စိတ်​မ​ရှိ​စေ​ခြင်း​ငှာ၊ ငါ့​ကို ဒဏ်​ခတ်​သော စာ​တန်၏​တ​မန်​တည်း​ဟူ​သော ငါ့​ကိုယ်၌ စူး​သော​ဆူး​ကို ပေး​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် အ​သွေး​အ​သား​ရှိ​သော ရန်​သူ​တို့​နှင့် ဆိုင်​ပြိုင် တိုက်​လှန်​ရ​ကြ​သည်​မ​ဟုတ်။ အ​ထွတ်​အ​မြတ်​တို့​နှင့်​လည်း​ကောင်း၊ အာ​ဏာ​စက်​တို့​နှင့်​လည်း​ကောင်း၊ လော​ကီ​မှောင်​မိုက်၌ အ​စိုး​တ​ရ​ပြု​လုပ်​သော မင်း​တို့​နှင့်​လည်း​ကောင်း၊ မိုး​ကောင်း​ကင်၌​နေ​သော နတ်​ဆိုး​တို့​နှင့်​လည်း​ကောင်း ဆိုင်​ပြိုင်​တိုက်​လှန် ရ​ကြ၏။-

အ​ကြောင်း​မူ​ကား၊ များ​စွာ​သော သား​တို့​ကို​ကယ်​တင်၍၊ ဘုန်း​စည်း​စိမ်​စံ​စား​ရာ​သို့ ပို့​ဆောင်​သော​အ​ရှင်​သည်၊ ဒု​က္ခ​ဝေ​ဒ​နာ​အား​ဖြင့် စုံ​လင်​ခြင်း​သို့ ရောက်​ရ​မည်​အ​ကြောင်း၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း၍ အုပ်​စိုး​တော်​မူ​သော​ဘု​ရား​သည် စီ​ရင်​တော်​မူ​အပ်၏။

အ​ကြောင်း​မူ​ကား၊ ပြစ်​မှား​သော ကောင်း​ကင်​တ​မန်​တို့​ကို ဘု​ရား​သ​ခင်​သည် နှ​မြော​တော်​မ​မူ၊ င​ရဲ​ထဲ​သို့ ချ​လိုက်​ပြီး​မှ စစ်​ကြော​စီ​ရင်​ခြင်း​အ​လို့​ငှာ ချုပ်​ထား၍၊ မှောင်​မိုက်​သံ​ကြိုး​နှင့် ချည်​နှောင်​တော်​မူ၏။-

ကောင်း​ကင်​တ​မန် မင်း​မိ​က္ခေ​လ​မူ​ကား၊ မော​ရှေ၏ ကိုယ်​ကို အ​ကြောင်း​ပြု၍ မာရ်​နတ်​နှင့် ငြင်း​ခုံ​သော​အ​ခါ၊ ကဲ့​ရဲ့​စွာ​သော ပြစ်​တင်​ခြင်း​ကို​မ​ပြု​ဝံ့​ဘဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆုံး​မ​တော်​မူ​စေ​သ​တည်း​ဟူ၍ သာ​ပြော​ဆို၏။-

ထို​အ​ခါ ဤ​လော​က​တစ်​နိုင်​ငံ​လုံး​ကို လှည့်​ဖြား၍ မာရ်​နတ်​စာ​တန် အ​မည်​ရှိ​သော ရှေး​မြွေ​ဟောင်း​တည်း ဟူ​သော န​ဂါး​ကြီး​ကို​လည်း​ကောင်း၊ သူ​နှင့်​အ​တူ သူ၏​တ​မန်​တို့​ကို​လည်း​ကောင်း၊ မြေ​ကြီး​သို့ ချ​လိုက်​ကြ၏။-

သန့်​ရှင်း​သူ​တို့​ကို စစ်​တိုက်၍ နိုင်​ရ​သော​အ​ခွင့် ကို​ရ၏။ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့​ကို အုပ်​စိုး​ရ​သော အ​ခွင့်​ကို​လည်း​ရ၏။-

ရှေး​မြွေ​ဟောင်း၊ မာရ်​နတ်​စာ​တန်​တည်း​ဟူ​သော န​ဂါး​ကို ကိုင်​ဖမ်း၍၊ အ​နှစ်​တစ်​ထောင်​ဖို့ ချည်​နှောင်​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ