Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 11:4

Judson Bible

ထို​သူ​တို့​သည်​ကား၊ မြေ​ကြီး​အ​ရှင်၏ ရှေ့​တော်၌ စိုက်​ထား​သော သံ​လွင်​ပင်​နှစ်​ပင်​နှင့် မီး​ခွက်​နှစ်​လုံး ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဂိ​လဒ်​ပြည် တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​က၊ ငါ​ကိုး​ကွယ်​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ့​အ​ခွင့်​မ​ရှိ​ဘဲ အင်​တန်​ကာ​လ​ပတ်​လုံး မိုး​မ​ရွာ၊ နှင်း​မ​ကျ​ရ​ဟု အာ​ဟပ်​မင်း​အား​မြွက်​ဆို၏။

ငါ​မူ​ကား၊ ဘု​ရား​သ​ခင်၏​အိမ်​တော်၌ စိမ်း​လန်း​သော သံ​လွင်​ပင်​ကဲ့​သို့​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​က​ရု​ဏာ​တော်၌ ကာ​လ​အ​စဉ်​အ​မြဲ ကိုး​စား​မည်။

ငါ​သည် မြေ​ကြီး​အ​လယ်၌ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​စေ​ခြင်း​ငှာ ငါ၏​လူ​တို့​နေ​ရာ​ဂေါ​ရှင်​ပြည်​ကို ထို​နေ့၌​ငါ​ခြား​နား​စေ၍၊ ထို​ပြည်၌ ယင်​ရဲ​မ​ရှိ​ရ။

အ​ကြောင်း​မူ​ကား၊ သင့်​ကို ဖန်​ဆင်း​သော​သူ​သည် သင်၏​လင် ဖြစ်​တော်​မူ၏။ နာ​မ​တော်​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း။ သင့်​ကို​ရွေး​နုတ်​သော​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ သန့်​ရှင်း​သော​ဘု​ရား ဖြစ်​တော်​မူ၏။ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​သော​ဘု​ရား​ဟူ၍ ခေါ်​ရ​ကြ၏။

စိမ်း​လန်း​လှ​ပ၍ ကောင်း​သော​အ​သီး​ကို သီး​သော​သံ​လွင်​ပင်​ဟု၊ သင့်​ကို ထာ​ဝ​ရ​ဘု​ရား သ​မုတ်​တော်​မူ​၏။ ကြီး​သော​အ​သံ​ဗ​လံ​နှင့် ထို​အ​ပင်​ကို မီး​ရှို့​တော်​မူ၍၊ အ​ခက်​အ​လက်​တို့​သည် ကျွမ်း​လောင်​ကြ​၏။

အို ဇိ​အုန်​သ​တို့​သ​မီး၊ ထ၍ နယ်​လော့။ သင့်​ဦး​ချို​ကို သံ​ဖြင့်​လည်း​ကောင်း၊ သင့်​ခွာ​တို့​ကို ကြေး​ဝါ​ဖြင့်​လည်း​ကောင်း ငါ​ပြီး​စေ​မည်။ သင်​သည် လူ​မျိုး​များ​တို့​ကို ညက်​ညက်​ချေ​ရ​မည်။ သူ​တို့​တွင်​ရ​သ​မျှ​သော စည်း​စိမ်​ဥ​စ္စာ​ကို​ယူ၍၊ မြေ​တစ်​ပြင်​လုံး​ကို အ​စိုး​ပိုင်​တော်​မူ​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​မည်။

ဆီ​မီး​ထွန်း၍ ကွယ်​ရာ၌​ဖုံး​ထား​လေ့​မ​ရှိ။ တောင်း​ဇ​လား​အောက်၌​လည်း ထား​လေ့​မ​ရှိ။ ဝင်​လာ​သော​သူ​သည် အ​လင်း​ကို​ရ​စေ​ခြင်း​ငှာ ဆီ​မီး​ခုံ​အ​ပေါ်​မှာ တင်​ထား​လေ့​ရှိ၏။-

ထို​ကြောင့် သင်​တို့​သည် ဖြစ်​လ​တ္တံ့​သော အ​မှု​အ​ရာ​တို့​နှင့် ကင်း​လွတ်၍ လူ​သား​ထံ​သို့ ရောက်​ခြင်း​ကို ခံ​ထိုက်​သော​သူ​ဖြစ်​သည်​ဟု မှတ်​တော်​မူ​မည်​အ​ကြောင်း၊ အ​စဉ်​ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

အ​ချို့​သော​အ​ခက်​တို့​ကို ချိုး​ဖဲ့​ပြီး​မှ၊ ရိုင်း​သော သံ​လွင့်​ပင်​တည်း​ဟူ​သော သင်​ကို အ​ထက်​ငုတ်၌ ဆက်၍ စိုက်​သ​ဖြင့်၊ အ​ခက်​များ​နှင့်​အ​တူ သံ​လွင်​ပင်​အ​မြစ်​ကို​လည်း​ကောင်း၊ အ​ဆီ​ဩ​ဇာ​ကို​လည်း​ကောင်း ဆက်​ဆံ​လျှင်၊ ချိုး​ဖဲ့​သော အ​ခက်​တို့​ကို ကဲ့​ရဲ့​ဝါ​ကြွား​ခြင်း​မ​ရှိ​နှင့်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မော​သ​ရုတ်​အ​ရပ်​မှ ခ​ရီး​သွား၍၊ ဗင်္ယာ​ကန်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဟော​ရ​ဂိဒ်​ဂဒ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ချောင်း​မြစ်​များ​ရာ ယု​ပ္ဘာ​သ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ ခ​ရီး​သွား၍ ဧ​ဗြော​န​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဧ​ဇ​ယုန်​ဂါ​ဗာ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဇိ​န​တော​ကာ​ဒေ​ရှ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဟော​ရ​တောင်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်၌ အာ​ရုန်​သည် အ​နိ​စ္စ​ရောက်၍၊ သူ့​ကို​သင်္ဂြိုဟ်​ရ၏။ သူ၏​သား​ဧ​လာ​ဇာ​သည် အ​ဘ၏​အ​ရာ၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရ၏။

ငါ့​လက်​ယာ​လက်၌ ထင်​ရှား​သော ကြယ်​ခု​နစ်​လုံး​နှင့် ရွှေ​မီး​ခွက်​ခု​နစ်​လုံး၏ နက်​နဲ​ခြင်း​အ​ရာ​ဟူ​မူ​ကား၊ မီး​ခွက်​ခု​နစ်​လုံး​သည် အ​သင်း​တော်​ခု​နစ်​ပါး​ဖြစ်၏။ ကြယ်​ခု​နစ်​လုံး​သည်​လည်း ထို​ခု​နစ်​ပါး​သော အ​သင်း​တော်​တို့​ကို အုပ်​သော​တ​မန်​ဖြစ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ