Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 1:2

Judson Bible

ယော​ဟန်​သည်​လည်း ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​နှင့် ယေ​ရှု​ခ​ရစ်၏ သက်​သေ​ခံ​တော်​မူ​ချက်​ကို မြင်​သ​မျှ​အ​တိုင်း သက်​သေ​ခံ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​တစ်​ပါး ဝိ​ညာဉ်​တော်​သည်​ကောင်း​ကင်​မှ ချိုး​ငှက်​ကဲ့​သို့ ဆင်း​သက်၍ ထို​သူ၏​အ​ပေါ်၌ နား​တော်​မူ​သည်​ကို ငါ​မြင်​ရ​ပြီ။-

နောက်​တော်​သို့​လိုက်​သော လူ​အ​စု​အ​ဝေး​တို့​သည်​ကား၊ လာ​ဇ​ရု​ကို သင်္ချိုင်း​တွင်း​မှ​ခေါ်၍ သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သည်​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။-

ထို​အ​ကြောင်း​အ​ရာ​ကို​မြင်​သော​သူ​သည် သက်​သေ​ခံ၏။ သူ၏​သက်​သေ​ခံ​ချက်​သည်​လည်း မှန်​ပေ၏။ သင်​တို့​သည် ယုံ​ကြည်​မည်​အ​ကြောင်း၊ သူ​ပြော​သော​စ​ကား​မှန်​သည်​ကို သူ​သိ၏။-

ထို​တ​ပည့်​တော်​ကား၊ ဤ​အ​ကြောင်း​အ​ရာ​တို့​ကို သက်​သေ​ခံ၍ ရေး​ထား​သော​သူ​ဖြစ်၏။

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ပြော၏၊ ကိုယ်​မြင်​သော​အ​ရာ​ကို သက်​သေ​ခံ၏။ သို့​သော်​လည်း ငါ​တို့၏​သက်​သေ​ခံ​ချက်​ကို သင်​တို့​သည် မ​ခံ​မ​ယူ​ကြ။-

သင်​သည် ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖြောင့်​မတ်​တော်​မူ​သော​သူ​ကို​မြင်၍ နှုတ်​တော်​ထွက်​ကို ကြား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့​ဘိုး​ဘေး​များ၏ ဘု​ရား​သ​ခင်​သည် သင့်​ကို ခန့်​ထား​တော်​မူ၏။-

သို့​သော်​လည်း၊ ထ၍​မတ်​တတ်​နေ​လော့။-

ငါ​တို့​သည် ကြား​လျက်၊ မြင်​လျက်​ရှိ​သော​အ​ရာ​တို့​ကို မ​ဟော​မ​ပြော​ဘဲ​မ​နေ​နိုင်​ဟု ထို​သူ​တို့​အား ဆို​ကြ၏။-

ညီ​အစ်​ကို​တို့၊ ငါ​သည်​သင်​တို့​ရှိ​ရာ​သို့ ရောက်​လာ​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏ သက်​သေ​ခံ​ချက်​ကို ထူး​မြတ်​သော​စ​ကား​နှင့် ထူး​မြတ်​သော​ပ​ညာ​အား​ဖြင့် သင်​တို့​အား ပြ​သ၍ ရောက်​လာ​သည်​မ​ဟုတ်။-

ရှေ့​ဦး​စွာ​က​ပင်​ဖြစ်၍၊ ငါ​တို့​သည် ကိုယ်​တိုင်​ကြား​လျက်၊ ကိုယ်​မျက်​စိ​နှင့်​မြင်​လျက်၊ စေ့​စေ့​ကြည့်​ရှု၍ လက်​နှင့် စမ်း​သပ်​ခဲ့​ပြီး​သော အ​ရာ​တည်း​ဟူ​သော အ​သက်​ရှင်​သော နှုတ်​က​ပတ်​တော်​နှင့်​ဆိုင်​သော​အ​ရာ​ကို သင်​တို့​အား ပြ​သ​ကြ၏။-

လော​ကီ​သား​တို့​ကို ကယ်​တင်​သော​သ​ခင်​ဖြစ်​စေ​ခြင်း​ငှာ၊ ခ​မည်း​တော်​သည် သား​တော်​ကို စေ​လွှတ်​တော်​မူ​သည်​ဟု ငါ​တို့​သည် သိ​မြင်၍ သက်​သေ​ခံ​ကြ၏။

လူ​အ​ပေါင်း​တို့​သည် ဒေ​မေ​တ​ရိ၏ သက်​သေ​ဖြစ်​ကြ၏။ သ​မ္မာ​တ​ရား​သည်​လည်း သူ၏​သက်​သေ​ဖြစ်၏။ ငါ​တို့​သည်​လည်း ထို​သူ​ဘက်၌ သက်​သေ​ခံ​ကြ၏။ ငါ​တို့၏ သက်​သေ​ခံ​ခြင်း​သည် ဟုတ်​မှန်​သည်​ကို သင်​တို့ သိ​ကြ၏။

မြည်​သော​အ​ချက်​ဟူ​မူ​ကား၊ သင်​သည် မြင်​သော​အ​ရာ​ကို စာ​စောင်၌​ရေး​ထား၍၊ ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လ​ဒေ​လ​ဖိ​မြို့၊ လော​ဒိ​ကိ​မြို့၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ထံ​သို့ ပေး​လိုက်​လော့​ဟု ဆို​သ​တည်း။

ထို​ကြောင့်၊ သင်​သည် မြင်​ပြီး​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ ယ​ခု​ရှိ​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ နောင်​ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့​ကို​လည်း​ကောင်း ရေး​ထား​လော့။-

ယေ​ရှု​ခ​ရစ်၏ ဆင်း​ရဲ​ခြင်း​ဒု​က္ခ​မှ​စ၍ နိုင်​ငံ​တော်​ကို​လည်း​ကောင်း၊ သည်း​ခံ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​နှင့်​အ​တူ ဆက်​ဆံ​သော အ​ဖော်​အ​ဖက်၊ သင်​တို့​အစ်​ကို ငါ​ယော​ဟန်​သည်၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​နှင့် ယေ​ရှု​ခ​ရစ်၏ သက်​သေ​ခံ​တော်​မူ​ချက်​ကြောင့်၊ ပတ်​မု​ကျွန်း​မှာ နေ​ရ​စဉ်​တွင်၊-

သူ​တို့​သည် သိုး​သ​ငယ်၏ အ​သွေး​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ​တို့​သက်​သေ​ခံ​ချက် နှုတ်​က​ပတ်​တ​ရား​အား​ဖြင့်​လည်း​ကောင်း အောင်​မြင်၍၊ အ​သေ​ခံ​သည်​တိုင်​အောင် ကိုယ်​အ​သက်​ကို မ​နှ​မြော​ကြ။-

န​ဂါး​သည် မိန်း​မ​ကို အ​ငြိုး​ထား၏။ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​တို့​ကို ကျင့်၍ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​ကို စွဲ​လမ်း​သော​သူ​တည်း​ဟူ​သော ထို​မိန်း​မ၌ ကြွင်း​သော အ​မျိုး​အ​နွယ်​ကို စစ်​တိုက်​ခြင်း​ငှာ သွား၏။-

ပ​လ္လင်​များ​ကို​လည်း ငါ​မြင်၏။ ပ​လ္လင်​ပေါ်​မှာ ထိုင်​သော သူ​တို့​သည် တ​ရား​စီ​ရင်​ရ​သော အ​ခွင့်​ကို ရ​ကြ၏။ သား​ရဲ​နှင့် သူ၏​ရုပ်​တု​ကို မ​ကိုး​ကွယ်၊ သူ၏ တံ​ဆိပ်​လက်​မှတ်​ကို န​ဖူး၌​မ​ခံ၊ လက်၌​မ​ခံ​ဘဲ​နေ၍ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​နှင့် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ကြောင့်၊ လည်​ပင်း​ဖြတ်​ခြင်း​ကို ခံ​ရ​သော သူ​တို့၏ ဝိ​ညာဉ်​များ​ကို ငါ​မြင်၏။ သူ​တို့​သည် အ​သက်​ရှင်၍ အ​နှစ်​တစ်​ထောင်​ပတ်​လုံး ခ​ရစ်​တော်​နှင့်​အ​တူ စိုး​စံ​ရ​ကြ၏။-

ပ​ဥ္စ​မ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ကြောင့်​လည်း​ကောင်း၊ မိ​မိ​တို့ သက်​သေ​ခံ​ချက်​ကြောင့်​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော သူ​တို့၏ ဝိ​ညာဉ်​များ​ကို ယဇ်​ပ​လ္လင်​အောက်၌ ငါ​မြင်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ