Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဖိ​လေ​မုန် 1:6

Judson Bible

ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ သင်​သည် ယုံ​ကြည်​ခြင်း​ကို ဆက်​ဆံ​သော အ​ရှိန်​ကြီး၍၊ သူ​တစ်​ပါး​တို့​သည် ယေ​ရှု​ခ​ရစ်​အ​ဖို့​အ​လို​ငှာ ငါ​တို့၌ ကောင်း​သော​အ​ရာ ရှိ​သ​မျှ တို့​ကို ဝန်​ခံ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အ​ခွက်​ငါး​ဆယ်​ကို​ခံ​သော​သူ​သည် သွား၍​ကုန်​သွယ်​ခြင်း​ကို ပြု​သ​ဖြင့် အ​ခြား​သော​အ​ခွက်​ငါး​ဆယ်​ကို အ​မြတ်​ရ​လေ၏။-

ထို​နည်း​တူ၊ သူ​တစ်​ပါး​တို့​သည် သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို မြင်၍၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​ရှေ့၌ သင်​တို့​အ​လင်း​ကို လင်း​စေ​ကြ​လော့။-

ထို​သို့​သူ၏ စိတ်​နှ​လုံး၌ မ​ထင်​ရှား​သော​အ​ရာ​တို့​သည် ထင်​ရှား​ပြန်၍ သူ​သည် ပျပ်​ဝပ်​လျက်၊ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် သင်​တို့​တွင် အ​မှန်​ရှိ​တော်​မူ​သည်​ဟု သက်​သေ​ခံ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ အ​လွန်​ကြီး​စွာ​သော တံ​ခါး​သည် အ​ဆင်​သင့်၍ ငါ့​အား​ဖွင့်​လျက်​ရှိ၏။ ဆီး​တား​သော သူ​အ​များ​လည်း ရှိ​ကြ၏။

ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​မ္မာ​တ​ရား​နှင့် ဆိုင်​သော​အ​ကျင့်၊ လျောက်​ပတ်​သော အ​ကျင့်၊ ဖြောင့်​မတ်​သော အ​ကျင့်၊ စင်​ကြယ်​သော အ​ကျင့်၊ သူ​တ​ပါး​နှစ်​သက်​ဖွယ်​သော အ​ကျင့်၊ ချီး​မွမ်း​ဖွယ်​သော​အ​ကျင့် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ပါ​ရ​မီ​တစ်​ပါး​ပါး၊ ကောင်း​သော သ​တင်း​တစ်​ပါး​ပါး​နှင့် ဆိုင်​သော​အ​ကျင့်​တို့​ကို​လည်း​ကောင်း၊ နှ​လုံး​သွင်း​ကြ​လော့။-

ထို​ကြောင့်၊ ငါ​တို့​သည် ကြား​ရ​သည်​နေ့​မှ​စ၍၊ သင်​တို့​အ​ဖို့ အ​လို​ငှာ အ​စဉ်​မ​ပြတ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် နေ​ကြ၏။ ဆု​တောင်း​သော​အ​ချက် ဟူ​မူ​ကား၊ သင်​တို့​သည် ကောင်း​သော​အ​ကျင့်​အ​မျိုး​မျိုး​တည်း ဟူ​သော အ​သီး​ကို​သီး​ခြင်း၊ ဘု​ရား​သ​ခင်​ကို​သိ​သော ဉာဏ်​တိုး​ပွား​ခြင်း​ရှိ​သ​ဖြင့်​လည်း​ကောင်း၊ ဝမ်း​မြောက်​သော​စိတ်​နှင့် အ​ရာ​ရာ၌​သည်း​ခံ​ခြင်း၊ စိတ်​ရှည်​ခြင်း​အ​လို​ငှာ၊ ဘုန်း​ကြီး​သော တန်​ခိုး​တော်​အ​တိုင်း ခွန်​အား​နှင့် ပြည့်​စုံ​သ​ဖြင့်​လည်း​ကောင်း၊ ခ​မည်း​တော်​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ သ​ခင်​ဘု​ရား​နှင့် ထိုက်​လျောက်​စွာ ကျင့်၍ အ​ရာ​ရာ၌ နှစ်​သက်​တော်​မူ​စေ​ခြင်း​ငှာ၊ ပ​ညာ​အ​မျိုး​မျိုး၊ ဓ​မ္မ​ဉာဏ်​အ​မျိုး​မျိုး​အား​ဖြင့် အ​လို​တော်​ကို အ​ကုန်​အ​စင် နား​လည်​ပါ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။-

ဖန်​ဆင်း​တော်​မူ​သော​သူ၏ ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ၊ မှန်​သော​ပ​ညာ​အား​ဖြင့် အ​သစ်​ပြု​ပြင်​သော လူ​သစ်​ကို ယူ​တင်​ဝတ်​ဆောင်​သော​သူ ဖြစ်​ကြ၏။-

ငါ​တို့၏​လူ​များ​သည်​လည်း အ​သီး​မဲ့​သော​သူ​မ​ဖြစ်၊ ကိုယ်​သုံး​စ​ရာ​ဖို့​ရှိ​ရ​မည်​အ​ကြောင်း၊ ကောင်း​သော အ​ကျင့်​တို့​ကို အ​မြဲ​ကျင့်​အံ့​သော​ငှာ သင်​ကြ​စေ။-

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် သန့်​ရှင်း​သူ​တို့​ကို အ​ထက်​က လုပ်​ကျွေး​သည်​သာ​မ​က၊ ယ​ခု​ပင် လုပ်​ကျွေး​ခြင်း​အ​မှု​ကို​လည်း​ကောင်း၊ ထို​သို့​ပြု​သော​အား​ဖြင့် နာ​မ​တော်​ကို​ထောက်၍ ပြ​သော​မေ​တ္တာ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​သည် မေ့​လျော့​သည်​တိုင်​အောင် အ​ဓ​မ္မ​အ​မှု​ကို ပြု​တော်​မူ​သည်​မ​ဟုတ်။-

ငါ့​ညီ​အစ်​ကို​တို့၊ တစ်​စုံ​တစ်​ယောက်​သော​သူ​က၊ ငါ​သည် ယုံ​ကြည်​ခြင်း​ရှိ၏​ဟု ပြော​လျက်၊ အ​ကျင့်​ကို မ​ကျင့်​ဘဲ​နေ​လျှင် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။ ထို​ယုံ​ကြည်​ခြင်း​သည် ထို​သူ​ကို ကယ်​တင်​နိုင်​သ​လော။-

ထို​နည်း​တူ၊ အ​ကျင့်​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​သည် တစ်​ပါး​တည်း​ရှိ​သော​ကြောင့် အ​သေ​ဖြစ်၏။-

သာ​သ​နာ​ပ​လူ​တို့​သည် သင်​တို့​ကို ကဲ့​ရဲ့​ပြစ်​တင်​ကြ​သည်​အ​မှု​မှာ၊ ဘု​ရား​သ​ခင်​ကြည့်​ရှု စီ​ရင်​တော်​မူ​သော နေ့​ရက်၌၊ သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို သူ​တို့​သည် ထောက်​ရှု၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​မည်​အ​ကြောင်း၊ သူ​တို့​ရှေ့၌ တင့်​တယ်​လျောက်​ပတ်​စွာ ကျင့်​နေ​ကြ​လော့။

အ​ထက်​ဆို​ခဲ့​ပြီး​သည်​နည်း​တူ မိန်း​မ​တို့၊ ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။-

ခ​ရစ်​တော်၌ သင်​တို့​ကျင့်​သော အ​ကျင့်​ကောင်း​ကို ရှုတ်​ချ​သော​သူ​တို့​သည် ကဲ့​ရဲ့​ပြစ်​တင်​သော​အ​ခါ၊ ကိုယ်​တိုင် ရှက်​ကြောက်​ခြင်း​မ​ရှိ​မည်​အ​ကြောင်း၊ သင်​တို့​သည် ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် ကြည်​လင်​လျက် နေ​ကြ​လော့။-

အ​ကြောင်း​မူ​ကား၊ ထို​ပါ​ရ​မီ​တို့​သည် သင်​တို့၌​ရှိ၍ ကြွယ်​ဝ​လျှင်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း၌ မ​ပျင်း​ရိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျိုး​မဲ့ မ​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​ပြင်​တတ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ