Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဖိ​လေ​မုန် 1:14

Judson Bible

သင်​သည် ငါ၌ ကျေး​ဇူး​ပြု​ရာ​တွင် အ​နိုင်​ပြု​ရ​သ​ကဲ့​သို့​မ​ဟုတ်၊ အ​လို​အ​လျောက်​ပြု​စေ​ချင်​သော စိတ်​ရှိ​သည်​ဖြစ်၍၊ သင်၏​အ​ခွင့် မ​ရှိ​လျှင် အ​လျှင်း​မ​ပြု​လို။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် စိတ်​နှ​လုံး​ကို​စစ်၍ ဖြောင့်​မတ်​ခြင်း​သ​ဘော​ကို နှစ်​သက်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား ဖြောင့်​မတ်​ခြင်း​သ​ဘော၊ ကြည်​ညို​သော​စိတ်​ရှိ​သည်​နှင့် ဤ​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို ပူ​ဇော်​ပါ၏။ စည်း​ဝေး​လျက်​ရှိ​သော ကိုယ်​တော်၏​လူ​တို့​သည် ကြည်​ညို​သော​စိတ်​နှင့် ပူ​ဇော်​ကြ​သည်​ကို​မြင်၍ ဝမ်း​မြောက်​ပါ၏။

တန်​ခိုး​တော်​ပြ​သော နေ့​ရက်​ကာ​လ၌၊ ကိုယ်​တော်၏​လူ​တို့​သည် သန့်​ရှင်း​သော တန်​ဆာ​ကို​ဆင်​လျက်၊ ကြည်​ညို​သော​စေ​တ​နာ​စိတ်​ရှိ၍၊ လူ​ပျို​တော်​တို့​သည် နံ​နက်​ဝမ်း​ထဲ​က​ထွက်​သော ဆီး​နှင်း​ကဲ့​သို့ ဖြစ်​ကြ​ပါ​လိမ့်​မည်။

သို့​ဖြစ်၍ အ​မှု​တော်​ကို အ​လို​အ​လျောက် ဆောင်​ရွက်​လျှင် အ​ကျိုး​ရှိ၏။ ကိုယ်​အ​လို​ကို​ငြင်း​ဆန်၍ ဆောင်​ရွက်​လျှင် အ​ရာ​တော်၌ ခန့်​ထား​သော​သူ​ဖြစ်၏။-

အ​ဘယ်​သူ​သည် ကိုယ်​စ​ရိတ်​ကို​သုံး၍ စစ်​မှု​ကို ထမ်း​ရ​သ​နည်း။ အ​ဘယ်​သူ​သည် ဥ​ယျာဉ်​ကို​စိုက်​ပျိုး၍ အ​သီး​ကို​မ​စား​ဘဲ နေ​ရ​သ​နည်း။ အ​ဘယ်​သူ​သည် သိုး​ထိန်း​လုပ်၍ သိုး​နို့​ကို​မ​သုံး​ဘဲ နေ​ရ​သ​နည်း။

ထို​သို့​ဆို​သော်​လည်း၊ ငါ​တို့​သည် သင်​တို့၏​ယုံ​ကြည်​ခြင်း​ကို အ​စိုး​ရ​သည်​မ​ဟုတ်။ သင်​တို့၏ ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​ကို ကူ​မ၍​သာ​ပြု​ကြ၏။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် သင်​တို့​သည် တည်​နိုင်​ကြ၏။

အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​သည် အ​သင့်​ရှိ​လျှင်၊ မ​တတ်​နိုင်​သော​အ​မှု​ကို မ​ထောက်​ဘဲ၊ တတ်​နိုင်​သော​အ​မှု​ကို ထောက်၍ နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်၏။-

ထို​ကြောင့် အ​ထက်​က ကြား​ပြော​သော သင်​တို့၏ အ​လှူ​ကျေး​ဇူး​သည် အ​နိုင်​အ​ထက်​လှူ​ရ​သော ဥ​စ္စာ​ကဲ့​သို့​မ​ဟုတ်။ အ​လှူ​ကျေး​ဇူး​ကဲ့​သို့ အ​သင့်​ရှိ​စေ​ခြင်း​ငှာ၊ ညီ​အစ်​ကို​တို့​သည် သင်​တို့​ဆီ​သို့ အ​ရင်​သွား​စေ၍ ထို​အ​လှူ​ကျေး​ဇူး​ကို အ​ရင်​ပြည့်​စုံ​စေ​ခြင်း​ငှာ၊ ငါ​သည် မ​တိုက်​တွန်း​ဘဲ မ​နေ​ကောင်း​ဟု သ​ဘော​ရှိ၏။

လူ​တိုင်း ကိုယ်​အ​လို​အ​လျောက် လှူ​ရ၏။ နှ​မြော​သော​စိတ်​နှင့် မ​လှူ​ရ၊ မ​လှူ​ဘဲ​မ​နေ​ရ​ဟု စိတ်​ထင်​နှင့် မ​လှူ​ရ၊ အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​နှင့် လှူ​သော​သူ​ကို​သာ ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ