Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 4:5

Judson Bible

လူ​အ​ပေါင်း​တို့​ရှေ့၌ သင် တို့၏ ဖြည်း​ညင်း​ခြင်း သ​ဘော​ကို ထင်​ရှား​စေ​ကြ​လော့။ သ​ခင်​ဘု​ရား​သည် အ​နီး​အ​ပါး၌ ရှိ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ထို​ကြောင့် ငါ​ဆို​သည်​ကား၊ အ​ဘယ်​သို့ စား​သောက်​ရ​မည်​ဟု အ​သက်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ်​သို့ ဝတ်​ရ​မည်​ဟု ကိုယ်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​စာ​ထက် အ​သက်​မြတ်​သည် မ​ဟုတ်​လော။ အ​ဝတ်​ထက် ကိုယ်​မြတ်​သည် မ​ဟုတ်​လော။-

ထို​ကြောင့် နက်​ဖြန်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ နက်​ဖြန်​နေ့​သည် မိ​မိ​အ​ဖို့ စိုး​ရိမ်​လိမ့်​မည်။ ယ​ခု​နေ့၌​ရှိ​သော မ​ကောင်း​မ​သင့်​သော အ​ရာ​သည် ယ​ခု​နေ့​ဖို့ လောက်​ပေ၏

သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ သို့​မ​ဟုတ် အ​စား​အ​သောက်​လွန်​ကြူး​ခြင်း၊ လော​ကီ စိုး​ရိမ်​ခြင်း​အား​ဖြင့် စိတ်​နှ​လုံး​ပင်​ပန်း​လျက်​နေ​စဉ်၊ ထို​နေ့​ရက်​သည် အ​မှတ်​တ​မဲ့ သင်​တို့​နှင့် တွေ့​ကြုံ​လိမ့်​မည်။-

အ​ကြင်​သူ​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို မ​ချစ်၊ ထို​သူ​သည် အ​န​သေ​မာ​ဖြစ်​စေ​သ​တည်း။ သ​ခင်​ဘု​ရား​သည် ကြွ​လာ​တော်​မူ၏။-

ထို​သို့​သင်​တို့​သည် အ​ချင်း​ချင်း တ​ရား​တွေ့​သည်​အ​မှု​မှာ အ​လွန်​ကြီး​စွာ​သော အ​ပြစ်​ရှိ​ကြ၏။ တ​ရား​မ​တွေ့​ဘဲ ညှဉ်း​ဆဲ​ခြင်း​ကို အ​ဘယ်​ကြောင့် မ​ခံ​သ​နည်း။-

သို့​ဖြစ်၍၊ ငါ၏​အ​စား​အ​သောက်​သည် ငါ့​ညီ​အစ်​ကို​ကို မှား​ယွင်း​စေ​လျှင်၊ ငါ့​ညီ​အစ်​ကို၌ မှား​ယွင်း​စ​ရာ​အ​ကြောင်း မ​ရှိ​စေ​ခြင်း​ငှာ၊ အ​မဲ​သား​ကို အ​စဉ်​မ​ပြတ်​ရှောင်​မည်။

ပွဲ၌​ပြိုင်၍ အ​ချင်း​ချင်း​တိုက်​သော သူ​မည်​သည်​ကား၊ အ​ရာ​ရာ၌ တပ်​မက်​ခြင်း​ကို ချုပ်​တည်း​တတ်၏။ ထို​သူ​တို့​သည် ညှိုး​နွမ်း​ပျက်​စီး​တတ်​သော ပန်း​ဦး​ရစ်​ကို ရ​ခြင်း​အ​လို​ငှာ​ပြု​ကြ၏။ ငါ​တို့​မူ​ကား မ​ညှိုး​နွမ်း မ​ပျက်​စီး​နိုင်​သော ပန်း​ဦး​ရစ်​ကို ရ​ခြင်း​အ​လို​ငှာ ပြု​ကြ၏။-

သင်​တို့၏​မျက်​မှောက်၌ နှိမ့်​ချ​ခြင်း၊ မျက်​ကွယ်၌ သင်​တို့​အ​မှု​ကို​စီ​ရင်၍ ရဲ​ရင့်​ခြင်း​ရှိ​သော ငါ​ပေါ​လု​သည်၊ ခ​ရစ်​တော်၏ နူး​ညံ့​သိမ်​မွေ့​ဖြည်း​ညင်း​တော်​မူ​ခြင်း​ကို အ​ကြောင်း​ပြု၍ သင်​တို့​ကို​တောင်း​ပန်​ပါ၏။-

အ​ဘယ်​သူ​ကို​မျှ​မ​ကဲ့​ရဲ့၊ ရန်​တွေ့​ခြင်း​ကို​မ​ပြု၊ ဖြည်း​ညင်း​သော သ​ဘော​ရှိ၍၊ ခပ်​သိမ်း​သော သူ​တို့၌ အ​လွန်​နူး​ညံ့​သိမ်​မွေ့​စွာ ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း သ​တိ​ပေး​လော့။-

လူ​အ​ချို့​တို့၏ ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း စည်း​ဝေး​ခြင်း​အ​မှု​ကို မ​ရှောင်​မ​လွှဲ​ကြ​နှင့်။ အ​ချင်း​ချင်း​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​ကြ​လော့။ ကာ​လ​အ​ချိန် ရောက်​လု​နီး​သည်​ကို ထောက်​သ​ဖြင့်၊ သာ၍ ကြိုး​စား​ကြ​လော့။

အ​ဘယ်​ကြောင့်​နည်း ဟူ​မူ​ကား၊ ကြွ​လာ​လ​တ္တံ့​သော​သူ​သည် မ​ဆိုင်း​မ​လင့်​ဘဲ၊ မ​ကြာ​မ​မြင့်​မီ ရောက်​တော်​မူ​လိမ့်​မည်။-

ခ​ရစ်​တော်​ခံ​တော်​မူ​ရ​သော ဆင်း​ရဲ​ကို​လည်း​ကောင်း၊ ဆင်း​ရဲ​ခံ​ပြီး​မှ ဝင်​စား​တော်​မူ​ရ​သော ဘုန်း​စည်း​စိမ်​ကို​လည်း​ကောင်း၊ သူ​တို့​အ​ထဲ၌​ရှိ​သော ခ​ရစ်​တော်၏​ဝိ​ညာဉ်​သည် သက်​သေ​ခံ​နှင့်​သော​အ​ခါ၊ အ​ဘယ်​မည်​သော သူ​ကို​လည်း​ကောင်း၊ အ​ဘယ်​သို့​သော အ​ချိန်​ကာ​လ​ကို​လည်း​ကောင်း ဆို​လို​တော်​မူ​သည်​ဟု မေး​မြန်း​ရှာ​ဖွေ​ကြ၏။-

ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​သည် အ​ဆုံး​သို့​ရောက်​လု​သည် ဖြစ်​သော​ကြောင့်၊ သ​မ္မာ​သ​တိ​ရှိ​ကြ​လော့။ ဆု​တောင်း​ခြင်း​အ​လို​ငှာ စောင့်​နေ​ကြ​လော့။-

ငါ​သည် အ​လျင်​အ​မြန်​လာ​မည်​မှန်​ပေ၏​ဟု၊ ဤ​အ​ရာ​များ​ကို သက်​သေ​ခံ​သော​သူ​မိန့်​တော်​မူ၏ အာ​မင်။ သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ပါ။ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သန့်​ရှင်း​သူ​အ​ပေါင်း​တို့၌ ရှိ​စေ​သ​တည်း။ ဓ​မ္မ​သစ်​ကျမ်း​တို့​တွင် နောက်​ဆုံး​ကျမ်း​တည်း​ဟူ​သော ရှင်​ယော​ဟန် စီ​ရင်​ရေး​ထား​သော​ဗျာ​ဒိတ်​ကျမ်း​ပြီး၏။

ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ ဤ​စာ​စောင်၏ အ​နာ​ဂ​တ္တိ​စ​ကား​ကို စောင့်​ရှောက်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြော​ဆို၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ