Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 3:6

Judson Bible

စိတ်​အား​ကြီး​ခြင်း​ကို မေး​သော်၊ ငါ​သည် အ​သင်း​တော်​ကို ညှဥ်း​ဆဲ​သော​သူ​ဖြစ်၏။ ပ​ညတ်​တ​ရား​အား​ဖြင့်​ရ​သော ဖြောင့်​မတ်​ခြင်း​ကို မေး​ပြန်​သော်၊ ငါ​သည် အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော​သူ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ဂိ​ဗောင်​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ဝင်​မ​ဟုတ်၊ ကျန်​ကြွင်း​သော အာ​မော​ရိ​အ​မျိုး ဖြစ်​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​တို့​သည် သူ​တို့​အား သ​စ္စာ​က​တိ​ထား​ကြ​သော်​လည်း၊ ရှော​လု​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး၏​အ​ကျိုး​ကို စောင့်​ရှောက်၍ သူ​တို့​ကို​သတ်​မည်​ဟု အား​ထုတ်​သ​တည်း။

ငါ​နှင့်​အ​တူ​လိုက်၍ ထာ​ဝ​ရ​ဘု​ရား​ဘက်၌ ငါ့​စိတ်​အား​ကြီး​ကြောင်း​ကို ကြည့်​ရှု​လော့​ဟု ဆို​သ​ဖြင့် မိ​မိ​ရ​ထား​ကို စီး​စေ၏။

လွန်​ကျူး​စွာ မ​ဖြောင့်​မတ်​နှင့်။ လွန်​ကျူး​စွာ ပ​ညာ​မ​ရှိ​နှင့်။ အ​ဘယ်​ကြောင့် ကိုယ်​အ​ကျိုး​ကို ဖျက်​ချင်​သ​နည်း။

အ​သား​စို​သည် ခြား​နား၍​ဖြူ​ပြန်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ တစ်​ဖန်​လာ​ရ​မည်။

လျှို့​ဝှက်​သော ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဖ​လား၊ လင်​ပန်း​ကို အ​ပြင်၌ ဆေး​ကြော​ကြ၏။ အ​တွင်း၌​ကား လု​ယူ​ခြင်း၊ မ​တ​ရား​သ​ဖြင့် ကျင့်​ခြင်း​နှင့် ပြည့်​လျက်​ရှိ၏။-

ထို​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်၌ ကြီး​သော​သူ ဖြစ်​လိမ့်​မည်။ သင်​တို့​ကျင့်​သော​အ​ကျင့်​သည် ဖာ​ရိ​ရှဲ​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့ ကျင့်​သော​အ​ကျင့်​ထက် မ​လွန်​မ​သာ​လျှင်၊ သင်​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ကြ​ဟု ငါ​အ​မှန်​ဆို၏။-

ထို​သူ​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​တော် အ​မျိုး​မျိုး​တို့​ကို ကျင့်​ဆောင်၍ အ​ပြစ်​တင်​ခွင့်​နှင့်​လွတ်​သ​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ ရှိ​ကြ၏။-

ထို​သူ​တို့​သည်​ကြား​လျှင်၊ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။ ပေါ​လု​အား​လည်း၊ ငါ​တို့​ညီ၊ ယုံ​ကြည်​သော ယု​ဒ​လူ​ဘယ်​နှစ်​သောင်း​ရှိ​သည်​ကို သင်​သည် သိ​မြင်၏။ ထို​သူ​အ​ပေါင်း​တို့​သည် ပ​ညတ်​တ​ရား​ဘက်၌ စိတ်​အား​ကြီး​သော​သူ​ဖြစ်​ကြ၏။-

ထို​ကဲ့​သို့​ပင် ယဇ်​ပု​ရော​ဟိတ်​မင်း​မှ​စ၍ လူ​အ​ကြီး​အ​ကဲ​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​ဘက်​၌ သက်​သေ​ဖြစ်​ကြ​ပါ​၏။ သူ​တို့​ထံ​မှ​လည်း အ​ကျွန်ုပ်​သည် ညီ​အစ်​ကို​တို့​ထံ​သို့ မှာ​စာ​ကို​ခံ​ပြီး​မှ၊ ဒ​မာ​သက်​မြို့၌​ရှိ​သော ထို​ဘာ​သာ​ဝင်​သူ​တို့​ကို ဒဏ်​ခံ​စေ​ခြင်း​ငှာ ချည်​နှောင်၍ ယေ​ရု​ရှ​လင်​မြို့​သို့​ပို့​မည်​ဟု ဒ​မာ​သက်​မြို့​သို့ အ​ကျွန်ုပ်​သွား​ပါ၏။

အ​ကျွန်ုပ်​သည် ယု​ဒ​ဘာ​သာ၌ အ​လွန်​ကျပ်​တည်း​စွာ​သော နည်း​ဥ​ပ​ဒေ​သ​ကို​ခံ၍၊ ဖာ​ရိ​ရှဲ​ဖြစ်​သည်​ကို ထို​သူ​တို့​သည် သက်​သေ​ခံ​ခြင်း​ငှာ အ​လို​ရှိ​လျှင် ရှေ့​ဦး​စွာ​က​ပင် သိ​ကြ​ပါ၏။-

ရှော​လု​သည် အ​သင်း​တော်​ကို ဖျက်​ဆီး​လေ၏။ အိမ်​များ​သို့ ဝင်​ပြီး​လျှင် ယောက်ျား​မိန်း​မ​တို့​ကို ဆွဲ​ငင်၍ ထောင်​ထဲ၌ လှောင်​ထား​တတ်၏။

အ​ထက်​က ပ​ညတ်​တ​ရား​မ​ရှိ​သ​ဖြင့်၊ ငါ​သည် အ​သက်​ရှင်၏။ ပ​ညတ်​တ​ရား​ပေါ်​သော​အ​ခါ အ​ပြစ်​တ​ရား​သည် ရှင်​ပြန်၏။ ငါ​လည်း သေ၏။-

လူ​များ​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​စိမ့်​သော​ငှာ၊ ငါ​သည် ကိုယ်​အ​ကျိုး​ကို​မ​ရှာ​ဘဲ သူ့​အ​ကျိုး​ကို ရှာ၍၊-

ငါ​သည် အ​ထက်​က ဘု​ရား​သ​ခင်၏ အ​သင်း​တော်​ကို ညှဉ်း​ဆဲ​သော​ကြောင့်၊ အ​ညံ့​ဆုံး​သော တ​မန်​တော်​ဖြစ်၏။ တ​မန်​တော်​ဟု ခေါ်​ဝေါ်​ခြင်း​ကို မ​ခံ​ထိုက်။-

သို့​ပြု​လျှင် အ​ပြစ်​တင်​ခွင့်​မ​ရှိ၊ အ​ဘယ်​သူ​ကို​မျှ မ​ပြစ်​မှား​ဘဲ​နေ၍၊ မ​ဖြောင့်​မ​မှန် ဖောက်​ပြန်​သော​လူ​မျိုး​အ​ထဲ၌ အ​ဘယ်​အ​ပြစ်​မျှ​မ​ပါ​သော ဘု​ရား​သ​ခင်၏​သား ဖြစ်​ကြ​လိမ့်​မည်။ အ​သက်​ရှင်​ခြင်း​နှင့်​ဆိုင်​သော နှုတ်​က​ပတ်​တ​ရား​တော်​ကို ပြ​သ၍၊ စ​ကြ​ဝ​ဠာ၌ နေ၊ လ၊ ကြယ် န​က္ခတ်​ကဲ့​သို့ ထို​လူ​မျိုး​အ​ထဲ၌ ထွန်း​လင်း​ကြ၏။ သို့​ပြု​လျှင် ငါ​သည် အ​ကျိုး​မ​ရှိ​ဘဲ​လျက် ပြေး​သည်​မ​ဟုတ်၊ အ​ကျိုး​မ​ရှိ​ဘဲ​လျက် ကြိုး​စား​အား​ထုတ်​သည် မ​ဟုတ်​ကြောင်း​ကို ငါ​ထောက်၍ ခ​ရစ်​တော်၏​နေ့​ရက်၌ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း​ရှိ​လိမ့်​မည်။

ငါ​သည် ကဲ့​ရဲ့​သော​သူ၊ ညှဉ်း​ဆဲ​သော​သူ၊ ကြမ်း​ကြုတ်​သော​သူ ဖြစ်​ဖူး​သော်​လည်း၊ သ​စ္စာ​ရှိ​သော​သူ​ဟု ထို​သ​ခင်​သည် မှတ်၍၊ ဓ​မ္မ​ဆ​ရာ​အ​ရာ၌ ခန့်​ထား​တော်​မူ၏။ ထို​သို့​ငါ​ပြု​သော​အ​ခါ ယုံ​ခြင်း​မ​ရှိ၊ အ​မှန်​မ​သိ​ဘဲ ပြု​သော​ကြောင့်၊ က​ရု​ဏာ​တော်​ကို ငါ​ခံ​ရ​ပြီ။-

ထို​အ​ခါ မြို့​သား​တို့​သည် ယော​ရှ​အား၊ သင်၏​သား​သည် ဗာ​လ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို​ဖြို​ဖျက်၍ အ​နား​မှာ​ရှိ​သော အာ​ရှ​ရ​ပင်​ကို ခုတ်​လှဲ​သော​ကြောင့်၊ သူ့​ကို အ​သေ​ခံ​စေ​ခြင်း​ငှာ ထုတ်​လော့​ဟု ဆို​သော်​လည်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ