Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 2:12

Judson Bible

သို့​ဖြစ်၍ ငါ့​ချစ်​သူ​တို့၊ သင်​တို့​သည် ငါ့​မျက်​မှောက်၌ နား​ထောင်​သည်​သာ​မ​က၊ မျက်​ကွယ်၌​လည်း အ​စဉ် နား​ထောင်​ကြ​သည်​နှင့်​အ​ညီ၊ ကြောက်​ရွံ့​တုန်​လှုပ်​သော​စိတ်​နှင့်၊ ကိုယ်​ကို ကယ်​တင်​ခြင်း​ငှာ ကိုယ်​တိုင် ကြိုး​စား​အား​ထုတ်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

41 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍ အ​ရှင်​ဘု​ရား​အ​စ​ရှိ​သော ငါ​တို့ ဘု​ရား​သ​ခင်၏ ပ​ညတ်​တ​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့ သ​တိ​ပေး​သည်​အ​တိုင်း၊ ဤ​မိန်း​မ​များ​နှင့် သူ​တို့​သား​သ​မီး​များ​ရှိ​သ​မျှ​ကို စွန့်​ပယ်​မည်​ဟု ငါ​တို့၏​ဘု​ရား​သ​ခင့် ရှေ့​တော်၌ အ​ဓိ​ဋ္ဌာန်​ပြု​ကြ​ကုန်​အံ့။ ဤ​အ​မှု​ကို တ​ရား​ရှိ​သည်​အ​တိုင်း စီ​ရင်​ကြ​ကုန်​အံ့။

ကိုယ်​တော်​ကို ထိတ်​လန့်​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ကြက်​သီး​မွေး​ညင်း​ထ၍၊ စီ​ရင်​တော်​မူ​ချက်​တို့​မှ ကြောက်​ပါ၏။

ကြောက်​ရွံ့​သော​စိတ်​နှင့် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို​ထမ်း​ရွက်၍၊ တုန်​လှုပ်​ခြင်း​နှင့် ဝမ်း​မြောက်​ကြ​လော့။

ဖြောင့်​မတ်​သော​သူ၏​အ​လုပ်​အ​ကိုင်​သည် အ​သက်​နှင့်​လည်း​ကောင်း၊ မ​တ​ရား​သော​သူ၏​အ​ကျိုး​စီး​ပွား​သည် အ​ပြစ်​နှင့်​လည်း​ကောင်း​ယှဉ်၏။

ပျင်း​ရိ​သော​သူ​သည် အ​ဘယ်​အ​ရာ​ကို​မျှ တောင့်​တ၍​မ​ရ​တတ်။ လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ​မူ​ကား၊ မိ​မိ​အ​လို​ဆ​န္ဒ ပြည့်​စုံ​ရ၏။

ဤ​အ​ရာ​အ​လုံး​စုံ​တို့​သည် ငါ့​ကိုယ်​တိုင် ဖန်​ဆင်း​သော​ကြောင့် ဖြစ်​ကြ၏။ စိတ်​နှိမ့်​ချ​ခြင်း၊ နှ​လုံး​ကြေ​ကွဲ​ခြင်း၊ ငါ့​စ​ကား​ကြောင့် တုန်​လှုပ်​ခြင်း​ရှိ​သော​သူ​ကို​သာ ငါ​ကြည့်​ရှု​မည်။

ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​စ​ကား​တော်​ကြောင့် တုန်​လှုပ်​သော​သူ​တို့၊ စ​ကား​တော်​ကို နား​ထောင်​ကြ​လော့။ သင်​တို့​ကို​မုန်း၍၊ ငါ့​နာ​မ​ကြောင့် နှင်​ထုတ်​သော ညီ​အစ်​ကို​တို့​က၊ ငါ​တို့​သည် သင်​တို့၏ ဝမ်း​မြောက်​ခြင်း​ကို မြင်​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​ပွင့်​တော်​မူ​စေ​သ​တည်း​ဟု ပြော​တတ်​သော်​လည်း၊ ရှက်​ကြောက်​ကြ​လိမ့်​မည်။

ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​လက်​ထက်​မှ​စ၍ ယ​ခု​တိုင်​အောင် ကောင်း​ကင်​နိုင်​ငံ​တော်​ကို အ​နိုင်​အ​ထက်​ပြု​ကြ၏။ အ​နိုင်​အ​ထက်​ပြု​သော​သူ​တို့​သည်​လည်း လု​ယူ​ဝင်​စား​ရ​ကြ၏။-

ငါ့​ထမ်း​ပိုး​ကို တင်၍ ထမ်း​ကြ​လော့။ ငါ့​ထံ၌ နည်း​ခံ​ကြ​လော့။ ငါ​သည် နူး​ညံ့​သိမ်​မွေ့​နှိမ့်​ချ​သော စိတ်​သ​ဘော​ရှိ၏။ သင်​တို့​စိတ်​နှ​လုံး​သည် သက်​သာ​ခြင်း​ကို ရ​လိမ့်​မည်။-

ထောင်​မှူး​သည် ညှိ​ထွန်း​သော​မီး​ကို တောင်း​ပြီး​မှ ပြေး​ဝင်၍၊ ပေါ​လု​နှင့် သိ​လ​တို့၏​ခြေ​ရင်း၌ တုန်​လှုပ်​လျက် ပျပ်​ဝပ်​လေ၏။-

သို့​သော်​လည်း ထ၍ မြို့​သို့​ဝင်​လော့။ သင်​ပြု​ရ​မည်​အ​မှု​ကို ပြော​လိမ့်​မည်​ဟု​မိန့်​တော်​မူ၏။-

ကောင်း​သော​အ​ကျင့်​ကို အ​မြဲ​ကျင့်၍၊ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ မ​ဖောက်​ပြန်​သော ဇာ​တိ​ကို​လည်း​ကောင်း၊ ရှာ​သော​သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​တော်​မူ​လ​တ္တံ့၊-

ထို​ကြောင့် ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ဆောင်​ရွက်၍ အ​ကျိုး​ကြီး​သည်​ကို သိ​မှတ်​သ​ဖြင့် တည်​ကြည်​သော​စိတ်​နှင့် ပြည့်​စုံ၍၊ မ​ရွေ့​လျော့ မ​တိမ်း​ယိမ်း​ဘဲ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ကြိုး​စား​အား​ထုတ်​ကြ​လော့။

သင်​တို့​နှင့်​အ​တူ ငါ​ရှိ​နေ​သော​အ​ခါ၊ အား​နည်း​ခြင်း၊ အ​လွန်​ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​နှင့်​တ​ကွ ငါ​ရှိ​နေ၏။-

သင်​တို့​သည် ရှက်​စေ​ခြင်း​ငှာ ဤ​သို့​ငါ​ရေး​သည် မ​ဟုတ်။ သင်​တို့​ကို ချစ်​သား​ကဲ့​သို့​မှတ်၍ သ​တိ​ပေး၏။-

သင်​တို့​သည် ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​နှင့် သူ့​ကို​လက်​ခံ၍ နား​ထောင်​ကြ​သည်​ကို သူ​သည် အောက်​မေ့​သ​ဖြင့်၊ သင်​တို့​ကို ချစ်​သ​နား​ခြင်း မေ​တ္တာ​က​ရု​ဏာ​စိတ်​နှင့် အ​လွန်​ပြည့်​စုံ၏။-

အ​စေ​ခံ​ကျွန်​တို့၊ ခ​ရစ်​တော်၏​စ​ကား​ကို နား​ထောင်​သ​ကဲ့​သို့ ကြောက်​ရွံ့​တုန်​လှုပ်​လျက်၊ စိတ်​နှစ်​ခွ​မ​ရှိ​ဘဲ လော​ကီ​သ​ခင်၏​စ​ကား​ကို နား​ထောင်​ကြ​လော့။-

သင်​တို့​သည် ရန်​သူ​များ​ကြောင့် အ​လျှင်း မ​ကြောက်​ရွံ့ မ​တုန်​လှုပ်​ဘဲ၊ တစ်​ပါး​တည်း​သော စိတ်​ဝိ​ညာဉ်၌ တည်၍၊ ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့်​ဆိုင်​သော ယုံ​ကြည်​ခြင်း​အ​ဖို့ အ​လို​ငှာ တ​ညီ​တ​ညွတ်​တည်း ကြိုး​စား​အား ထုတ်​ကြ​သည် အ​ကြောင်း​အ​ရာ​ကို၊ ငါ​ရောက်​လျှင် သင်​တို့​နှင့် မျက်​မှောက်​တွေ့​သည်​ဖြစ်​စေ၊ ကွာ​လျက်​နေ​သည်​ဖြစ်​စေ၊ ငါ​ကြား​သိ​ရ​ပါ​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့် အ​ထိုက်​အ​လျောက် ဝတ်​ကြီး​ဝတ်​ငယ်​များ​ကို ပြု၍​သာ​နေ​ကြ​လော့။-

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​ထက်​က​မြင်​သည်​အ​တိုင်း၊ ယ​ခု​လည်း ကြား​သည်​အ​တိုင်း ငါ​ခံ​ရ​သော တိုက်​လှန်​ခြင်း​ကို ခံ​ရ​သည်​နည်း​တူ၊ သင်​တို့​သည် ခံ​ရ​ကြ​သည်​ဖြစ်၍၊ ခ​ရစ်​တော်​ကို ယုံ​ကြည်​ခြင်း​အ​ခွင့်​မှ​တစ်​ပါး၊ ခ​ရစ်​တော်​အ​တွက်​ကြောင့် ဆင်း​ရဲ​ခံ​ရ​ခြင်း​အ​ခွင့်​ကို ကျေး​ဇူး​တော်​အား​ဖြင့် ရ​ကြ၏။

သင်​တို့​တွင် ကောင်း​သော​အ​မှု​ကို ပြု​စ​ပြု​တော်​မူ​သော​သူ​သည်၊ ယေ​ရှု​ခ​ရစ်၏ နေ့​ရက်​တိုင်​အောင် ပြီး​စီး​လျက် ပြု​တော်​မူ​မည်​ဟု ငါ​သ​ဘော​ကျ၏။-

သင်​တို့​အ​ကြောင်း​အ​ရာ​များ​ကို ငါ​သိ၍ စိတ်​သက်​သာ​ခြင်း​ငှာ၊ တိ​မော​သေ​ကို သင်​တို့​ရှိ​ရာ​သို့ များ​မ​ကြာ စေ​လွှတ်​မည်​အ​ကြောင်း၊ သ​ခင်​ယေ​ရှု​ခ​ရစ်၌ ငါ​မှီ​ဝဲ​ခြင်း​ရှိ၏။-

ထို​ကြောင့် ငါ​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း၊ ငါ့​ဦး​ရစ်​သ​ရ​ဖူ​တည်း​ဟူ​သော၊ ငါ​ချစ်၍ အ​လွန်​လွမ်း​သော ညီ​အစ်​ကို​တို့၊ ငါ​ဆို​ခဲ့​ပြီး​သည်​အ​တိုင်း သ​ခင်​ဘု​ရား၌ တည်​နေ​ကြ​လော့၊ ငါ့​ချစ်​သူ​တို့။-

အ​ချင်း​ဖိ​လိ​ပ္ပိ​မြို့​သား​တို့၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စ​ပြု၍၊ မာ​ကေ​ဒေါ​နိ​ပြည်​မှ ငါ​ထွက်​ဆဲ​ရှိ​သော​အ​ခါ အ​လှူ​လှူ​ခြင်း၊ အ​လှူ​ခံ​ခြင်း​အ​မှု၌၊ သင်​တို့​မှ​တစ်​ပါး အ​ဘယ်​အ​သင်း​တော်​မျှ ငါ​နှင့်​မ​ဆက်​ဆံ​ကြ။-

ထို​ကြောင့် ရွေး​ကောက်​တော်​မူ​သော သူ​တို့​သည်၊ ထာ​ဝ​ရ ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကယ်​တင်​ခြင်း​သို့​ရောက်​စိမ့်​သော​ငှာ၊ သူ​တို့​အ​ဖို့ အ​ရာ​ရာ​ကို ငါ​သည်း​ခံ​ရ၏။-

ထို​ကြောင့်၊ ဤ​မျှ​လောက် များ​စွာ​သော သက်​သေ​အ​ပေါင်း​တို့​သည် ငါ​တို့​ကို ဝိုင်း​ရံ​လျက်​ရှိ​ကြ​သည်​ဖြစ်၍၊ ငါ​တို့​သည် ခပ်​သိမ်း​သော ဝန်​တို့​ကို​လည်း​ကောင်း၊ နှောင့်​ယှက်​တတ်​သော ဒု​စ​ရိုက်​ကို​လည်း​ကောင်း ပယ်​ရှား၍၊ ငါ​တို့​မျက်​မှောက်၌ ထား​သော ပန်း​တုံး​တိုင်​သို့​ရောက်​ခြင်း​ငှာ၊ အား​မ​လျော့​ဘဲ ပြေး​ကြ​ကုန်​အံ့။-

ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏ ချမ်း​သာ​ထဲ​သို့ ဝင်​ရ​သော​အ​ခွင့်​ကို ပေး​သော က​တိ​တော်​သည် ငါ​တို့၌​ရှိ​ရစ်​လျက်​နှင့်၊ သင်​တို့​တွင် အ​ချို့​တို့​သည် မ​မီ​ဘဲ​နေ​မည်​ကို စိုး​ရိမ်​ကြ​ကုန်​အံ့။-

ထို​ကြောင့်၊ ဣ​သ​ရေ​လ​လူ​တို့​သည် မ​ယုံ​ကြည်​သော စိတ်​ရှိ​သ​ဖြင့် လဲ​သ​ကဲ့​သို့ ငါ​တို့​သည်​မ​လဲ၊ ထို​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​မည်​အ​ကြောင်း ကြိုး​စား​အား​ထုတ်​ကြ​ကုန်​အံ့။-

ထို​သို့ စုံ​လင်​ခြင်း​သို့​ရောက်​ပြီး​မှ၊ ယုံ​ကြည်​နား​ထောင်​သော သူ​အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို ပြု​သော​သူ​ဖြစ်​တော်​မူ၍။-

ချစ်​သူ​တို့၊ ဝိ​ညာဉ်​နှင့်​စစ်​ပြိုင်​တတ်​သော ကိုယ်​ကာ​ယ​တပ်​မက်​ခြင်း​တို့​ကို ရှောင်​မည်​အ​ကြောင်း၊ ဧည့်​သည်​အာ​ဂ​န္တု​ကဲ့​သို့​သော သင်​တို့​ကို ငါ​တောင်း​ပန်၏။-

ကျေး​ဇူး​တော်၌​လည်း​ကောင်း၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း၌​လည်း​ကောင်း ကြီး​ပွား​ကြ​လော့။ ထို​သ​ခင်​သည် ယ​ခု​မှ​စ၍ ထာ​ဝ​ရ နေ့​ရက်​ကာ​လ​ပတ်​လုံး ဘုန်း​အ​သ​ရေ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ