Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 4:10

Judson Bible

ယု​ဒ​လူ​အ​ချို့​က​လည်း၊ ဝန်​ထမ်း​သော သူ​တို့​သည် အား​ကုန်​ကြ​ပြီ။ အ​မှိုက်​များ​လှ၏။ မြို့​ရိုး​ပြီး​စီး​အောင် မ​တတ်​နိုင်​ကြ​ဟု ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထမ်း​သော​သူ ခု​နစ်​သောင်း၊ တောင်​ပေါ်​မှာ သစ်​ခုတ်​သော​သူ ရှစ်​သောင်း၊ အ​မှု​ကို​ကြည့်​ရှု​စီ​ရင်​သော​သူ သုံး​ထောင်​ခြောက်​ရာ​တို့​ကို ခွဲ​ထား​တော်​မူ၏။

ထို​သူ​တို့​သည် ဝန်​ထမ်း​သော​သူ​မှ​စ၍၊ အ​လုပ်​မျိုး​ကို လုပ်​ဆောင်​သော​သူ အ​ပေါင်း​တို့​ကို ကြည့်​ရှု​အုပ်​ချုပ်​ကြ၏။ လေ​ဝိ​သား​အ​ချို့​တို့​သည်​လည်း စာ​ရေး၊ တ​ရား​သူ​ကြီး၊ တံ​ခါး​စောင့်​လုပ်​ကြ၏။

ရန်​သူ​တို့​က​လည်း၊ သူ​တို့​သည် အ​မှတ်​တ​မဲ့၊ သ​တိ​မ​ရှိ​ဘဲ​နေ​စဉ်​တွင်၊ ငါ​တို့​သည် သူ​တို့​အ​ထဲ​သို့​ဝင်၍ လုပ်​ကြံ​သ​ဖြင့်၊ ထို​အ​လုပ်​ကို ဖျက်​မည်​ဟု ဆို​ကြ၏။

အား​မ​ရှိ​သော ထို​ယု​ဒ​လူ​တို့​သည် အ​ဘယ်​သို့ ပြု​ကြ​မည်​နည်း။ ကိုယ်​ကို ခိုင်​ခံ့​စေ​မည်​လော။ ယဇ်​ပူ​ဇော်​မည်​လော။ တစ်​နေ့​ချင်း​တွင် လက်​စ​သတ်​မည်​လော။ ကျွမ်း​လောင်​သော ကျောက်​တို့​ကို အ​မှိုက်​ပုံ​များ​ထဲ​က​ထုတ်၍ ပြု​ပြင်​မည်​လော​ဟု မိ​မိ​အ​မျိုး​သား​ချင်း၊ ရှ​မာ​ရိ တပ်​သား​ရှေ့​မှာ ပြော​ဆို၏။

သို့​ရာ​တွင် ငါ​တို့​သည် ငါ​တို့၏​ဘု​ရား​သ​ခင်​ကို ဆု​တောင်း၍၊ ရန်​သူ​ကြောင့် နေ့​ည​မ​ပြတ် ကင်း​စောင့်​ထား​ကြ၏။

အ​ချင်း​လူ​သား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည်၊ သူ၏​စစ်​သူ​ရဲ​တို့​ကို တု​ရု​မြို့​တစ်​ဖက်၌ များ​စွာ​သော​အ​မှု​ကို ဆောင်​ရွက်​စေ​ပြီ။ စစ်​သူ​ရဲ​တိုင်း ခေါင်း​တုံး​ပြီ။ ပ​ခုံး​လည်း ပွန်း​ပြီ။ သို့​ရာ​တွင်၊ ရှင်​ဘု​ရင်​နှင့် စစ်​သူ​ရဲ​တို့​သည် တု​ရု​မြို့​တစ်​ဖက်၌ အ​မှု​ဆောင်​ရွက်​ခ​ကို ထို​မြို့​တွင် မ​ခံ​ရ​ကြ။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ချိန်​မ​ရောက်​သေး၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို တည်​ဆောက်​ရ​သော အ​ချိန်​မ​ရောက်​သေး​ဟု၊ ဤ​လူ​များ​ပြော​ဆို​ကြ​သည်​မှာ၊

သူ​နှင့်​အ​တူ​လိုက်​သွား​သော​သူ​တို့​က ထို​ပြည်​သား​တို့​ကို ငါ​တို့​မ​တိုက်​နိုင်။ သူ​တို့​သည် ငါ​တို့​ထက်​သာ၍ အား​ကြီး​ကြ​သည်​ဟူ၍​လည်း​ကောင်း၊

ဧ​ရှ​ကော​လ​ချောင်း​သို့​သွား၍ ပြည်​တော်​ကို ကြည့်​မြင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မ​သွား​မည်​အ​ကြောင်း သူ​တို့​စိတ်​ကို​ဖျက်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ