Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 2:12

Judson Bible

ကိုယ်၌​ပါ​သော သူ​အ​ချို့​တို့​နှင့် တ​ကွ၊ ည​အ​ခါ​ထ၍ ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ပြု​ခြင်း​ငှာ၊ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​အား အ​ဘယ်​သို့​သော အ​ကြံ​ပေး​တော်​မူ​သည်​ကို၊ အ​ခြား​သော သူ​တစ်​ယောက်​အား​မျှ မ​ပြော၊ ကိုယ်​စီး​သော မြင်း​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​မျှ​မ​ပါ​ဘဲ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ကို တင့်​တယ်​စေ​မည်​အ​ကြံ​ကို ရှင်​ဘု​ရင်​စိတ်​နှ​လုံး​ထဲ​သို့ သွင်း​ပေး​တော်​မူ​ထ​သော၊ ရှင်​ဘု​ရင်​ရှေ့၊ အ​တွင်း​ဝန်​များ၊ ဗိုလ်​မင်း​များ​ရှေ့​မှာ ငါ့​အား​အ​ခွင့်​ပေး​တော်​မူ​သော ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။

ငါ​သည်​လည်း၊ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်၍ သုံး​ရက်​နေ​ပြီး​မှ၊

ည​အ​ခါ ချိုင့်​တံ​ခါး​ဖြင့်​ထွက်၍၊ န​ဂါး​ရေ​တွင်း​တစ်​ဖက်​တစ်​ချက်၊ နောက်​ချေး​တံ​ခါး​တိုင်​အောင် သွား​သ​ဖြင့်၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​သည် ပြို​ပျက်​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ မ​ရှိ​သည်​ကို ကြည့်​ရှု​ပြီး​မှ၊

ယေ​ရု​ရှ​လင်​မြို့ ငြိမ်​ဝပ်​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့။ ထို​မြို့​ကို မြတ်​နိုး​စုံ​မက်​သော​သူ​တို့​သည် ချမ်း​သာ​ရ​ကြ​ပါ​စေ​သော။

စေ​တ​နာ​စိတ်​တော်​ရှိ၍ ဇိ​အုန်​တောင်​ကို ကျေး​ဇူး​ပြု​တော်​မူ​ပါ။ ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို တည်​စေ​တော်​မူ​ပါ။

ပ​ညာ​သ​တိ​ရှိ​သော​သူ​သည် မိ​မိ​သိ​သော​အ​ရာ​ကို​ပင် ထိမ်​ဝှက်​တတ်၏။ မိုက်​သော​သူ​မူ​ကား၊ မိ​မိ​စိတ်​အ​လို​အ​လျောက် မိုက်​သော​သ​ဘော​ကို ထင်​ရှား​ပြ​တတ်၏။

အ​ဝတ်​ကို ဆုတ်​ရ​သော​အ​ချိန်​နှင့် ချုပ်​ရ​သော​အ​ချိန်​လည်း​ရှိ၏။ တိတ်​ဆိတ်​စွာ​နေ​သော​အ​ချိန်​နှင့်၊ စ​ကား​ပြော​ရ​သော အ​ချိန်​လည်း​ရှိ၏။

နောင်​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ငါ​ပေး​အံ့​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ပ​ညတ်​တ​ရား​ကို သူ​တို့​အ​တွင်း​ထဲ​သို့ သွင်း​မည်။ သူ​တို့​နှ​လုံး​ပေါ်​မှာ ရေး​ထား​မည်။ ငါ​သည် သူ​တို့၏​ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်။

သူ​တို့​ကို မ​စွန့်​ပစ်​ဘဲ အ​စဉ်​ကျေး​ဇူး​ပြု​ခြင်း​ငှာ၊ သူ​တို့၌ ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို ငါ​ထား​မည်။ သူ​တို့​သည်​လည်း ငါ့​ထံ​မှ မ​ထွက်​မ​သွား​မည်​အ​ကြောင်း၊ ငါ့​ကို ကြောက်​ရွံ့​သော​သ​ဘော​နှင့် ပြည့်​စုံ​စေ​မည်။

ထို​သို့​သော​ကာ​လ​သည် ဆိုး​ယုတ်​သော​ကာ​လ ဖြစ်​သော​ကြောင့်၊ ပ​ညာ​ရှိ​သော​သူ​သည် တိတ်​ဆိတ်​စွာ နေ​လိမ့်​မည်။

အ​ဆွေ​ခင်​ပွန်း​ကို မ​ယုံ​နှင့်။ လမ်း​ပြ​သော​သူ​ကို အ​မှီ​မ​ပြု​နှင့်။ သင့်​ရင်​ခွင်၌ အိပ်​သော​မ​ယား​ကို မ​ယုံ​မူ၍၊ သင့်​နှုတ်​တံ​ခါး​ကို ပိတ်​ထား​လော့။

တော​ခွေး​စု​ထဲ​သို့ သိုး​တို့​ကို စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်၏။ ထို​ကြောင့် သင်​တို့​သည် မြွေ​ကဲ့​သို့ လိ​မ္မာ​လျက်၊ ချိုး​ငှက်​ကဲ့​သို့ အ​ဆိပ်​ကင်း​လျက် ရှိ​ကြ​လော့။-

ထို​အ​ခါ ယော​သပ်​သည် ထ၍ မယ်​တော်​နှင့်​သူ​ငယ်​တော်​ကို ည​အ​ချိန်၌ ဆောင်​ယူ​ပြီး​လျှင် အဲ​ဂု​တ္တု​ပြည်​သို့ ထွက်​သွား၍၊-

ထို​သို့​သင်​တို့၏ အ​ကျိုး​ကို​ပြု​စု​ချင်​သော စေ​တ​နာ​စိတ်​ကို ဘု​ရား​သ​ခင်​သည် တိ​တု​အား​လည်း ပေး​တော်​မူ​သော ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။-

ယော​ရှု​သည် ဂိ​လ​ဂါ​လ​မြို့​မှ တစ်​ည​လုံး​ချီ​သွား၍၊ ရန်​သူ​တို့​ကို အ​မှတ်​တ​မဲ့​တိုက်​လာ​သ​ဖြင့်၊

သူ၏​ကိုယ်​ကို​လည်း မီး​ရှို့​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ နှုတ်​က​ပတ်​တော် မ​ပြည့်​စုံ​မီ​တိုင်​အောင် သ​ဘော​တူ၍ မိ​မိ​တို့​နိုင်​ငံ​များ​ကို သား​ရဲ၌ အပ်​ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့၌ အ​ကြံ​ပေး​တော်​မူ၏။-

ဂိ​ဒေါင်​လည်း မိ​မိ​ကျွန်​ဆယ်​ယောက်​တို့​ကို ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​လေ၏။ မိ​မိ​အ​ဘ၏ အိမ်​သား​တို့​ကို​လည်း​ကောင်း၊ မြို့​သား​တို့​ကို​လည်း​ကောင်း ကြောက်၍၊ နေ့​အ​ချိန်၌ မ​ပြု​ဝံ့​သော​ကြောင့်၊ ည​အ​ချိန်၌ ပြု၏။

သို့​ဖြစ်၍ ည​အ​ခါ ကိုယ်​တော်​သည် ပါ​သော​သူ​တို့​နှင့်​တ​ကွ​ထ၍၊ တော၌ ချောင်း​မြောင်း​လျက် နေ​တော်​မူ​ပါ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ