ထိုအခါ ငါသည် အလွန်နာကြင်သောစိတ် ရှိ၍ တောဘိဥစ္စာ ပရိကံရှိသမျှကို အခန်းထဲက ထုတ်ပစ်ပြီးမှ၊
ထိုသို့ဧဇရသည် ဘုရားသခင်၏အိမ်တော်ရှေ့မှာ ပျပ်ဝပ်လျက်၊ မျက်ရည်ကျလျက် တောင်းပန်၍ ပတ္ထနာပြုသောအခါ၊ အလွန်များစွာသော ပရိသတ်၊ ဣသရေလအမျိုး ယောက်ျား၊ မိန်းမ၊ သူငယ်တို့သည် ဧဇရထံမှာ စည်းဝေး၍ အလွန်ငိုကြွေးကြ၏။
အခန်းများကို စင်ကြယ်စေခြင်းငှာ စီရင်၍၊ တစ်ဖန် ဘုရားသခင်၏ အိမ်တော်တန်ဆာများ၊ ဘောဇဉ်ပူဇော်သကာ၊ နံ့သာပေါင်းကို ဆောင်ခဲ့၍ သိုထား၏။
ထိုသို့ အပြစ်တင်မြည်တမ်းသော စကားကို ငါသည်ကြားသောအခါ၊ အလွန်ညှိုးငယ်သောစိတ်ရှိ၍၊ ကိုယ်အလိုအလျောက် ဆင်ခြင်ပြီးမှ၊
ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုစားပါ၏။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ၏။