နေဟမိ 11:3Judson Bibleယုဒမြို့ရွာတို့တွင် ဣသရေလလူ၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ ဘုရားကျွန်၊ ရှောလမုန်၏ကျွန် အမျိုးသားအသီးအသီးတို့သည် မိမိတို့ဆိုင်ရာအရပ်၌ နေကြ၏။ ယေရုရှလင်မြို့၌နေသော ပြည်သူပြည်သား အကြီးအကဲ၊ မင်းအရာရှိဟူမူကား၊ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ငါတွေ့သောစာရင်းတည်းဟူသော၊ ရှေ့ဦးစွာ ရောက်လာသောသူတို့၏ အဆွေအမျိုးစာရင်းချက် ဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကိုခံရသော လူစုထဲကထွက်၍ ဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ အာဇရိ၊ ရာမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံ၊ ဗာနာတို့နှင့်အတူ လိုက်လာ၍ ယေရုရှလင်မြို့အစရှိသော ယုဒပြည်၌ အသီးအသီးဆိုင်သော မြို့ရွာသို့ရောက်သော နိုင်ငံတော်သား၊ ဣသရေလလူစာရင်းဟူမူကား၊