Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 11:1

Judson Bible

ထို​အ​ခါ လူ​များ​တို့​တွင် မင်း​လုပ်​သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​ကြ၏။ ကြွင်း​သော​သူ​တို့​သည် သန့်​ရှင်း​သော​အ​ရပ်၊ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ကျိပ်​တွင်​တစ်​ယောက်၊ အ​ခြား​သော​မြို့​တို့၌ ကိုး​ယောက် နေ​ရ​မည်​အ​ကြောင်း စာ​ရေး​တံ​ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​အ​ကြီး​အ​ငယ်​တို့​သည်၊ မိ​မိ​တို့ အ​ဆွေ​အ​မျိုး​အ​လိုက် တံ​ခါး​အ​သီး​အ​သီး​စောင့်​စေ​ခြင်း​ငှာ စာ​ရေး​တံ​ပြု​ကြ၍၊

ဤ​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှာ​နေ၍၊ အ​စဉ်​အ​ဆက် အ​ဆွေ​အ​မျိုး သူ​ကြီး​မင်း​ဖြစ်​ကြ၏။

အ​ထက်​ဆို​ခဲ့​ပြီး​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သား​စဉ်​မြေး​ဆက် စာ​ရင်း​ဝင်၍၊ ကိုယ်​အ​ပြစ်​ကြောင့် ဗာ​ဗု​လုန်​မြို့​သို့​သိမ်း​သွား​ခြင်း​ကို ခံ​ရ​နှင့်​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင်​မှတ်​စာ၌ ပါ​သ​တည်း။

နောက်​တစ်​ဖန် ကိုယ်​ပိုင်​ထိုက်​သော မြို့​ရွာ​တို့၌ အ​ဦး​ဆုံး​နေ​ရာ​ကျ​သော​သူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ ဘု​ရား​ကျွန် အ​သီး​အ​သီး ဖြစ်​ကြ၏။

ယေ​ရု​ရှ​လင်​မြို့​မှာ​နေ​သော ယု​ဒ​အ​မျိုး၊ ဗင်္ယာ​မိန်​အ​မျိုး၊ ဧ​ဖ​ရိမ်​နှင့် မ​နာ​ရှေ​အ​မျိုး​သား​ဟူ​မူ​ကား၊

ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သည်​အ​တိုင်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​မွေး​စ​ရာ ထင်း​ပူ​ဇော်​သ​ကာ​ကို၊ တစ်​နှစ်​တစ်​နှစ်​လျှင် ချိန်း​ချက်​သော အ​ချိန်​တို့၌၊ အ​ဆွေ​အ​မျိုး​အ​လိုက် ငါ​တို့​ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား ပြည်​သူ​ပြည်​သား​တို့​သည် စာ​ရေး​တံ​ပြု​ကြ၏။

သန့်​ရှင်း​သော​မြို့၌​နေ​သော လေ​ဝိ​သား​ပေါင်း​ကား နှစ်​ရာ​ရှစ်​ဆယ်​လေး​ယောက်​တည်း။

ထို​အ​ခါ၌​လည်း၊ ငါ​က လူ​တိုင်း မိ​မိ​ကျွန်​နှင့်​တ​ကွ ည​အ​ချိန်​တွင်၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​မှာ အိပ်​စေ။ သို့​ပြု​လျှင်၊ ကျွန်​တို့​သည် နေ့​အ​ခါ အ​လုပ်​လုပ်​လျက်၊ ည​အ​ခါ အ​လှည့်​လှည့်​စောင့်​လျက် ရှိ​ကြ​လိမ့်​မည်​ဟု လူ​များ​တို့​အား​ဆို၏။

ထို​မြို့၌ တ​ရား​စီ​ရင်​ရာ​ပ​လ္လင်၊ ဒါ​ဝိဒ်​မင်း​မျိုး၏ ရာ​ဇ​ပ​လ္လင်​တို့​သည် တည်​ကြ၏။

ယေ​ရု​ရှ​လင်​မြို့ ငြိမ်​ဝပ်​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့။ ထို​မြို့​ကို မြတ်​နိုး​စုံ​မက်​သော​သူ​တို့​သည် ချမ်း​သာ​ရ​ကြ​ပါ​စေ​သော။

စာ​ရေး​တံ​တို့​ကို အိတ်​ထဲ၌​လောင်း​လျက်​ရှိ​ရာ​တွင်၊ ခွဲ​ဝေ​စီ​ရင်​ခြင်း​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ၏။

သန့်​ရှင်း​သော မြို့​တော်​အ​လိုက်၊ ကိုယ်​ကို​ကိုယ် သ​မုတ်​သော​သူ၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ကို မှီ​ခို​သော​သူ​တို့၊ နား​ထောင်​ကြ​လော့။

အို ဇိ​အုန်​မြို့၊ နိုး​လော့။ နိုး၍ ခွန်​အား​ကို ယူ​လော့။ အို ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော၊ သန့်​ရှင်း​သော​မြို့၊ သင်၏​တင့်​တယ်​သော အ​ဝတ်​တန်​ဆာ​တို့​ကို ဝတ်​ဆင်​လော့။ အ​ကြောင်း​မူ​ကား၊ နောက်​တစ်​ဖန် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​နှင့် ညစ်​ညူး​သော​သူ​တို့​သည် သင်၏​အ​ထဲ​သို့ မ​ဝင်​ရ​ကြ။

ကိုယ်​တော် ထ​မြောက်​တော်​မူ​သည်​နောက်၊ ထို​သူ​တို့​သည် သင်္ချိုင်း​တွင်း​မှ​ထွက်၍ သန့်​ရှင်း​သော​မြို့​ထဲ​သို့ ဝင်​ပြီး​လျှင်၊ လူ​များ​စွာ​တို့​အား ထင်​ရှား​ကြ၏။-

ထို​အ​ခါ မာရ်​နတ်​သည် ယေ​ရှု​ကို သန့်​ရှင်း​သော​မြို့​တော်​သို့ ဆောင်​သွား၍ ဗိ​မာန်​တော်၏​အ​ထွတ်၌ တင်​ထား​ပြီး​လျှင်၊-

ဤ​သို့​ဆု​တောင်း​ကြ၏။-

စာ​ရေး​တံ​ချ​ကြ​သ​ဖြင့် မဿိ​သည် စာ​ရေး​တံ​ကို​ရ၍၊ တစ်​ကျိပ်​တစ်​ပါး​သော​တ​မန်​တော်​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့ ရောက်​လေ၏။

ယော​ရှု​သည် ရှိ​လော​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စာ​ရေး​တံ​ပြု၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​သီး​အ​သီး​တို့​အား မြေ​ကို​ပိုင်း​ခြား​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ