Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နာ​ဟုံ 3:3

Judson Bible

မြင်း​စီး​သူ​ရဲ​သည် မီး​တောက်​သော​ဓား၊ လျှပ်​စစ်​ပြက်​သော လှံ​ကို​ချီ​လျက်၊ တိုက်​သော​သူ​ရဲ​အ​များ​နှင့် သေ​သော​သူ အ​ပုံ​ပုံ​ရှိ​ကြ၏။ အ​သေ​ကောင်​တို့​ကို ရေ​တွက်၍ မ​ကုန်​နိုင်။ လူ​သေ​ကောင်​များ​ကို ထိ​မိ၍ လဲ​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​လူ​ကို​နှင်​ထုတ်​ပြီး​လျှင်၊ အ​သက်​ပင်​လမ်း​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ၊ မီး​စက်​လက်​နက်​နှင့်​တ​ကွ ခေ​ရု​ဗိမ်​တို့​ကို ဥ​ယျာဉ်​အ​ရှေ့​ဘက်၌ ထား​တော်​မူ၏။

ထို​ည​တွင် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည်​ထွက်၍ အာ​ရှု​ရိ​တပ်​တွင် လူ​တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​တို့​ကို ဒဏ်​ခတ်​လေ၏။ နံ​နက်​စော​စော​ထ​ချိန်​ရောက်​သော​အ​ခါ၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သေ​ဖြစ်​ကြ၏။

သူ​တို့​တွင် အ​သေ​ခံ​ရ​သော သူ​တို့​ကို ပြင်​သို့​ပစ်​လိုက်​သ​ဖြင့်၊ အ​သေ​ကောင်​တို့​သည် နံ​စော်၍၊ သူ​တို့၏​အ​သွေး​ဖြင့် တောင်​တို့​သည် အ​ရည်​ဖြစ်​ကြ​လိမ့်​မည်။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ထွက်၍၊ အာ​ရှု​ရိ​တပ်​တွင် လူ​တစ်​သိန်း​ရှစ်​သောင်း ငါး​ထောင်​တို့​ကို ဒဏ်​ခတ်​လေ၏။ နံ​နက်​စော​စော ထ​ချိန်​ရောက်​သော​အ​ခါ၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သေ​ကောင် ဖြစ်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မီး​နှင့်​ဓား​အား​ဖြင့်၊ လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို အ​ပြစ်​ပေး​တော်​မူ၍၊ ထာ​ဝ​ရ​ဘု​ရား ကွပ်​မျက်​တော်​မူ​သော သူ​တို့​သည် များ​ကြ​လိမ့်​မည်။

သင်​နှင့် သင်၌​ပါ​သော တပ်​သား​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်​မှာ လဲ၍​သေ​ကြ​လိမ့်​မည်။ သင့်​ကို အ​မျိုး​မျိုး​သော ငှက်​ရဲ၊ သား​ရဲ​တို့ ကိုက်​စား​စ​ရာ​ဖို့ ငါ​အပ်​မည်။

အ​ဘယ်​သူ​မျှ​မ​လိုက်​ဘဲ ဓား​ဘေး​မှ​ပြေး​သော​သူ​ကဲ့​သို့ တစ်​ယောက်​အ​ပေါ်​မှာ တစ်​ယောက်​လဲ​ကြ​လိမ့်​မည်။ ရန်​သူ​ရှေ့​မှာ ရပ်​နိုင်​သော​တန်​ခိုး​မ​ရှိ​ရ။

ရ​ထား​တို့​သည် လမ်း၌​ဟုန်း​ဟုန်း​မြည်၍၊ လမ်း​မ​တို့၌ တောင်​မြောက်​ပြေး​ကြ၏။ မီး​ရှူး​အ​ဆင်း​အ​ရောင်​ရှိ၍၊ လျှပ်​စစ်​ကဲ့​သို့ ပြေး​ကြ၏။

နေ​နှင့် လ​သည် မိ​မိ​တို့​နေ​ရာ၌ ရပ်၍ နေ​ပါ၏။ သူ​တို့ အ​လင်း၌ မြား​တော်​တို့​သည် သွား၍၊ သူ​တို့​ရောင်​ခြည်၌ လှံ​တော်​သည်​လည်း လျှပ်​စစ်​ပြက်​ပါ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ