ထာဝရဘုရားတစ်ဖက်၌ အဘယ်သို့ ကြံစည်ကြသနည်း။ အပြီးဆုံးရှုံးစေတော်မူမည်။ တစ်ဖန် နှိပ်နင်းစရာ အကြောင်းမရှိရ။
လက်ဝဲလက်၌ကိုင်သောဓားကို အာမသသည် သတိမပြုသောကြောင့်၊ ဝမ်းကိုထိုး၍ အအူကိုမြေပေါ်မှာချ၏။ ထပ်၍ မထိုးသော်လည်း အာမသသေလေ၏။ ယွာဘနှင့်ညီအဘိရှဲသည် ဗိခရိသားရှေဘကို လိုက်ကြ၏။
အကြောင်းမူကား၊ ကိုယ်တော်တစ်ဖက်၌ မကောင်းသောအကြံကို ကြံစည်၍၊ မကောင်းသောပရိယာယ်ကို ပြုကြပါပြီ။ သို့ရာတွင် အကြံမထမြောက် ကြပါ။
ထာဝရဘုရားသည် တစ်ပါးအမျိုးသားတို့၏တိုင်ပင်ခြင်းကိုပယ်တော်မူ၏။ လူစုတို့၏ကြံစည်ခြင်းကိုလည်း ဖျက်ဆီးတော်မူ၏။
ထာဝရဘုရားတစ်ဖက်၌ ဉာဏ်မတည်၊ ပညာမတည်၊ အကြံတစ်စုံတစ်ခုမျှ မတည်နိုင်။
ယခုမှာ သင်တို့သည် သာ၍ပြင်းစွာသော ဆုံးမခြင်းနှင့် လွတ်မည်အကြောင်း၊ နောက်တစ်ဖန် ဆဲရေးခြင်းကို မပြုကြနှင့်။ ပြည်တစ်ပြည်လုံး၌ အနှံ့အပြား စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းရှိလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားထံတော်၌ ငါကြားရပြီ။
ဗာဗုလုန်မြို့သည် ဤသို့နစ်ရလိမ့်မည်။ ငါရောက်စေသော ဘေးဥပဒ်ထဲက နောက်တစ်ဖန် မထမြောက်ရ။ မြို့သူမြို့သားတို့သည် အားကုန်လျက် နေရကြလိမ့်မည်ဟု၊ မြွက်ဆိုရမည်အကြောင်းကို၊ ယေရမိသည် မှာထားလေ၏။ ဤရွေ့ကား၊ ယေရမိစကားပေတည်း။
ငါထာဝရဘုရားသည် ငါ့ဓားကို သူ့အိမ်မှထုတ်ကြောင်းကို၊ သတ္တဝါအပေါင်းတို့ သိရကြလိမ့်မည်။ ထိုဓားသည် နောက်တစ်ဖန် အိမ်သို့ မပြန်ရ။
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘေးတစ်ခု နောက်တစ်ခုရောက်လာ၏။
ငါသည် ဆုံးမသော်လည်းကောင်း၊ သူတို့ကို ခိုင်ခံ့စေသော်လည်းကောင်း၊ ငါ့တစ်ဖက်၌ မကောင်းသောအကြံကို ကြံစည်ကြ၏။
ထာဝရဘုရားတစ်ဖက်၌ မကောင်းသော အကြံကို ကြံစည်သော အဓမ္မတိုင်ပင်အမတ်သည် သင့်အထဲက ပေါ်လာပြီ။
ထိုလက်နက်အားဖြင့် လူတို့၏ အကြံအစည်တို့ကိုလည်းကောင်း၊ ဘုရားသခင်ကိုသိသောပညာကို တားဆီးသော မာန်မာန ရှိသမျှတို့ကိုလည်းကောင်း၊ နှိမ့်ချမှောက်လှန်၍၊ ခပ်သိမ်းသောစိတ်တို့ကို ဖမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏စကားကို နားထောင်စေကြ၏။-
အဘိရှဲကလည်း၊ ဘုရားသခင်သည် ကိုယ်တော်၏ရန်သူကို ကိုယ်တော်လက်၌ ယနေ့အပ်တော်မူပြီ။ ထိုကြောင့် ကျွန်တော်သည် မြေတိုင်အောင် လှံနှင့် တစ်ချက်တည်းထိုးပါရစေဟု ကျွန်တော်တောင်းပန်ပါ၏။ နှစ်ချက်တိုင်အောင် မထိုးပါဟု ဒါဝိဒ်ကိုလျှောက်သော်လည်း၊
ဧလိအိမ်သားတို့တစ်ဖက်၌ ငါပြောသမျှအတိုင်း ထိုနေ့တွင် ငါပြုမည်။ ပြုစရှိပြီးမှ လက်စသတ်မည်။