Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒံ​ယေ​လ 7:6

Judson Bible

တစ်​ဖန် ငါ​ကြည့်​ရှု​ပြန်၍၊ ကျား​သစ်​နှင့်​တူ​သော သား​ရဲ​တစ်​ကောင်​သည် ထင်​ရှား၏။ ကျော​ပေါ်​မှာ ငှက်​အ​တောင် လေး​ခု​ရှိ၏။ ခေါင်း​လေး​လုံး​နှင့် ပြည့်​စုံ၏။ အုပ်​စိုး​ရ​သော အ​ခွင့်​လည်း​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ထူး​ခြား​သော​အ​ဆင်း​အ​ရောင်၊ များ​ပြား​သော​အ​မွေး​နှင့် ပြည့်​စုံ၍၊ ရှည်​လျား​ကြီး​မား​သော အ​တောင်​ရှိ​သော ရွှေ​လင်း​တ​ကြီး​သည် လေ​ဗ​နုန်​တောင်​သို့​လာ၍၊ အာ​ရဇ်​ပင်၏​အ​ဖျား​ကို​ကိုင်​လျက်၊

ထို​သူ​က​လည်း၊ ငါ​သည် သင်​ရှိ​ရာ​သို့ လာ​ရ​သော အ​ကြောင်း​ကို နား​လည်​သ​လော။ ပေ​ရ​သိ​မင်း​ကို စစ်​တိုက်​အံ့​သော​ငှာ ယ​ခု ငါ​ပြန်​သွား​ရ​မည်။ ငါ​သွား​ပြီး​သည်​နောက်၊ တစ်​ဖန်​ဟေ​လ​သ​မင်း​သည် ပေါ်​လာ​လိမ့်​မည်။

ကိုယ်​တော်​နောက်၌ ကိုယ်​တော်၏​နိုင်​ငံ​လောက်​မ​မြတ်​သော နိုင်​ငံ​တစ်​ခု​သည် တည်​ထောင်​လိမ့်​မည်။ ထို​နောက်၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အုပ်​စိုး​သော ကြေး​ဝါ​နိုင်​ငံ​တည်း​ဟူ​သော တ​တိ​ယ​နိုင်​ငံ တည်​ထောင်​လိမ့်​မည်။

ငါ ကြည့်​ရှု၍​နေ​စဉ်၊ သူ၏​အ​တောင်​ကို နုတ်​ကြ၏။ မြေ​မှ ကိုယ်​ကို ချီ​ကြွ​လျက် လူ​ကဲ့​သို့ ခြေ​ဖြင့်​မတ်​တပ်​ရပ်၍၊ လူ​စိတ်​သ​ဘော​ကို​လည်း​ရ၏။ ဒု​တိ​ယ​သား​ရဲ​သည် ဝံ​နှင့်​တူ၏။

တစ်​ဖက်၌ ကိုယ်​ကို​ကိုယ်​ချီ​ကြွ၏။ ပါး​စပ်၌ နံ​ရိုး​သုံး​ချောင်း​ကို ကိုက်​လျက်​ရှိ၏။ သင်​ထ​လော့။ အ​သား​များ​ကို ကိုက်​စား​လော့​ဟု သူ့​အား​ပြော​ကြ၏။

ထို​ကြောင့်၊ သူ​တို့၌ ငါ​သည် ခြင်္သေ့​ကဲ့​သို့ ဖြစ်​မည်။ လမ်း​နား​မှာ ချောင်း​သော ကျား​သစ်​ကဲ့​သို့ သူ​တို့​ကို ချောင်း​မြောင်း​မည်။

ထို​သို့ ငါ​မြင်​သော​သား​ရဲ​သည် ကျား​သစ်​နှင့် တူ၏။ သူ၏​ခြေ​သည် ဝံ​ခြေ​ကဲ့​သို့​ဖြစ်၏။ သူ၏​နှုတ်​သည်​လည်း ခြင်္သေ့​နှုတ်​ကဲ့​သို့​ဖြစ်၏။ န​ဂါး​သည် မိ​မိ​တန်​ခိုး​နှင့် မိ​မိ​ပ​လ္လင်​ကို​လည်း​ကောင်း၊ ကြီး​စွာ​သော အာ​ဏာ​စက်​ကို​လည်း​ကောင်း သား​ရဲ၌ အပ်​ပေး၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ