Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒံ​ယေ​လ 6:3

Judson Bible

ထူး​ဆန်း​သော ဉာဏ်​နှင့်​ပြည့်​စုံ၍ မြို့​ဝန်​တ​ကာ၊ ဝန်​ကြီး​တ​ကာ​တို့​ထက် လွန်​ကဲ​သော​ကြောင့်၊ နိုင်​ငံ​တော်​တစ်​နိုင်​ငံ​လုံး​ကို သူ၌ အပ်​နှင်း​မည်​ဟု ရှင်​ဘု​ရင်​သည် အ​ကြံ​ရှိ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

နိုင်​ငံ​တော်​အ​ကျိုး မ​ပျက်​စီး​စေ​ခြင်း​ငှာ သ​တိ​ပြု၍ ဤ​အ​မှု​ကို စေ့​စေ့​ကြည့်​ရှု​ကြ​လော့​ဟု မိန့်​တော်​မူ၏။

သ​စ္စာ​ရှိ၍ ဘု​ရား​သ​ခင်​ကို အ​ထူး​သ​ဖြင့် ရို​သေ​သော ရဲ​တိုက်​မှူး​ဟာ​န​နိ​နှင့် ငါ့​ညီ​ဟာ​နန်​တို့၌ ယေ​ရု​ရှ​လင်​မြို့​ကို အပ်​လျက်၊

ယု​ဒ​အ​မျိုး​သား မော်​ဒ​ကဲ​သည် ရှင်​ဘု​ရင် အာ​ရွှေ​ရု​အောက်၌ အ​မြတ်​ဆုံး​သော​အ​ရာ​ကို​ရ၍ ယု​ဒ​လူ​တို့​တွင် ဘုန်း​ကြီး၏။ မိ​မိ​အ​မျိုး၏ အ​ကျိုး​စီး​ပွား​ကို ပြု​စု​လျက်၊ အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​အား မင်္ဂ​လာ​စ​ကား​ကို​သာ ပြော​လျက်၊ မိ​မိ​အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​တွင် မျက်​နှာ​ရ​သော​သူ ဖြစ်​သ​တည်း။ ဧ​သ​တာ​ဝ​တ္ထု​ပြီး၏။

သိ​ပ္ပံ​အ​တတ်​နှင့် ပြည့်​စုံ​သော​သူ​သည် စ​ကား​မ​များ​တတ်။ ဉာဏ်​ကောင်း​သော​သူ​သည်​လည်း၊ ဧ​သော​စိတ်​ရှိ​တတ်၏။

ဆောင်​ရွက်​စ​ရာ​အ​မှု​ကို ကြိုး​စား၍ ပြီး​စီး​စေ​တတ်​သော​သူ​ရှိ​သ​လော။ ထို​သူ​သည် သာ​မ​ည​လူ၏​အ​မှု​ကို မ​ဆောင်​ရွက်၊ ရှင်​ဘု​ရင်၏​အ​မှု​တော်​ကို ဆောင်​ရွက်ရ၏။

သို့​ရာ​တွင်၊ အ​လင်း​သည် မှောင်​မိုက်​ထက်​မြတ်​သ​ကဲ့​သို့၊ ပ​ညာ​သည် မိုက်​မဲ​ခြင်း​ထက် မြတ်​သည်​ကို ငါ​သိ​မြင်၏။

အ​ကြောင်း​မူ​ကား၊ အိပ်​မက်​အ​နက်​ကို ဖတ်​ခြင်း၊ နက်​နဲ​ခက်​ခဲ​သော​အ​ရာ​ကို ဖွင့်​ပြ​ခြင်း၊ ပု​စ္ဆာ​အ​မေး​ကို ဖြေ​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော ဉာဏ်​ပ​ညာ​နှင့်​တ​ကွ၊ ထူး​ဆန်း​သော​စိတ်​ဝိ​ညာဉ်​သည် ဒံ​ယေ​လ​အ​မည်​ရှိ​သော ထို​သူ​တွင် ထင်​ရှား​လျက်​ရှိ​ပါ၏။ ဗေ​လ​တ​ရှာ​ဇာ​ဟူ​သော ဘွဲ့​နာ​မ​ကို​လည်း ရှင်​ဘု​ရင် ပေး​သ​နား​တော်​မူ၏။ ထို​ဒံ​ယေ​လ​ကို ခေါ်​တော်​မူ​လျှင်၊ အ​နက်​ကို ဟော​ပြော​ပါ​လိမ့်​မည်​ဟု လျှောက်​သော်၊

သင်​သည် ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ ထူး​ဆန်း​သော ပ​ညာ​ဉာဏ်​သ​တ္တိ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သည်​ဟု သင်၏ သ​တင်း​ကို ငါ​ကြား၏။

ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​ကို ခေါ်​ချေ​ဟု ဟစ်​ကြော်​ပြီး​လျှင်၊ ထို​စာ​ကို​ဖတ်၍ အ​နက်​ကို ဖော်​ပြ​နိုင်​သော​သူ​သည် အ​ဝတ်​နီ​ကို​ဝတ်​ဆင်၍ လည်​ပင်း၌ ရွှေ​စ​လွယ်​ဆွဲ​လျက်၊ နိုင်​ငံ​တော်​တွင် တ​တိ​ယ​မင်း​ဖြစ်​စေ​ဟု ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​အား အ​မိန့်​တော်​ရှိ၍၊

သင်​သည် ဆု​တောင်း​စ​ပြု​သော​အ​ခါ အ​မိန့်​တော်​ရှိ​သည်​ဖြစ်၍ သင့်​အား​ကြား​ပြော​ခြင်း​ငှာ ငါ​ရောက်​လာ​ပြီ။ သင်​သည် အ​လွန်​ချစ်​အပ်​သော​သူ​ဖြစ်၏။ ထို​ကြောင့် ဗျာ​ဒိတ်​တော်​အ​ချက်​ကို ဆင်​ခြင်၍ နား​လည်​ရ​သော​အ​ခွင့်​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ