Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒံ​ယေ​လ 4:9

Judson Bible

အ​ချင်း​မာ​ဂု​ဆ​ရာ​ချုပ် ဗေ​လ​တ​ရှာ​ဇာ၊ သင်​သည် သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​သည်​ကို​လည်း​ကောင်း၊ နက်​နဲ​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဖွင့်​ပြ​နိုင်​သည်​ကို​လည်း​ကောင်း ငါ​သိ၏။ သို့​ဖြစ်၍၊ ငါ​မြင်​မက်​သော အိပ်​မက်၏ အ​နက်​ကို ဖော်​ပြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဖာ​ရော​မင်း​က၊ ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​ကို​ရ၍ ဤ​ကဲ့​သို့​သော​သူ​ကို အ​ဘယ်​မှာ ရှာ၍​တွေ့​မည်​နည်း​ဟု ကျွန်​တော်​မျိုး​တို့​အား​မိန့်​တော်​မူ၏။

သင်​သည် ကြောက်​လန့်​ဖွယ်​သော အ​ခြင်း​အ​ရာ​ကို အောက်​မေ့​သော​အ​ခါ၊ စာ​ရင်း​ယူ​သော​သူ​သည် အ​ဘယ်​မှာ ရှိ​သ​နည်း။ အ​ခွန်​ခံ​သော​သူ​သည် အ​ဘယ်​မှာ ရှိ​သ​နည်း။ ပြ​အိုး​တို့​ကို ရေ​တွက်​သော​သူ​သည် အ​ဘယ်​မှာ ရှိ​သ​နည်း။

သင်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​အား​ဖြင့် တည်​လိမ့်​မည်။ ညှဉ်း​ဆဲ​ခြင်း​နှင့် ဝေး​သည်​ဖြစ်၍ မ​ကြောက်​ရ။ ထိတ်​လန့်​ခြင်း​သည်​လည်း ဝေး၍၊ သင့်​အ​နီး​သို့​မ​ရောက်​ရ။

အ​မြင့်​ဆုံး​သော ဣ​သ​ရေ​လ​တောင်​ပေါ်​မှာ ငါ​စိုက်​ပျိုး​ပြီး​မှ၊ အ​ခက်​အ​လက်​နှင့်​ပြည့်​စုံ၍ အ​သီး​ကို​သီး​သ​ဖြင့်၊ ကောင်း​မွန်​သော စ​ပျစ်​နွယ်​ပင် ဖြစ်​လိမ့်​မည်။ ထို​အ​ပင်​အောက်၌​လည်း​ကောင်း၊ အ​ခက်​အ​လက်​အ​ရိပ်၌​လည်း​ကောင်း၊ ငှက်​မျိုး​အ​ပေါင်း​တို့​သည် နေ​ရာ​ကျ​ကြ​လိမ့်​မည်။

သင်​သည် ဒံ​ယေ​လ​ထက်​သာ၍ ပ​ညာ​ရှိ​ပါ​သည်​တ​ကား။ သင်​မ​သိ​ရ​အောင် သူ​တစ်​ပါး​ဝှက်​ထား​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။

ရှင်​ဘု​ရင်​မေး​တော်​မူ​သ​မျှ​သော အ​တတ်​ပ​ညာ​ကို ထို​လု​လင်​တို့​သည် နိုင်​ငံ​တော်၌​ရှိ​သ​မျှ​သော မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်​များ​ထက်​သာ၍ ဆယ်​ဆ​တတ်​ကြ​သည်​ကို တွေ့​မြင်​တော်​မူ၏။

ကိုယ်​တော်​သည် ဤ​နက်​နဲ​သော​အ​ရာ​ကို ဖွင့်​ပြ​နိုင်​သည်​ဖြစ်၍၊ အ​ကယ်​စင်​စစ် ကိုယ်​တော်၏ ဘု​ရား​သ​ခင်​သည် ဘု​ရား​တို့၏​ဘု​ရား၊ ဘု​ရင်​တို့၏​အ​ရှင်၊ နက်​နဲ​သော​အ​ရာ​ကို ဖွင့်​ပြ​တော်​မူ​သော​သ​ခင် ဖြစ်​တော်​မူ၏​ဟု မိန့်​တော်​မူ၍၊

ဒံ​ယေ​လ​ကို ချီး​မြှောက်​လျက်၊ များ​စွာ​သော ဆု​လာဘ်​သပ်​ပ​ကာ တို့​ကို​ပေး၍၊ ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ဝန်​ကြီး​အ​ရာ၌​လည်း​ကောင်း၊ ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​ကို အုပ်​စိုး​သော ဝန်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ၏။

ထို​သို့ ငါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် မြင်​မက်​ရ​ပြီ။ ယ​ခု​တွင် အ​ချင်း​ဗေ​လ​တ​ရှာ​ဇာ၊ ငါ​မြင်​သော အိပ်​မက်​အ​နက်​ကို ဖော်​ပြ​လော့။ ငါ့​နိုင်​ငံ​တွင် ပ​ညာ​ရှိ​အ​ပေါင်း​တို့​သည် အ​နက်​ကို ငါ့​အား မ​ဖော်​မ​ပြ​နိုင်​သော်​လည်း၊ သင်​သည် သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​နှင့်​ပြည့်​စုံ၍ ဖော်​ပြ​နိုင်​သည်​ဟု ငါ​သည် ကိုယ်​မြင်​သော အိပ်​မက်​ကို ဒံ​ယေ​လ​အား​ပြန်​ပြော၏။

ကြောက်​မက်​ဖွယ်​သော အိပ်​မက်​ကို​မြင်၍၊ သ​လွန်​ပေါ်​မှာ အိပ်​လျက် စိတ်​ထဲ၌ အာ​ရုံ​ပြု​သော ရူ​ပါ​ရုံ​အား​ဖြင့် တုန်​လှုပ်​ခြင်း​သို့ ငါ​ရောက်​လေ၏။

နောက်​မှ ငါ​ကိုး​ကွယ်​သော​ဘု​ရား၏ နာ​မ​အား​ဖြင့် ဗေ​လ​တ​ရှာ​ဇာ​ဟု​ခေါ်​သ​မုတ်၍၊ သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​သော ဒံ​ယေ​လ​သည် ငါ့​ထံ​သို့​ဝင်​လာ​လျှင်၊

သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​သော သူ​တစ်​ယောက်​သည် နိုင်​ငံ​တော်​တွင် ရှိ​ပါ၏။ ခ​မည်း​တော်​ဘု​ရား လက်​ထက်​တော်၌၊ ထို​သူ​တွင် ဘု​ရား​ပ​ညာ​နှင့်​တူ​သော ပ​ညာ​ဉာဏ်​သ​တ္တိ ထင်​ရှား​လျက်​ရှိ​ပါ၏။ ထို​သူ​ကို ခ​မည်း​တော်​ဘု​ရား နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​အ​ပေါ်​တွင် ဆ​ရာ​အုပ်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။

ငါ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ တန်​ခိုး​ကြီး​သော ဤ​ဘု​ရား​သ​ခင်၏​လက်​မှ ငါ​တို့​ကို အ​ဘယ်​သူ ကယ်​တင်​လိမ့်​မည်​နည်း။ တော၌ အဲ​ဂု​တ္တု​လူ​တို့​ကို ဘေး​အ​ပေါင်း​နှင့် ဒဏ်​ခတ်​သော​ဘု​ရား​ကား၊ အ​ခြား​မ​ဟုတ် ဤ​ဘု​ရား​ပေ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ