ထိုအပင်သည် ကြီးပွား၍ ခိုင်မာခြင်းသို့ ရောက်၏။ မိုးကောင်းကင်သို့ထိ၍ မြေကြီးစွန်းတိုင်အောင် ထင်ရှား၏။
လာကြ၊ မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကိုစိုးရိမ်၍၊ မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်သို့မီရသော ရဲတိုက်ကိုလည်းကောင်းတည်လုပ်သဖြင့်၊ ကျော်စောကိတ္တိရှိစေခြင်းငှာ ပြုကြကုန်အံ့ဟု ပြောဆိုကြ၏။
ကြောက်မက်ဖွယ်သော တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သူ့ကိုခုတ်လှဲ၍ ပစ်ထားကြပြီ။ အကိုင်းအခက်တို့သည် တောင်ပေါ်နှင့် ချိုင့်ထဲမှာကျ၍ တစ်ပြည်လုံး မြစ်နားမှာ ကျိုးပဲ့လျက်နေကြ၏။ မြေကြီးသာအပေါင်းတို့သည် သူ့အရိပ်ထဲကထွက်၍ သူ့ကိုစွန့်သွားကြ၏။
ထိုသို့သောအားဖြင့် တောသစ်ပင်တကာတို့ထက် အရပ်မြင့်လေ၏။ တိုးပွားသောအခါ ရေများသောကြောင့် အကိုင်းအခက်များပြား၍၊ အလက်တို့သည် ရှည်လျားကြ၏။
အို ကပေရနောင်မြို့၊ သင်သည် မိုးကောင်းကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတ္တံ့။ အကြောင်းမူကား၊ သင်၌ပြသောတန်ခိုးကို သောဒုံမြို့၌ ပြုဖူးလျှင်၊ ထိုမြို့သည် ယခုတိုင်အောင်တည်ရာ၏။-
အို ဣသရေလအမျိုး၊ နားထောင်လော့။ သင့်ထက်အားကြီး၍ များပြားသောလူမျိုးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ကိုထိသောမြို့ရိုးနှင့် ပြည့်စုံသော မြို့ကြီးတို့ကိုလည်းကောင်း၊