Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 9:18

Judson Bible

ပ​ညာ​သည် စစ်​လက်​နက်​ထက် သာ၍​ကောင်း​မြတ်၏။ ဒု​စ​ရိုက်​ကို​ပြု​သော​သူ​သည်​လည်း၊ ကောင်း​သော​အ​မှု​များ​ကို ဖျက်​ဆီး​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထို​မင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား ရွံ​ရှာ​ဖွယ်​ထုံး​စံ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။

သင်​ပြု​သော​ဒု​စ​ရိုက်​သည် သင်​နှင့်​တူ​သော လူ​သ​တ္တ​ဝါ​ကို​သာ ထိ​ခိုက်​နိုင်၏။ သင်​ပြု​သော​သု​စ​ရိုက်​သည်​လည်း လူ​သား​တို့၌​သာ ကျေး​ဇူး​ပြု​နိုင်၏။

အ​ထုံ​သ​မား​လုပ်​သော နံ့​သာ​ဆီ​ကို သေ​သော​ယင်​ကောင်​သည် နံ​စေ​သ​ကဲ့​သို့၊ အ​နည်း​ငယ်​သော​အ​မိုက်​သည် ပ​ညာ​နှင့် ဂုဏ်​အ​သ​ရေ​ထင်​ရှား​သော​သူ​ကို ထို​အ​တူ ဖြစ်​စေ​တတ်၏။

ပု​ဆိန်​တုံး​သော​အ​ခါ မ​သွေး​ဘဲ​နေ​လျှင် သာ၍ အား​ထုတ်​ရ​မည်။ ပ​ညာ​သည် အ​မှု​ဆောင်​ရ​သော​အ​ခွင့်​ကို ပေး၍ ကျေး​ဇူး​ကြီး၏။

သို့​ရာ​တွင်၊ အ​လင်း​သည် မှောင်​မိုက်​ထက်​မြတ်​သ​ကဲ့​သို့၊ ပ​ညာ​သည် မိုက်​မဲ​ခြင်း​ထက် မြတ်​သည်​ကို ငါ​သိ​မြင်၏။

အ​ကြောင်း​မူ​ကား၊ ပ​ညာ​သည် ကွယ်​ကာ​တတ်၏။ ငွေ​သည်​လည်း ကွယ်​ကာ​တတ်၏။ ပ​ညာ​အ​တတ်​သည် အ​ဘယ်​သို့​မြတ်​သ​နည်း​ဟူ​မူ​ကား၊ ပ​ညာ​အ​တတ်​ကို ရ​သော​သူ​သည် အ​သက်​ကို​လည်း ရ​တတ်၏။

မြို့​ထဲ​မှာ​နေ​သော သူ​ရဲ​တစ်​ကျိပ်​ထက် ပ​ညာ​ရှိ​သော​သူ​တစ်​ယောက်​သည် ပ​ညာ​အား​ဖြင့်​သာ၍ တန်​ခိုး​ကြီး၏။

ထို​အ​ခါ ငါ​ဆို​သည်​ကား၊ ပ​ညာ​သည် ခွန်​အား​ထက်​သာ၍​ကောင်း​မြတ်၏။ သို့​သော်​လည်း၊ ဆင်း​ရဲ​သော​သူ၏​ပ​ညာ​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​ကြ၏။ သူ၏​စ​ကား​ကို နား​မ​ထောင်​တတ်​ကြ။

ယ​န္နေ​နှင့်​ယံ​ဗြေ​သည် မော​ရှေ​ကို​ဆီး​တား​သ​ကဲ့​သို့၊ ထို​သူ​တို့​သည် သ​မ္မာ​တ​ရား​ကို​ဆီး​တား​ကြ၏။ စိတ်​နှ​လုံး​ယို​ယွင်း၍ ယုံ​ကြည်​ယောင်​ဆောင်​သော​သူ ဖြစ်​ကြ၏။-

ဇေ​ရ​သား​အာ​ခန်​သည် ကျိန်​အပ်​သော​အ​ရာ၌ ပြစ်​မှား၍ အ​မျက်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ပေါ်​မှာ ရောက်​သည်​မ​ဟုတ်​လော။ ထို​သူ​သည် ပြစ်​မှား​သော​အ​ပြစ်​ကြောင့် တစ်​ယောက်​တည်း​သာ သေ​ရ​သည်​မ​ဟုတ်​ဟု ဆို​ကြ၏။

သို့​ရာ​တွင် ယု​ဒ​အ​မျိုး၊ ဇေ​ရ၊ ဇာ​ဗ​ဒိ၊ ကာ​မိ​တို့​မှ ဆင်း​သက်​သော အာ​ခန်​သည်၊ ကျိန်​အပ်​သော​အ​ရာ​ကို​သိမ်း​ယူ၍ ထို​အ​ရာ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြစ်​မှား​သော​အ​ပြစ်​ရှိ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့၌ အ​မျက်​ထွက်​တော်​မူ၏။

အာ​ဣ​မြို့​သား​တို့​သည် လူ​သုံး​ဆယ်​ခြောက်​ယောက်​တို့​ကို သတ်​ကြ၏။ မြို့​တံ​ခါး​မှ​သည် ရှေ​ဗ​ရိမ်​အ​ရပ်​တိုင်​အောင်​လိုက်၍၊ ထို​အ​ရပ်၌ ဆင်း​ရာ​တွင် လုပ်​ကြံ​ကြ​သော​ကြောင့်၊ လူ​များ​တို့၏​စိတ်​နှ​လုံး​သည် အ​ရည်​ကျို၍ ရေ​ကဲ့​သို့​ဖြစ်​လေ၏။

လူ​များ​တို့​သည် ယ​နေ့​တွေ့​မိ​သော ရန်​သူ၏​ဥ​စ္စာ​ကို​စား​ချင်​တိုင်း​စား​လျှင်၊ အ​ဘယ်​မျှ​လောက် အ​ကျိုး​ကြီး​လိမ့်​မည် တ​ကား။ ဖိ​လိ​တ္တိ​လူ​တို့​ကို​သာ၍ လုပ်​ကြံ​ကြ​လိမ့်​မည်​တ​ကား​ဟု ဆို​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ