မြို့သားနည်းသော မြို့ငယ်တစ်မြို့ရှိ၏။ ကြီးသော ရှင်ဘုရင်တစ်ပါးသည်လာ၍၊ ထိုမြို့ပြင်မှာ ကြီးစွာသောတပ်တို့ကို တည်၍ ဝိုင်းထား၏။
နောက်တစ်ဖန်ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် ဗိုလ်ခြေအပေါင်းကို စုဝေးစေသဖြင့် စစ်ချီ၍ ရှမာရိမြို့ကို ဝိုင်းထား၏။
နေအောက်မှာ ငါတွေ့မြင်၍ ချီးမွမ်းဖွယ်သောပညာဟူမူကား၊
အကြောင်းမူကား၊ သင့်ကို ကြည့်ရှုပြုစုတော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့်၊ သင်၏ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည်၍ လေးမျက်နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊-
သို့ရာတွင် မစားရသောသစ်ပင်တို့ကို ခုတ်လှဲ၍၊ သင်နှင့်စစ်တိုက်သောမြို့ကို မအောင်မီတိုင်အောင်၊ စစ်တိုက်ရာတန်ဆာတို့ကို ဆောက်လုပ်ရသောအခွင့်ရှိ၏။