Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 8:7

Judson Bible

နောက်​ဖြစ်​လ​တ္တံ့​သော​အ​ရာ​ကို​မ​သိ။ အ​ဘယ်​သို့ ဖြစ်​လ​တ္တံ့​သည်​ကို တစ်​စုံ​တစ်​ယောက်​မျှ မ​ပြော​နိုင်​ရာ။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

မိ​ဖု​ရား​ဧ​သ​တာ​သည် မိ​မိ​ပြင်​ဆင်​သော​ပွဲ​သို့ ငါ​မှ​တစ်​ပါး၊ အ​ဘယ်​သူ​ကို​မျှ ရှင်​ဘု​ရင်​နှင့်​အ​တူ မ​ဝင်​စေ။ နက်​ဖြန်​နေ့၌​လည်း ရှင်​ဘု​ရင်​နှင့်​အ​တူ ငါ့​ကို​ဖိတ်​ပြန်၏။

သူ​တို့​ဘေး​သည် ချက်​ချင်း​ရောက်​တတ်၏။ ထို​နှစ်​ပါး​တို့၏​အ​ဆုံး​ကို အ​ဘယ်​သူ​သိ​သ​နည်း။

နက်​ဖြန်​နေ့​ကို အ​မှီ​ပြု၍ မ​ဝါ​ကြွား​နှင့်။ တစ်​ရက် အ​တွင်း​တွင် အ​ဘယ်​သို့ ဖြစ်​လိမ့်​မည်​ကို မ​သိ​နိုင်။

အ​ထပ်​ထပ်​ဆုံး​မ​ခြင်း​ကို​ခံ​သော်​လည်း၊ မိ​မိ​လည်​ပင်း​ကို ခိုင်​မာ​စေ​သော​သူ​သည် ကိုး​ကွယ်​ရာ​မ​ရ၊ ရုတ်​တ​ရက် ပျက်​စီး​လိမ့်​မည်။

မိုက်​သော​သူ​သည် စ​ကား​များ​တတ်၏။ သို့​သော်​လည်း​ဖြစ်​လ​တ္တံ့​သော​အ​ရာ​ကို လူ​သည် မ​ပြော​နိုင်​ရာ။ လူ​နောက်၌ အ​ဘယ်​သို့​ဖြစ်​လ​တ္တံ့​သည်​ကို အ​ဘယ်​သူ ပြော​နိုင်​သ​နည်း။

လူ​သည် မိ​မိ​ပြု​မူ​ရာ၌ ပျော်​မွေ့​ခြင်း​အ​မှု​ထက် သာ၍​ကောင်း​သော​အ​မှု မ​ရှိ​သည်​ကို ငါ​သိ​မြင်၏။ ထို​အ​မှု​သည် သူ၏​အ​ဖို့ ဖြစ်၏။ သူ​သည် မိ​မိ​နောက်​မှာ အ​ဘယ်​သို့​ဖြစ်​လ​တ္တံ့​သည်​ကို သိ​မြင်​မည်​အ​ကြောင်း၊ အ​ဘယ်​သူ​ဆောင်​ခဲ့​လိမ့်​မည်​နည်း။

အ​ရိပ်​ကဲ့​သို့ လွန်​တတ်​သော​အ​န​တ္တ​အ​သက် ကာ​လ​ပတ်​လုံး၊ လူ၌ ကျေး​ဇူး​ပြု​တတ်​သော​အ​ရာ​ကို အ​ဘယ်​သူ​သိ​နိုင်​သ​နည်း။ နေ​အောက်၌ လူ​နောက်​မှာ ဖြစ်​လ​တ္တံ့​သော​အ​မှု​အ​ရာ​တို့​ကို​လည်း၊ အ​ဘယ်​သူ​ပြော​နိုင်​သ​နည်း။

ကောင်း​စား​သည်​ကာ​လ၌ ဝမ်း​မြောက်​လော့။ ဆင်း​ရဲ​ခံ​ရ​သည်​ကာ​လ၌ ဆင်​ခြင်​လော့။ လူ​သည် မိ​မိ​နောက်​မှာ ဖြစ်​လ​တ္တံ​သော အ​မှု​အ​ရာ​ကို​သိ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ကောင်း​စား​ခြင်း​နှင့် ဆင်း​ရဲ​ခြင်း​ကို​လည်း အ​လှည့်​လှည့် ပေး​တော်​မူ၏။

အ​ထက်​ဆို​ခဲ့​ပြီး​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို ငါ​သည် စုံ​စမ်း​ခြင်း​ငှာ ဆင်​ခြင်​ရ​သည်​ကား၊ ဖြောင့်​မတ်​သော​သူ​နှင့် ပ​ညာ​ရှိ​သော​သူ​တို့​သည် သူ​တို့​ပြု​သော​အ​မှု​များ​နှင့်​တ​ကွ၊ ဘု​ရား​သ​ခင်၏​လက်​တော်၌ ရှိ​ကြ၏။ ချစ်​တော်​မူ​သော​လ​က္ခ​ဏာ​ကို ထင်​ရှား​သ​မျှ​သော​အ​မှု​အ​ရာ​အား​ဖြင့် အ​ဘယ်​သူ​မျှ မ​သိ​နိုင်။

လူ​သည် မိ​မိ​ကာ​လ​အ​ချိန်​ကို မ​သိ​တတ်။ ဘေး​ပြု​ရာ ပိုက်​ကွန်​အုပ်​မိ​သော​ငါး​ကဲ့​သို့​လည်း​ကောင်း၊ ကျော့​ကွင်း၌ ကျော့​မိ​သော​ငှက်​ကဲ့​သို့​လည်း​ကောင်း၊ လူ​သား​တို့​သည် ဘေး​ပြု​ရာ​ကာ​လ​ထဲ​သို့ အ​မှတ်​တ​မဲ့​ရောက်၍ ကျော့​မိ​တတ်​ကြ၏။

ထို​ကြောင့် သင်​တို့​သည် ပြင်​ဆင်​လျက်​နေ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့ မ​ထင်​မ​မှတ်​သော အ​ချိန်​နာ​ရီ၌ လူ​သား​သည် ကြွ​လာ​လိမ့်​မည်။

ထို​ကျွန် မ​ကြည့်​မ​မျှော်​သော​နေ့​ရက်၊ မ​ကြား​မ​သိ​သော အ​ချိန်​နာ​ရီ၌ သ​ခင်​သည် ရောက်​လာ​လျှင်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ