ဘုရားသခင့်ရှေ့တော်၌ ပြုသောသစ္စာကိုထောက်၍၊ ရှင်ဘုရင်အမိန့်တော်ကို စောင့်လော့။
သို့သော်လည်း ဒါဝိဒ်နှင့်ရှောလု၏သားယောနသန်တို့သည် ထာဝရဘုရားရှေ့တော်၌ တစ်ယောက်နှင့်တစ်ယောက် သစ္စာကတိထားသောကြောင့်၊ ရှင်ဘုရင်သည် ရှောလု၏သားယောနသန်မြင်သော မေဖိဗောရှက်ကို နှမြောတော်မူ၏။
သို့ဖြစ်၍ ထာဝရဘုရား၏သစ္စာတော်ကိုလည်းကောင်း၊ ငါမှာထားသော ပညတ်ကိုလည်းကောင်း အဘယ်ကြောင့်မစောင့်သနည်းဟု မိန့်တော်မူပြီးမှ၊
မှူးတော်မတ်တော်၊ အရာကြီးသောသူ အပေါင်းတို့နှင့် ဒါဝိဒ်မင်းကြီး၏ သားတော်အပေါင်းတို့သည် ရှောလမုန်မင်းကြီး၏ အုပ်စိုးခြင်းကို ဝန်ခံကြ၏။
အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း၏ဥစ္စာကို ငါမယူဟု နှစ်ဦးသဘောတူလျက်၊ ထာဝရဘုရားရှေ့မှာ အကျိန်ခံရလျှင်၊ ဥစ္စာရှင်သည် ဝန်ခံရမည်။ အပ်နှံခံသူလည်း မလျော်ရ။
ငါ့သား၊ ထာဝရဘုရားကိုလည်းကောင်း၊ ရှင်ဘုရင်ကိုလည်းကောင်း၊ ကြောက်ရွံ့လော့။ မတည်ကြည်သောသူတို့နှင့် မရောနှောမပေါင်းဖော်နှင့်။
လူတို့သည် အထွတ်အမြတ်အာဏာစက်၏ အုပ်စိုးခြင်းကို ဝန်ခံစေခြင်းငှာလည်းကောင်း၊ မင်း၏စကားကို နားထောင်စေခြင်းငှာလည်းကောင်း၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြု၍ အသင့်ဖြစ်စေခြင်းငှာလည်းကောင်း၊-
တောထဲသို့ဝင်သောအခါ ပျားရည်စက်စက်ကျလျက် ရှိသော်လည်း၊ အကျိန်တော်ကို ကြောက်သောကြောင့်၊ အဘယ်သူမျှ မိမိလက်ကို မိမိပါးစပ်၌မထည့်။