Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 8:15

Judson Bible

ထို​အ​ခါ ပျော်​မွေ့​ခြင်း​အ​မှု​ကို ငါ​ချီး​မွမ်း၏။ အ​ကြောင်း​မူ​ကား၊ လူ​သည်​နေ​အောက်​မှာ စား​သောက်​ခြင်း၊ ပျော်​မွေ့​ခြင်း​အ​မှု​ထက် သာ၍​ကောင်း​သော​အ​မှု မ​ရှိ။ နေ​အောက်​မှာ ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော​အ​သက်​ကာ​လ၌၊ ကြိုး​စား​အား​ထုတ်၍​ရ​သော အ​ကျိုး​တို့​တွင်၊ ထို​အ​ကျိုး​ကို​သာ အ​မြဲ​ခံ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် နေ့​အ​ခါ သ​နား​ခြင်း​ကျေး​ဇူး​တော်​ကို ပေး​ချ​တော်​မူ၏။ ည​အ​ခါ၌​လည်း ဂုဏ်​တော်​ကို သီ​ချင်း​ဆို​လျက်၊ ငါ့၏​အ​သက်​သ​ခင်​ကို ပ​တ္ထ​နာ​ပြု​လျက် ငါ​နေ၏။

တစ်​ဖန် ငါ​သည် ကိုယ်​စိတ်​နှ​လုံး​ထဲ​မှာ​ပြော​သည်​ကား၊ လာ​ပါ။ ရွှင်​လန်း​ခြင်း​အား​ဖြင့် သင့်​ကို​ငါ​စုံ​စမ်း​မည်။ သို့​ဖြစ်၍၊ ကာ​မ​ဂုဏ်၌ ပျော်​မွေ့​လော့​ဟု​ဆို​ရာ​တွင်၊ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်လေ၏။

ငါ့​မျက်​စိ​တပ်​မက်​လို​ချင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​မ​ငြင်း၊ ငါ့​စိတ်​ရွှင်​လန်း​စ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပယ်။ ငါ​ကြိုး​စား​သ​မျှ​တို့၌ ဝမ်း​မြောက်​လျက်​ရှိ၍၊ ကြိုး​စား​ခြင်း​အ​ကျိုး​ကို ခံ​ရ၏။

စား​သောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ကြိုး​စား​အား​ထုတ်​ရာ၌ စိတ်​နှ​လုံး​ပျော်​မွေ့​ခြင်း​ငှာ​လည်း​ကောင်း၊ လူ၌​ကောင်း​သော​အ​ခွင့် မ​ရှိ။ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကြောင့်​သာ၊ ထို​သို့​သော​အ​ခွင့်​ကို ရ​နိုင်​သည်​ဟု ငါ​သိ​မြင်၏။

တစ်​ဖန် လူ​သား​တို့​သည် မိုး​ကောင်း​ကင်​အောက်၌၊ တစ်​သက်​လုံး ပြု​သင့်​သော​အ​မှု​ကောင်း​ကို သိ​အံ့​သော​ငှာ၊ ပ​ညာ​တ​ရား​ကို​လေ့​ကျက်​လျက်​နှင့်၊ စ​ပျစ်​ရည်​အ​လို​သို့​လိုက်၍၊ မိုက်​သော​အ​ကျင့်​ဓ​လေ့၌ ကျင်​လည်​ခြင်း​ငှာ၊ ငါ​ကြံ​စည်၏။

လူ​သည် မိ​မိ​ပြု​မူ​ရာ၌ ပျော်​မွေ့​ခြင်း​အ​မှု​ထက် သာ၍​ကောင်း​သော​အ​မှု မ​ရှိ​သည်​ကို ငါ​သိ​မြင်၏။ ထို​အ​မှု​သည် သူ၏​အ​ဖို့ ဖြစ်၏။ သူ​သည် မိ​မိ​နောက်​မှာ အ​ဘယ်​သို့​ဖြစ်​လ​တ္တံ့​သည်​ကို သိ​မြင်​မည်​အ​ကြောင်း၊ အ​ဘယ်​သူ​ဆောင်​ခဲ့​လိမ့်​မည်​နည်း။

ငါ​သိ​မြင်​သော​အ​ရာ​ဟူ​မူ​ကား၊ စား​သောက်​ခြင်း​အ​မှု၊ နေ​အောက်၌ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​သက်​ရှည်​သ​မျှ ကာ​လ​ပတ်​လုံး၊ ကြိုး​စား​အား​ထုတ်၍ ရ​သော​အ​ကျိုး၌ ပျော်​မွေ့​ခြင်း​အ​မှု​ကို ပြု​ကောင်း၏။ လျောက်​ပတ်၏။ ထို​အ​မှု​သည် လူ၏​အ​ဖို့​ဖြစ်၏။

ဤ​ဘ​ဝ၌ ငွေ​ရ​တတ်​သော​သူ​တို့​သည် မာန်​မာ​န စိတ်​နှင့် ကင်း​လွတ်၍၊ မ​မြဲ​သော​စည်း​စိမ်​ကို မ​ကိုး​စား​ဘဲ၊ ငါ​တို့​ခံ​စား​ဖို့​ရာ အ​လုံး​စုံ​တို့​ကို​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​သော၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​ရ​မည်​အ​ကြောင်း​နှင့်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ