Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 7:7

Judson Bible

အ​ကယ်​စင်​စစ်၊ ညှဉ်း​ဆဲ​ခြင်း​သည် ပ​ညာ​ရှိ​သော​သူ​ကို ရူး​စေ​တတ်၏။ တံ​စိုး​သည်​လည်း စိတ်​နှ​လုံး​ကို ယို​ယွင်း​စေ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သင်​သည် တံ​စိုး​မ​စား​ရ။ တံ​စိုး​သည် ပ​ညာ​ရှိ​တို့၏​မျက်​စိ​ကို​ကွယ်​စေ၍၊ ဖြောင့်​မတ်​သော​သူ​တို့၏​စ​ကား​ကို လွဲ​စေ​တတ်၏။

မ​တ​ရား​သော​သူ​သည် တ​ရား​လမ်း​ကို​ဖျက်​သော အ​ဖိုး​တံ​စိုး​ကို သူ​တစ်​ပါး၏​ခါး​ပိုက်​အိတ်​ထဲ​က နှိုက်​ယူ​တတ်၏။

လက်​ဆောင်​သည် ခံ​သော​သူ​အ​ထင်​အ​တိုင်း ကျောက်​မြတ်​ကဲ့​သို့ ဖြစ်၍၊ မျက်​နှာ​ပြု​လေ​ရာ​ရာ၌ အောင်​တတ်၏။

တစ်​ဖန်​တုံ၊ နေ​အောက်​မှာ​ပြု​သ​မျှ​သော ညှဉ်း​ဆဲ​ခြင်း​တို့​ကို ငါ​ထပ်၍​ဆင်​ခြင်၏။ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် ငို​ကြွေး​သော်​လည်း၊ ချမ်း​သာ​ပေး​နိုင်​သော​သူ​မ​ရှိ။ ညှဉ်း​ဆဲ​တတ်​သော​သူ​တို့​သည် တန်​ခိုး​ရှိ​သ​ဖြင့် ချမ်း​သာ​ပေး​နိုင်​သော​သူ မ​ရှိ။

ကျေး​ရွာ၌ ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​ခြင်း၊ တ​ရား​လမ်း​မှ​လွှဲ၍၊ မ​တ​ရား​သ​ဖြင့် အ​နိုင်​အ​ထက်​စီ​ရင်​ဆုံး​ဖြတ်​ခြင်း အ​မှု​ကို​မြင်​လျှင်၊ ထို​သို့​သော​အ​ကြံ​ရှိ​သည်​ကို အံ့​ဩ​ခြင်း​မ​ရှိ​နှင့်။ ကြီး​မြင့်​သော​သူ တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​မှတ်​သ​ကဲ့​သို့၊ အ​ကြီး​ဆုံး၊ အ​မြင့်​ဆုံး​သော​သူ​သည် ကြည့်​မှတ်​လျက် ရှိ​တော်​မူ၏။

ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို ငါ​တွေ့​မြင်​ပြီ။ နေ​အောက်​မှာ ပြု​လေ​သ​မျှ​တို့​ကို ဆင်​ခြင်​ပြီ။ မိ​မိ​အ​ကျိုး​ပျက်​အောင် တစ်​ယောက်​ကို​တစ်​ယောက် အုပ်​စိုး​သော​အ​ချိန်​လည်း​ရှိ၏။

သင်​၏​မင်း​တို့​သည် ပုန်​ကန်​ကြ​ပြီ။ သူ​ခိုး​လက်​ခံ​ဖြစ်​ကြ​ပြီ။ ထို​မင်း​အ​ပေါင်း​တို့​သည် လက်​ဆောင်​ကို အ​လို​ရှိ​ကြ​၏။ တံ​စိုး​ကို​စား​ကြ​၏။ မိ​ဘ​မ​ရှိ​သော​သူ​တို့​အ​ဖို့ တ​ရား​မ​စီ​ရင်​ကြ။ မု​ဆိုး​မ​အ​မှု​ကို နား​မ​ထောင်​ကြ။

တ​ရား​သ​ဖြင့်​ကျင့်၍ ဖြောင့်​မတ်​စွာ ပြော​ထ​သော၊ ညှဉ်း​ဆဲ​ခြင်း​အား​ဖြင့် ရ​သော​ငွေ​ကို ရွံ၍၊ တံ​စိုး​ကို​လည်း ငြင်း​ပယ်​ထ​သော၊ လူ​အ​သက်​သတ်​ခြင်း​အ​မှု​ကို နား​မ​ခံ၊ အ​ဓ​မ္မ​အ​မှု​များ​ကို မ​ကြည့်​မ​ရှု​သော​သူ​သည် မြင့်​သော​အ​ရပ်၌ နေ​လိမ့်​မည်။

သင်​သည် တ​ရား​လမ်း​မှ မ​လွှဲ​ရ။ လူ​မျက်​နှာ​ကို မ​ထောက်​ရ။ တံ​စိုး​ကို မ​စား​ရ။ တံ​စိုး​သည် ပ​ညာ​ရှိ​မျက်​စိ​ကို ကွယ်​စေ​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​စ​ကား​ကို ကောက်​စေ​တတ်၏။

ထို​လူ​မျိုး​တို့​တွင် သင်​သည် သက်​သာ​ခြင်း​မ​ရှိ​ရာ၊ နေ​ရာ​မ​ကျ​ရာ။ နှ​လုံး​တုန်​လှုပ်​ခြင်း၊ မျက်​စိ​မျှော်၍ အား​ကုန်​ခြင်း၊ ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​သ​ဖြင့်၊

ဤ​အ​ရပ်၌ ယ​ခု ငါ​ရှိ၏။ အ​ဘယ်​သူ၏​နွား​ကို ငါ​ယူ​ဖူး​ပြီ​နည်း။ အ​ဘယ်​သူ၏ မြည်း​ကို​ယူ​ဖူး​ပြီ​နည်း။ အ​ဘယ်​သူ​ကို လှည့်​စား​ဖူး​ပြီ​နည်း။ အ​ဘယ်​သူ​ကို ညှဉ်း​ဆဲ​ဖူး​ပြီ​နည်း။ ကိုယ်​မျက်​စိ​ကို ကွယ်​စေ​ခြင်း​ငှာ အ​ဘယ်​သူ​လက်​မှ တံ​စိုး​ကို​ခံ​ဖူး​ပြီ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ ဘိ​သိက်​တော်​ကို ခံ​သော​သူ​ရှေ့​မှာ ငါ့​တစ်​ဖက်၌ သက်​သေ​ခံ​ကြ​လော့။ သူ့​ဥ​စ္စာ​ကို ငါ​ယူ​မိ​လျှင် ပြန်​ပေး​ပါ​မည်​ဟု ဣ​သ​ရေ​လ လူ​အ​ပေါင်း​တို့​အား ပြော​ဆို​သော်၊

အာ​ခိတ်​မင်း​က​လည်း ကြည့်​ကြ​လော့။ ဤ​သူ​သည် အ​ရူး​ဖြစ်၏။ အ​ဘယ်​ကြောင့် ငါ့​ထံ​သို့ သွင်း​ကြ​သ​နည်း။

သို့​ရာ​တွင် အ​ဘ​လမ်း​သို့​မ​လိုက်။ ငွေ​ကို​တပ်​မက်​သော​စိတ်​နှင့် လွဲ​သွား၍ တံ​စိုး​စား​လျက် တ​ရား​ကို​ဖျက်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ