Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 7:16

Judson Bible

လွန်​ကျူး​စွာ မ​ဖြောင့်​မတ်​နှင့်။ လွန်​ကျူး​စွာ ပ​ညာ​မ​ရှိ​နှင့်။ အ​ဘယ်​ကြောင့် ကိုယ်​အ​ကျိုး​ကို ဖျက်​ချင်​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ပင်​သည် စား​ဖွယ်​ကောင်း​ခြင်း၊ အ​ဆင်း​လည်း​လှ​ခြင်း၊ ပ​ညာ​တိုး​ပွား​စေ​လို​သော​ငှာ၊ နှစ်​သက်​ဖွယ်​သော​အ​ပင်​ဖြစ်​ခြင်း​ကို မိန်း​မ​သည်​မြင်​လျှင်၊ အ​သီး​ကို ယူ၍​စား၏။ မိ​မိ​ခင်​ပွန်း​အား​လည်း​ပေး၍ သူ​သည်​လည်း​စား၏။

သို့​သော်​လည်း ရိုင်း​သော​မြည်း​က​လေး​သည် လူ​အ​ဖြစ်​သို့​ရောက်​သော​အ​ခါ၊ လူ​မိုက်​သည် ပ​ညာ​သ​တိ​ရ​လိမ့်​မည်။

လူ​တို့​အား​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သည် ပ​ညာ​ဖြစ်​ကြောင်း​နှင့်၊ ဒု​စ​ရိုက်​ကို​ရှောင်​ခြင်း​သည် ဉာဏ်​ဖြစ်​ကြောင်း​ကို မိန့်​တော်​မူ​ပြီ​ဟု မြွက်​ဆို၏။

ငွေ​ရ​တတ်​ခြင်း​ငှာ မ​ကြိုး​စား​နှင့်။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။

ပျား​ရည်​ကို တွေ့​သ​လော။ ဝ​ရုံ​သာ​စား​တော့။ အ​စား​ကြူး​လျှင် ရင်​ပြည့်၍ အန်​ရ​လိမ့်​မည်။

တစ်​ဖန်​တုံ၊ ငါ့​သား၊ ထို​သို့​သော​စ​ကား​အား​ဖြင့် ဆုံး​မ​ခြင်း​ကို ခံ​လော့။ စာ​များ​ကို​စီ​ရင်၍ မ​ကုန်​နိုင်။ စာ​ကို ကြိုး​စား၍ ကြည့်​ရှု​ခြင်း​အ​မှု​သည်၊ ကိုယ်​ကို နှောင့်​ယှက်​သော​အ​မှု​ဖြစ်၏။

လျှို့​ဝှက်​သော ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပ​ရော​ဖက်​မှ​စ၍ ဖြောင့်​မတ်​သော​သူ​တို့၏ သင်္ချိုင်း​တွင်း​နှင့် အ​ရိုး​အိုး​တို့​ကို တည်​လုပ်၍ တန်​ဆာ​ဆင်​သ​ဖြင့်၊-

သင်​တို့​နေ​သော​အိမ်​သည် သင်​တို့၌ လူ​ဆိတ်​ညံ​လျက် ကျန်​ရစ်​ရ၏။-

သူ​တို့​သည် ပြု​သ​မျှ​သော​အ​ကျင့်​အ​မှု​တို့​ကို လူ​များ​ရှေ့​မှာ ထင်​ရှား​စေ​ခြင်း​ငှာ ပြု​ကြ၏။ ကျယ်​သော လက်​ဖွဲ့​တို့​ကို​လည်း​ကောင်း၊ ကြီး​သော ပန်း​ပွား​တို့​ကို​လည်း​ကောင်း ဝတ်​လေ့​ရှိ​ကြ၏။-

ထို​အ​ခါ ယော​ဟန်၏ တ​ပည့်​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ အ​ကျွန်ုပ်​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် အ​ဖန်​တ​လဲ​လဲ အ​စာ​ရှောင်​ကြ​သည်​ဖြစ်၍၊ အ​ဘယ်​ကြောင့် ကိုယ်​တော်၏​တ​ပည့်​တို့​သည် အ​စာ​မ​ရှောင်​ဘဲ နေ​ကြ​ပါ​သ​နည်း​ဟု လျှောက်​ကြ၏။-

အ​ကျွန်ုပ်​သည် ခု​နစ်​ရက်​တွင် နှစ်​ရက်​အ​စာ​ရှောင်​ပါ၏။ ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို ဆယ်​ဖို့​တစ်​ဖို့ လှူ​ပါ၏​ဟူ၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။-

ထို​သူ​တို့​သည် မှန်​သော​ပ​ညာ​မ​ရှိ​သော်​လည်း၊ ဘု​ရား​သ​ခင်​ဘက်၌ စိတ်​အား​ကြီး​သည်​ဟု သူ​တို့​အ​ဖို့ ငါ​သက်​သေ​ခံ၏။-

ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဝါ​ကြွား​သော​စိတ် မ​ရှိ​စေ​မည်​အ​ကြောင်း၊ တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မ​ဝင်​မီ​တိုင်​အောင်၊ ဣ​သ​ရေ​လ​လူ​အ​ချို့​တို့​ကို မှောင်​မိုက်​ဖုံး​လွှမ်း​ခြင်း​အ​ကြောင်း​တည်း ဟူ​သော နက်​နဲ​သော​အ​ရာ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ။-

သင်​တို့​သည် ကိုယ်​ကို​ထင်​သင့်​သည် အ​တိုင်း​ထက် လွန်၍​မ​ထင်​ဘဲ၊ ဘု​ရား​သ​ခင်​သည် လူ​အ​သီး​အ​သီး​တို့​အား ယုံ​ကြည်​ခြင်း​ကို ဝေ​ပေး​တော်​မူ​သည်​နှင့်​အ​ညီ၊ ကိုယ်​ကို လျောက်​ပတ်​စွာ ထင်​ရ​မည်​အ​ကြောင်း ငါ​သည် ကိုယ်​ခံ​ရ​သော ကျေး​ဇူး​တော်​ကို​အ​မှီ​ပြု​လျက်၊ သင်​တို့​တွင် ရှိ​သ​မျှ​သော​သူ​တို့​ကို မှာ​ထား၏။-

အ​ဘယ်​သူ​မျှ ကိုယ်​ကို မ​လှည့်​ဖြား​စေ​နှင့်။ သင်​တို့​တွင် အ​ကြင်​သူ​သည် ဤ​လော​က၌ ပ​ညာ​ရှိ​ဖြစ်​သည်​ဟု ကိုယ်​ကို​ထင်၏။ ထို​သူ​သည် ပ​ညာ​ရှိ​အ​ဖြစ်​သို့ ရောက်​လို​သော​ငှာ လူ​မိုက်​ဖြစ်​ပါ​စေ။-

တစ်​ဖန်​တုံ၊ ပ​ညာ​ရှိ​တို့၏ အ​ကြံ​အ​စည်​တို့​သည် အ​ချည်း​နှီး​ဖြစ်​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ၏​ဟု လာ​သ​တည်း။-

စိတ်​အား​ကြီး​ခြင်း​ကို မေး​သော်၊ ငါ​သည် အ​သင်း​တော်​ကို ညှဥ်း​ဆဲ​သော​သူ​ဖြစ်၏။ ပ​ညတ်​တ​ရား​အား​ဖြင့်​ရ​သော ဖြောင့်​မတ်​ခြင်း​ကို မေး​ပြန်​သော်၊ ငါ​သည် အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော​သူ​ဖြစ်၏။-

ဦး​ခေါင်း​တော်​ကို အ​မှီ​မ​ပြု၊ ဇာ​တိ​ပ​က​တိ၏ စိတ်​နှ​လုံး အ​ချည်း​နှီး​ထောင်​လွှား​လျက်၊ မိ​မိ​မ​သိ​မ​မြင်​သော​အ​ရာ​ကို စူး​စမ်း​လျက်၊ စိတ်​နှိမ့်​ချ​ခြင်း၌​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​ကို ကိုး​ကွယ်​ခြင်း၌​လည်း​ကောင်း မွေ့​လျော်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ သင်​တို့​ဆု​ကို မ​လု​မ​ယူ​စေ​နှင့်။-

ထို​သို့​သော ပ​ညတ်​တို့​သည် ကိုယ်​အ​သား​ကို ဝ​ပြော​စွာ ကျွေး​မွေး​ခြင်း​နှင့်​မ​ဆိုင်၊ ကိုယ်​အ​လို​အ​လျောက် ကိုး​ကွယ်​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း၊ ကိုယ်​ကာ​ယ​ကို နှိပ်​စက်​ခြင်း​နှင့်​ဆိုင်၍၊ ပ​ညာ​ရှိ​ယောင်​ဆောင်​ကြ၏။

မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​ကို မ​ပြု​ရ​ဟူ၍​လည်း​ကောင်း၊ ယုံ​ကြည်၍ သ​မ္မာ​တ​ရား​ကို သိ​သော​သူ​တို့​သည် ကျေး​ဇူး​တော်​ကို သိ​သော​စိတ်​နှင့်​တ​ကွ သုံး​ဖို့​ရာ၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ​သော အ​စာ​မျိုး​ကို ရှောင်​ရ​မည်​ဟူ၍​လည်း​ကောင်း ပ​ညတ်​ထား​ကြ​လိမ့်​မည်။-

ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း၊ ပင်​လယ်​ကူး​သော သင်္ဘော​ကို​ပိုင်​သော သူ​အ​ပေါင်း​တို့​အား ကိုယ်​စည်း​စိမ်​ကို​ပေး၍ ငွေ​ရ​တတ်​စေ​သော မြို့​ကြီး၊ တစ်​နာ​ရီ​ချင်း​တွင် ပျက်​စီး​ပါ​ပြီ တ​ကား​ဟူ၍​လည်း​ကောင်း အော်​ဟစ်​လျက်၊ မြေ​မှုန့်​ကို မိ​မိ​တို့​ခေါင်း​ပေါ်​မှာ ပစ်​တင်​လျက် ငို​ကြွေး၍ စိတ်​မ​သာ ညည်း​တွား​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ