လွန်သောနေ့ရက်ကာလကို များစွာမအောက်မေ့ရ။ စိတ်နှလုံးရွှင်လန်းသောအခွင့်ကို ဘုရားသခင် ပေးသနားတော်မူ၏။
ခံပြီးသောဒုက္ခဆင်းရဲကို မေ့လျော့လိမ့်မည်။ လွန်သွားပြီးသော ရေကိုကဲ့သို့ အောက်မေ့လိမ့်မည်။
ဖြောင့်မတ်သောသူ၌ နည်းသောဥစ္စာသည် မတရားသောသူကြီးတို့၌ ကြွယ်ဝသောဥစ္စာထက် သာ၍ကျေးဇူးရှိ၏။
သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ သင်၏မုန့်ကိုလည်းကောင်း၊ ရေကိုလည်းကောင်း၊ ကောင်းချီးပေးတော်မူမည်။ အနာရောဂါကိုလည်း သင်၏အထဲက နုတ်ယူပယ်ရှားတော်မူမည်။
လူတို့တွင် အတွေ့များ၍၊ နေအောက်၌ ငါမြင်ရသောအမှုဆိုးဟူမူကား၊
ဝမ်းမြောက်သောစိတ်နှင့် ဖြောင့်မတ်စွာ ကျင့်သောသူ၊ တရားတော်လမ်းတို့၌ ကိုယ်တော်ကို အောက်မေ့သောသူတို့နှင့် ကိုယ်တော်သည် မိတ်သဟာယဖွဲ့တော်မူ၏။ ထိုလမ်းတို့မှ အကျွန်ုပ်တို့သည် အစဉ်လွှဲတတ်သောကြောင့် အမျက်ထွက်တော်မူ၏။ ကယ်တင်ခြင်းသို့ ရောက်ရကြပါမည်လော။
ထိုကြောင့်၊ ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။-
သင်သည် ဥစ္စာကြွယ်ဝသောအခါ၊ ဝမ်းမြောက်ရွှင်လန်းသောစိတ်နှင့် သင်၏ဘုရားသခင် ထာဝရဘုရား၏ အမှုတော်ကို မဆောင်မရွက်သောကြောင့်၊