Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 4:8

Judson Bible

လူ​သည် အ​ဖော်​အ​ဖက်၊ သား​သ​မီး၊ ညီ​အစ်​ကို​မ​ရှိ၊ တစ်​ယောက်​တည်း​ဖြစ်​သော်​လည်း၊ ကြိုး​စား​အား​ထုတ်၍ မ​ကုန်​နိုင်။ မိ​မိ​စည်း​စိမ်​ကို​မြင်၍ မ​ရောင့်​ရဲ​နိုင်။ ငါ​သည်​ကိုယ်​ကို​ညှဉ်း​ဆဲ၍၊ အ​ဘယ်​သူ​အ​ဖို့ ကြိုး​စား​အား​ထုတ်​သ​နည်း​ဟု မ​မေး​တတ်။ ဤ​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​အ​မှု၊ အ​လွန်​ပင်​ပန်း​စေ​သော​အ​မှု​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ ယောက်ျား​သည် တစ်​ယောက်​တည်း​မ​နေ​ကောင်း၊ သူ​နှင့်​တော်​သော အ​ထောက်​အ​မ​ကို သူ့​ဖို့​ငါ​လုပ်​ဦး​မည်​ဟု အ​ကြံ​ရှိ​တော်​မူ​၏။

အ​ကယ်​စင်​စစ်​လူ​သည် အ​ရိပ်၌​သာ ကျင်​လည်​ပါ၏။ အ​ကယ်​စင်​စစ် လူ​တို့​သည် အ​ကျိုး​မဲ့ ပင်​ပန်း​ကြ​ပါ၏။ ဥ​စ္စာ​ကို​ဆည်း​ပူး​သော်​လည်း အ​ဘယ်​သူ​ရ​အံ့​သည်​ကို မ​သိ​ရ​ပါ။

ယ​ခု​မူ​ကား၊ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့ မျှော်​လင့်​ရ​ပါ​မည်​နည်း။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၌​သာ မျှော်​လင့်​စ​ရာ​အ​ကြောင်း​ရှိ​ပါ၏။

မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ဗ​ဒ္ဒုန်​နိုင်​ငံ​သည် အ​လို​မ​ပြည့်​စုံ​သ​ကဲ့​သို့၊ လူ​တို့​မျက်​စိ​သည် အ​လို​မ​ပြည့်​စုံ​တတ်။

မိုး​ကောင်း​ကင်​အောက်၌ ပြု​သ​မျှ​တို့​ကို ဉာဏ်​ပ​ညာ​အား​ဖြင့်၊ ရှာ​ဖွေ​စစ်​ဆေး​ခြင်း​ငှာ နှ​လုံး​ထား၏။ လူ​သား​တို့ ကျင်​လည်​ရာ​ဖို့ ထို​ပင်​ပန်း​စေ​သော​အ​မှု​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ​ပြီ။

ခပ်​သိမ်း​သော​အ​ရာ​တို့​သည် လူ​မ​ပြော​နိုင်​အောင် ပင်​ပန်း​ခြင်း​နှင့် ယှဉ်​ကြ၏။ မျက်​စိ​သည်​မြင်၍ မ​ကုန်​တတ်။ နား​သည်​လည်း ကြား၍​မ​ဝ​တတ်။

အ​ကြောင်း​မူ​ကား၊ ပ​ညာ​ရှိ​လျက် သိ​ပ္ပံ​အ​တတ်​နှင့် ပြည့်​စုံ​လျက်၊ အ​မှု​အောင်​လျက် ကြိုး​စား​အား​ထုတ်​သော​သူ ဖြစ်​သော်​လည်း၊ မ​ကြိုး​စား၊ အား​မ​ထုတ်​သော​သူ​ဝင်​စ​ရာ​ဖို့ ထို​အ​မှု​ကို​စွန့်​ထား​ရ​မည်။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​အ​မှု၊ အ​လွန်​ဆိုး​သော​အ​မှု​ဖြစ်၏။

သူ၏​နေ့​ရက်​အ​ပေါင်း​တို့​သည် ဝမ်း​နည်း​ခြင်း၊ သူ၏​အ​လုပ်​အ​ကိုင်​လည်း ငြို​ငြင်​ခြင်း​ဖြစ်၏။ ည​အ​ခါ၌​ပင် သူ၏​စိတ်​နှ​လုံး မ​ငြိမ်​ရ။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။

တစ်​ဖန် ငါ​ထပ်၍၊ နေ​အောက်​မှာ အ​န​တ္တ​အ​မှု​ကို ဆင်​ခြင်​သော​အ​ရာ​ဟူ​မူ​ကား၊

ငွေ​ကို​တပ်​မက်​သော​သူ​သည် ငွေ​နှင့် အ​လို​ဆ​န္ဒ​မ​ပြေ​နိုင်။ စည်း​စိမ်​ကို တပ်​မက်​သော​သူ​သည် စည်း​စိမ် တိုး​ပွား​သော်​လည်း မ​ရောင့်​ရဲ​နိုင်။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။

မြေ​ကြီး​က​ဖြစ်​သော စီး​ပွား​သည် အ​လုံး​စုံ​တို့​အ​ဖို့ ဖြစ်၏။ ရှင်​ဘု​ရင်​သော်​လည်း၊ လယ်၏​ကျေး​ဇူး​ကို ခံ​ရ၏။

မိ​မိ​တို့​သည် မြေ၏​အ​လယ်၌ တစ်​စု​တည်း​နေ​ရာ​ကျ၍၊ လပ်​သော​အ​ရပ်​မ​ရှိ​စေ​ခြင်း​ငှာ၊ အိမ်​တစ်​ဆောင်​နှင့် တစ်​ဆောင်​ကို​လည်း​ကောင်း၊ လယ်​တစ်​ကွက်​နှင့် တစ်​ကွက်​ကို​လည်း​ကောင်း၊ ဆက်​တတ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

အ​စာ​မ​ဟုတ်​သော​အ​ရာ​အ​ဖို့ သင်​တို့​ငွေ​ကို​လည်း​ကောင်း၊ အ​မွတ်​မ​ပြေ​နိုင်​သော အ​ရာ​အ​ဖို့ သင်​တို့​ဥ​စ္စာ​ကို​လည်း​ကောင်း၊ အ​ဘယ်​ကြောင့် ကုန်​စေ​ကြ​သ​နည်း။ ငါ့​စ​ကား​ကို စေ့​စေ့​နား​ထောင်​လျက်၊ ကောင်း​သော​အ​စာ​ကို စား​ကြ​လော့။ သင်​တို့၏​ဝိ​ညာဉ်​သည် ချို​သော​အ​ရာ​တို့၌ မိ​မိ​ကို​မိ​မိ မွေ့​လျော်​စေ​လိမ့်​မည်။

ဝန်​လေး၍ ပင်​ပန်း​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့ လာ​ကြ​လော့။ ငါ​သည် ချမ်း​သာ​ပေး​မည်။-

ထို​သို့ အ​ကြံ​ရှိ​စဉ်​တွင် ဘု​ရား​သ​ခင်​က၊ အ​ချင်း​လူ​မိုက်၊ ယ​နေ့​ည​ပင် သင်၏​ဝိ​ညာဉ်​ကို ရုပ်​သိမ်း​ရာ​အ​ချိန် ရောက်​လိမ့်​မည်။ သို့​ဖြစ်၍ သင်​သည် ပြင်​ဆင်​သို​ထား​သော ဥ​စ္စာ​ကို အ​ဘယ်​သူ​ပိုင်​မည်​နည်း​ဟု သူ​ဌေး​အား မိန့်​တော်​မူ၏။-

လော​က၌​ရှိ​သ​မျှ​သော အ​ရာ​တည်း​ဟူ​သော ကိုယ်​ကာ​ယ​တပ်​မက်​ခြင်း၊ မျက်​စိ​တပ်​မက်​ခြင်း၊ လော​ကီ​စည်း​စိမ်၌ ဝါ​ကြွား​ခြင်း​တို့​သည် ခ​မည်း​တော်​နှင့်​မ​စပ်​ဆိုင်၊ လော​က​နှင့်​သာ စပ်​ဆိုင်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ