သို့ဖြစ်၍၊ သေလွန်ပြီးသော လူသေသည် အသက်ရှင်သေးသောလူရှင်ထက် သာ၍မင်္ဂလာရှိသည်ဟု ငါဆိုရ၏။
ထိုကြောင့်၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုသောအမှုသည် ငါ၌ခက်ခဲ၏။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်ကြ၏။
ကောင်းသောအသရေသည် နံ့သာဆီထက် သာ၍ကောင်း၏။ သေရသောနေ့သည်လည်း ဖွားမြင်သောနေ့ထက် သာ၍ကောင်း၏။
သေသောသူအတွက် ငိုကြွေးမြည်တမ်းခြင်းကိုမပြုကြနှင့်။ အခြားတစ်ပါးသို့ သွားသောသူအတွက် ငိုကြွေးခြင်းကို ပြုကြလော့။ သူသည် နောက်တစ်ဖန် ပြန်၍မလာရ။ မိမိမွေးဖွားရာဌာနကို မမြင်ရ။