လူတစ်ယောက်သည် တစ်ယောက်ကိုနိုင်လျှင် ထိုလူကို နှစ်ယောက်ဆီးတားနိုင်၏။ သုံးလွန်းတင်သော ကြိုးသည်လည်း အလွယ်တကူ မပြတ်တတ်။
ထိုသူရဲသုံးယောက်တို့သည် ဖိလိတ္တိတပ်ကိုဖျက်၍ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲကရေကိုခပ်ယူပြီးလျှင် ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့ကြ၏။ သို့သော်လည်း၊ ဒါဝိဒ်သည်မသောက်ဘဲ ထာဝရဘုရားရှေ့တော်၌သွန်းလျက်၊
ဗိုလ်များထက်သာ၍ မြတ်သော်လည်း၊ ပထမသူရဲသုံးယောက်တို့ကို မမီ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ်အရာကိုလည်း ပေး၏။
သူနောက်မှာ အဟောဟိအမျိုး ဒေါဒေါသားဧလာဇာသည် ဒါဝိဒ်နှင့်အတူလိုက်သော သူရဲသုံးယောက်အဝင် ဖြစ်၏။ စစ်တိုက်ခြင်းငှာစုဝေးသော ဖိလိတ္တိလူတို့ကို ကြိမ်းပ၍ ဣသရေလလူတို့သည် ဆုတ်သွားသောအခါ၊
လူသည်နှစ်ယောက်အတူအိပ်လျှင် နွေးတတ်၏။ တစ်ယောက်တည်းသောသူမူကား၊ အဘယ်သို့ နွေးနိုင်သနည်း။
ဆုံးမခြင်းကိုမခံ၊ အသက်ကြီး၍ မိုက်သောရှင်ဘုရင်ထက်၊ ပညာရှိသော ဆင်းရဲသားသူငယ်သည် သာ၍မြတ်၏။
အသင့်အတင့် ပေါင်းဖော်ခြင်း အဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်း စိတ်သဘော မခြားမနား တစ်လုံးတစ်ဝတည်းဖြစ်အံ့သောငှာ ကြိုးစားအားထုတ်ကြလော့။-