ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှ အသီးအသီးတို့ကို ပြုရသောအချိန်ရှိ၏။
ဧလိရှဲက၊ ထိုလူသည် သင့်ကိုကြိုဆိုအံ့သောငှာ၊ ရထားပေါ်မှလှည့်သောအခါ၊ ငါ့စိတ်ဝိညာဉ်သည် သင်နှင့်အတူ မလိုက်သလော။ ငွေကိုခံယူချိန် ရှိသလော။ အဝတ်၊ သံလွင်ဥယျာဉ်၊ စပျစ်ဥယျာဉ်၊ သိုးနွား၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမကို သိမ်းယူချိန်ရှိသလော။
ထိုသို့မနာရှေသည် ဆင်းရဲဒုက္ခကို ခံရသောအခါ၊ မိမိဘုရားသခင် ထာဝရဘုရားကိုတောင်းပန်၍၊ ဘိုးဘေးတို့၏ ဘုရားသခင့်ရှေ့မှာ ကိုယ်ကို အလွန်နှိမ့်ချလျက်၊
လူသည် ပြန်ပြောသောစကားအားဖြင့် ဝမ်းမြောက်စရာအကြောင်းရှိ၏။ အချိန်တန်၍ ပြောသောစကားသည်လည်း အလွန်လျောက်ပတ်ပေ၏။
ပြင်အရပ်မှာ သင်၏အလုပ်ကို ပြင်လော့။ လယ်တော၌ ကိုယ်အဖို့ ပြင်ဆင်လော့။ နောက်မှ သင်၏နေရာအိမ်ကို ဆောက်လော့။
မိုးကောင်းကင်အောက်၌ ပြုသမျှတို့ကို ဉာဏ်ပညာအားဖြင့်၊ ရှာဖွေစစ်ဆေးခြင်းငှာ နှလုံးထား၏။ လူသားတို့ ကျင်လည်ရာဖို့ ထိုပင်ပန်းစေသောအမှုကို ဘုရားသခင်ပေးတော်မူပြီ။
ထိုကြောင့်၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုသောအမှုသည် ငါ၌ခက်ခဲ၏။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်ကြ၏။
တစ်ဖန် လူသားတို့သည် မိုးကောင်းကင်အောက်၌၊ တစ်သက်လုံး ပြုသင့်သောအမှုကောင်းကို သိအံ့သောငှာ၊ ပညာတရားကိုလေ့ကျက်လျက်နှင့်၊ စပျစ်ရည်အလိုသို့လိုက်၍၊ မိုက်သောအကျင့်ဓလေ့၌ ကျင်လည်ခြင်းငှာ၊ ငါကြံစည်၏။
ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့၏အမှုနှင့်၊ မတရားသောသူတို့၏အမှုကို စစ်ကြောစီရင်တော်မူမည်ဟု ငါအောက်မေ့၏။ အကြောင်းမူကား၊ ခပ်သိမ်းသောအကြံ၊ ခပ်သိမ်းသောအမှုတို့ကို စစ်ကြောစီရင်ရသောအချိန် ရှိ၏။
ကောင်းစားသည်ကာလ၌ ဝမ်းမြောက်လော့။ ဆင်းရဲခံရသည်ကာလ၌ ဆင်ခြင်လော့။ လူသည် မိမိနောက်မှာ ဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကိုလည်း အလှည့်လှည့် ပေးတော်မူ၏။
ရောက်ပြီးမှ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းသည် ဆုံးရှုံးပြီ။ စည်းဝေးရသောအချိန်ကို လွန်စေပြီဟု ဟစ်ကြ၏။
နံနက်ယံ၌ကား၊ ယခု မိုးအုံ့လျက်ရှိ၏။ နီမောင်းသောအဆင်းလည်း ရှိ၏။ ယနေ့ မိုးသက်မုန်တိုင်း လာလိမ့်မည်ဟု ဆိုတတ်ကြ၏။ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မိုးကောင်းကင်၏မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ကပ်ကာလ၏ နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍ မသိနိုင်ကြ။-