ယနေ့ကျွန်တော်အသက် ရှစ်ဆယ်ရှိပါပြီ။ ကောင်းမကောင်းကို ကျွန်တော်ပိုင်းခြား၍ သိနိုင်ပါမည်လော။ ကိုယ်တော်ကျွန်သည် အစားအသောက် အရသာကို မြည်းနိုင်ပါမည်လော။ သီချင်းသည်ယောက်ျား၊ သီချင်းသည်မိန်းမ ဆိုသောအသံကို ကြားနိုင်ပါမည်လော။ ကိုယ်တော်ကျွန်သည် အရှင်မင်းကြီးကို အဘယ်ကြောင့် နှောင့်ယှက်ရပါမည်နည်း။