Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 2:4

Judson Bible

ကြီး​ကျယ်​သော​အ​လုပ်​ကို စီ​ရင်၍ အိမ်​တို့​ကို ဆောက်၏။ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို​လည်း စိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

လာ​ကြ၊ မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​ကွဲ​ပြား​မည်​ကို​စိုး​ရိမ်၍၊ မြို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​သို့​မီ​ရ​သော ရဲ​တိုက်​ကို​လည်း​ကောင်း​တည်​လုပ်​သ​ဖြင့်၊ ကျော်​စော​ကိ​တ္တိ​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​ကုန်​အံ့​ဟု ပြော​ဆို​ကြ၏။

အ​ဗ​ရှ​လုံ​သည် အ​သက်​ရှင်​စဉ်​အ​ခါ၊ ငါ၏​နာ​မ​သည် မ​ပျောက် အ​မြဲ​တည်​မည်​အ​ကြောင်း၊ သား​မ​ရှိ​ဟု​ဆို​လျက် ရှင်​ဘု​ရင်​ချိုင့်​တွင် ကိုယ်​အ​ဖို့ ကျောက်​တိုင်​ကို​စိုက်၍ မိ​မိ​နာ​မ​ဖြင့်​သ​မုတ်​သော​ကြောင့်၊ ယ​နေ့​တိုင်​အောင် အ​ဗ​ရှ​လုံ၏​အောင်​တိုင်​ဟူ၍ တွင်​သ​တည်း။

ငါ​သည်​သင်​နှင့်​လည်း​ကောင်း၊ ငါ့​ခ​မည်း​တော်​သည် သင့်​ခ​မည်း​တော်​နှင့်​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ရှိ​သည်​ဖြစ်၍၊ ရွှေ​ငွေ​ကို ငါ​လက်​ဆောင်​ပေး​လိုက်၏။ ဣ​သ​ရေ​လ ရှင်​ဘု​ရင်​ဗာ​ရှာ​သည် ငါ့​ထံ​မှ ထွက်​သွား​စေ​ခြင်း​ငှာ၊ သူ​နှင့်​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ကို​ဖျက်၍​လာ​ပါ​ဟု မှာ​လိုက်​လေ၏။

ရှော​လ​မုန်​သည် ဗိ​မာန်​တော်​နှင့် နန်း​တော်​ကို လက်​စ​သတ်၍၊ မိ​မိ​အ​လို​ဆ​န္ဒ​ရှိ​သ​မျှ ပြည့်​စုံ​သော​အ​ခါ၊

ရာ​မ​မြို့​သား​ရှိ​မိ​သည် စ​ပျစ်​ဥ​ယျာဉ်​တော်​ကို​လည်း​ကောင်း၊ ရှိ​ဖ​မိ​မြို့​သား ဇ​ဗ​ဒိ​သည် စ​ပျစ်​သီး​နှင့် စ​ပျစ်​ရည်​တိုက်​တို့​ကို​လည်း​ကောင်း အုပ်​ရ၏။

တော၌​လည်း ရဲ​တိုက်​တို့​ကို တည်၏။ ရေ​တွင်း​များ​ကို​လည်း တူး၏။ ချိုင့်​ဝှမ်း​ရာ​အ​ရပ်​နှင့် မြေ​ညီ​ရာ​အ​ရပ်၌ များ​စွာ​သော သိုး​နွား​တို့​ကို ဆည်း​ပူး၍ တောင်​အ​ရပ်၊ မြေ​ကောင်း​သော​အ​ရပ်၌ လယ်​လုပ်​သော​သူ​နှင့် စ​ပျစ်​ဥ​ယျာဉ် ပြု​စု​သော​သူ​တို့​ကို​လည်း စေ​စား၏။ ထို​သို့​သော​အ​မှု​များ​ကို ဝါ​သ​နာ​ရှိ၏။

ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​ကို၊ ရှော​လ​မုန်​သည် ဒါ​ဝိဒ်​မြို့​မှ​ခေါ်၍ သူ့​အ​ဖို့ တည်​ဆောက်​သော နန်း​တော်​သို့ ဆောင်​ခဲ့၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ရောက်​လာ​သော​အ​ရပ်​သည် သန့်​ရှင်း​သော​ကြောင့်၊ ငါ့​မ​ယား​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​အိမ်​တော်၌ မ​နေ​သင့်​ဟု သ​ဘော​ရှိ၏။

မိ​မိ​တို့​အိမ်​သည် ထာ​ဝ​ရ​ဖြစ်​လိမ့်​မည်။ မိ​မိ​တို့​နေ​ရာ​လည်း လူ​မျိုး​အ​စဉ်​အ​ဆက် တည်​လိမ့်​မည်။ မိ​မိ​တို့​နာ​မ​သည် မြေ​ပေါ်​မှာ ကျော်​စော​လိမ့်​မည်​ဟု သူ​တို့​စိတ်​ထင်​ရှိ​ကြ၏။

ငါ​ချစ်​ရာ​သ​ခင်​သည် အင်္ဂေ​ဒိ​ဥ​ယျာဉ်​မှ ဖြစ်​သော ဟင်္နာ​ခက်​ရွက်​စည်း​ကဲ့​သို့ ဖြစ်​ပါ၏။

နံ​နက်​စော​စော​ထ၍ စ​ပျစ်​ဥ​ယျာဉ်​သို့ သွား​ကြ​ကုန်​အံ့။ စ​ပျစ်​နွယ်​ပင် သန်​သည် မ​သန်​သည်​ကို​လည်း​ကောင်း၊ အ​ပွင့်​များ​သည် မ​များ​သည်​ကို​လည်း​ကောင်း၊ သ​လဲ​ပင်​ပွင့်​သည် မ​ပွင့်​သည်​ကို​လည်း​ကောင်း၊ ကြည့်​ရှု​ကြ​ကုန်​အံ့၊ ထို​အ​ရပ်၌ ကျွန်​မ၏​မေ​တ္တာ​ကို ကိုယ်​တော်၌ အပ်​ပေး​ပါ​မည်။

ငါ​ချစ်​ရာ​သ​ခင်၏ စ​ပျစ်​ဥ​ယျာဉ်​တော်​ကို​အ​ကြောင်း​ပြု၍၊ မေ​တ္တာ​သီ​ချင်း​ကို ရှေ့​တော်၌​ဆို​ပေ​အံ့။ မြေ​ကောင်း​သော​တောင်​ပေါ်​မှာ ငါ​ချစ်​ရာ​သ​ခင်၏ စ​ပျစ်​ဥ​ယျာဉ်​တော် တစ်​ဆူ​ရှိ၏။

ဤ​မြို့​ကား၊ ငါ့​နိုင်​ငံ​တည်​ရာ၊ ငါ့​ရွှေ​ဘုန်း​တော်​ကို ချီး​မြှောက်​ရာ​ဖို့၊ ငါ့​တန်​ခိုး အာ​နု​ဘော်​အား​ဖြင့် ငါ​တည်​လုပ်​သော ဗာ​ဗု​လုန်​မြို့​ကြီး မ​ဟုတ်​လော​ဟု မြွက်​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ