Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 2:21

Judson Bible

အ​ကြောင်း​မူ​ကား၊ ပ​ညာ​ရှိ​လျက် သိ​ပ္ပံ​အ​တတ်​နှင့် ပြည့်​စုံ​လျက်၊ အ​မှု​အောင်​လျက် ကြိုး​စား​အား​ထုတ်​သော​သူ ဖြစ်​သော်​လည်း၊ မ​ကြိုး​စား၊ အား​မ​ထုတ်​သော​သူ​ဝင်​စ​ရာ​ဖို့ ထို​အ​မှု​ကို​စွန့်​ထား​ရ​မည်။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​အ​မှု၊ အ​လွန်​ဆိုး​သော​အ​မှု​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၍၊ လက်​ယာ​ဘက်​လက်​ဝဲ​ဘက်​သို့ မ​လွှဲ၊ အ​ဘ​ဒါ​ဝိဒ်​လိုက်​သော​လမ်း​သို့ လိုက်​လေ၏။

ယော​ရှိ​မင်း​နှင့် ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ စည်း​ဝေး​သော ယု​ဒ​ပြည်၊ ဣ​သ​ရေ​လ​ပြည်​သား၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​ခံ​သော ထို​ပ​သ​ခါ​ပွဲ​ကဲ့​သို့​သော​ပွဲ​ကို ပ​ရော​ဖက်​ရှ​မွေ​လ​လက်​ထက်​မှ​စ၍ ဣ​သ​ရေ​လ​နိုင်​ငံ၌​မ​ခံ။ ထို​သို့​သော​ပ​သ​ခါ​ပွဲ​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင် တစ်​ယောက်​မျှ​မ​ခံ။

ယ​ခု​မူ​ကား၊ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့ မျှော်​လင့်​ရ​ပါ​မည်​နည်း။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၌​သာ မျှော်​လင့်​စ​ရာ​အ​ကြောင်း​ရှိ​ပါ၏။

ထင်​ရှား​သော​အ​ရာ​ဟူ​မူ​ကား၊ ပ​ညာ​ရှိ​သော​သူ​တို့​သည် သေ​တတ်​ကြ၏။ ထို​အ​တူ မိုက်​သော​သူ​နှင့် တိ​ရ​စ္ဆာန်​သ​ဘော​ရှိ​သော သူ​တို့​သည် ပျက်​စီး​ခြင်း​သို့​ရောက်၍၊ မိ​မိ​တို့​ဥ​စ္စာ​ကို သူ​တစ်​ပါး​တို့၌ ချန်​ထား​ကြ၏။

မိ​မိ​တို့​အိမ်​သည် ထာ​ဝ​ရ​ဖြစ်​လိမ့်​မည်။ မိ​မိ​တို့​နေ​ရာ​လည်း လူ​မျိုး​အ​စဉ်​အ​ဆက် တည်​လိမ့်​မည်။ မိ​မိ​တို့​နာ​မ​သည် မြေ​ပေါ်​မှာ ကျော်​စော​လိမ့်​မည်​ဟု သူ​တို့​စိတ်​ထင်​ရှိ​ကြ၏။

ထို​ကြောင့် နေ​အောက်​မှာ ငါ​ကြိုး​စား​အား​ထုတ်​သ​မျှ​တို့၌ မျှော်​လင့်​စ​ရာ​မ​ရှိ။ စိတ်​ပျက်​အောင် တစ်​ဖန်​ငါ​ကြံ​စည်၏။

တစ်​ဖန် ကြိုး​စား​အား​ထုတ်​ခြင်း​အ​မှု​နှင့်၊ ကောင်း​မွန်​စွာ ပြီး​စီး​သော​အ​မှု အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ ထို​သို့​သော​အ​မှု​တို့​ကြောင့် သူ​တစ်​ပါး​ငြူ​စူ​ကြောင်း​ကို​လည်း​ကောင်း ငါ​ဆင်​ခြင်၏။ ထို​အ​မှု​အ​ရာ​သည် အ​န​တ္တ​အ​မှု၊ လေ​ကို ကျက်​စား​သော​အ​မှု​ဖြစ်၏။

လူ​သည် အ​ဖော်​အ​ဖက်၊ သား​သ​မီး၊ ညီ​အစ်​ကို​မ​ရှိ၊ တစ်​ယောက်​တည်း​ဖြစ်​သော်​လည်း၊ ကြိုး​စား​အား​ထုတ်၍ မ​ကုန်​နိုင်။ မိ​မိ​စည်း​စိမ်​ကို​မြင်၍ မ​ရောင့်​ရဲ​နိုင်။ ငါ​သည်​ကိုယ်​ကို​ညှဉ်း​ဆဲ၍၊ အ​ဘယ်​သူ​အ​ဖို့ ကြိုး​စား​အား​ထုတ်​သ​နည်း​ဟု မ​မေး​တတ်။ ဤ​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​အ​မှု၊ အ​လွန်​ပင်​ပန်း​စေ​သော​အ​မှု​ဖြစ်၏။

ပ​ညာ​သည် စစ်​လက်​နက်​ထက် သာ၍​ကောင်း​မြတ်၏။ ဒု​စ​ရိုက်​ကို​ပြု​သော​သူ​သည်​လည်း၊ ကောင်း​သော​အ​မှု​များ​ကို ဖျက်​ဆီး​တတ်၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် အာ​ရဇ်​သစ်​သား၏​ဂုဏ်​ကို ကိုး​စား​သော​ကြောင့် စိုး​စံ​ရ​မည်​လော။ သင်၏​အ​ဘ​သည် ဝ​စွာ​စား​သောက်​ရ​သည် မ​ဟုတ်​လော။ တ​ရား​သ​ဖြင့် စီ​ရင်​ဆုံး​ဖြတ်​သည် မ​ဟုတ်​လော။ ထို​သို့​ပြု၍ ကောင်း​စား​ခြင်း​ရှိ၏။

သင်၏​မျက်​စိ​နှင့် သင်၏​နှ​လုံး​မူ​ကား၊ လော​ဘ​လွန်​ကျူး​ခြင်း၊ အ​ပြစ်​မ​ရှိ​သော​သူ​ကို သတ်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​မှ​တစ်​ပါး၊ အ​ဘယ်​အ​မှု​ကို​မျှ မ​မှတ်​တတ်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ