Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 2:16

Judson Bible

ယ​ခု​ဖြစ်​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို နောင်​ကာ​လ၌ မေ့​လျော့​လိမ့်​မည်​ဖြစ်၍၊ မိုက်​သော​သူ​သည် အ​စဉ်​မ​အောက်​မေ့​သ​ကဲ့​သို့၊ ပ​ညာ​ရှိ​သော​သူ​ကို​လည်း အ​စဉ်​မ​အောက်​မေ့​တတ်။ ပ​ညာ​ရှိ​သော​သူ​သည် မိုက်​သော​သူ​သေ​သ​ကဲ့​သို့ သေ​တတ်​ပါ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​သည် အာ​ဗ​နာ​အ​တွက် မြည်​တမ်း​သည်​ကား၊ အာ​ဗ​နာ​သည် လူ​မိုက်​ကဲ့​သို့​သေ​သ​လော။

လေ​သည်​လွန်​သွား​လျှင် အ​ပွင့်​ပျောက်၍၊ သူ၏​နေ​ရာ​သည် နောက်​တစ်​ဖန် သူ့​ကို​မ​သိ​ရာ။

ထင်​ရှား​သော​အ​ရာ​ဟူ​မူ​ကား၊ ပ​ညာ​ရှိ​သော​သူ​တို့​သည် သေ​တတ်​ကြ၏။ ထို​အ​တူ မိုက်​သော​သူ​နှင့် တိ​ရ​စ္ဆာန်​သ​ဘော​ရှိ​သော သူ​တို့​သည် ပျက်​စီး​ခြင်း​သို့​ရောက်၍၊ မိ​မိ​တို့​ဥ​စ္စာ​ကို သူ​တစ်​ပါး​တို့၌ ချန်​ထား​ကြ၏။

အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို မှောင်​မိုက်​သော အ​ရပ်၌​လည်း​ကောင်း၊ ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​ကို မေ့​လျော့​ရာ​ပြည်၌​လည်း​ကောင်း သိ​ရ​ကြ​ပါ​မည်​လော။

ယော​သပ်​နှင့်​အစ်​ကို​များ​မှ​စ၍၊ ထို​ကာ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သေ​ကြ​ကုန်​၏။

ထို​နောက်​မှ​အဲ​ဂု​တ္တု​ပြည်၌ ယော​သပ်​ကို​မ​သိ​သော ရှင်​ဘု​ရင်​သစ်​ပေါ်​လာ၏။

ပ​ညာ​သ​တိ​ရှိ​သော သူ၏​ပ​ညာ​ကား၊ ကိုယ်​သွား​ရ​သော​လမ်း​ကို သိ​ခြင်း​တည်း။ မိုက်​သော​သူ၏​မိုက်​ခြင်း​မူ​ကား၊ ပ​ရိ​ယာယ်​တည်း။

ရှေး​ဖြစ်​ဖူး​သော​အ​မှု​အ​ရာ​တို့​ကို မေ့​လျော့​တတ်၏။ နောက်​ဖြစ်​လ​တ္တံ့​သော အ​မှု​အ​ရာ​တို့​ကို​လည်း၊ ထို​အ​မှု​အ​ရာ​နောက်၌ ဖြစ်​လ​တ္တံ့​သော​သူ​တို့​သည် မေ့​လျော့​ကြ​လိမ့်​မည်။

ပ​ညာ​ရှိ​သော​သူ၏​မျက်​စိ​တို့​သည် သူ၏​ဦး​ခေါင်း၌ ရှိ၏။ မိုက်​သော​သူ​မူ​ကား၊ မှောင်​မိုက်၌ ကျင်​လည်​တတ်၏။ သို့​သော်​လည်း ထို​သူ​အ​ပေါင်း​တို့​သည် တစ်​ခု​တည်း​သော​အ​မှု​နှင့် တွေ့​ကြုံ​တတ်​သည်​ကို ငါ​ရိပ်​မိ၏။

သို့​ဖြစ်၍၊ မိုက်​သော​သူ​တွေ့​ကြုံ​သ​ကဲ့​သို့၊ ငါ​သည်​တွေ့​ကြုံ​လျှင်၊ အ​ဘယ်​ကြောင့် သူ့​ထက်​သာ၍ ပ​ညာ​ရှိ​သ​နည်း ဟူ၍​လည်း​ကောင်း၊ ဤ​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်​သည်​ဟူ​လည်း​ကောင်း ငါ​အောက်​မေ့၏။

ပ​ညာ​ရှိ​သော​သူ​သည် မိုက်​သော​သူ​ထက် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ အ​သက်​ရှင်​သော​သူ​များ​ရှေ့​မှာ ကျင့်​ကြံ​ပြု​မူ​တတ်​သော ဆင်း​ရဲ​သား၏​အ​ကျိုး​ကျေး​ဇူး​ကား အ​ဘယ်​သို့​နည်း။

မ​သာ​အိမ်​သို့​သွား​ခြင်း​သည်၊ ပွဲ​ခံ​ရာ​အိမ်​သို့​သွား​ခြင်း​ထက် သာ၍​ကောင်း၏။ အ​ကြောင်း​မူ​ကား၊ လူ​ခပ်​သိမ်း​တို့​သည် မ​သာ​အိမ်၌ လမ်း​ဆုံး​ရ​ကြ၏။ အ​သက်​ရှင်​လျက်​ရှိ​သော​သူ​တို့​လည်း၊ အ​သင့်​နှ​လုံး​သွင်း​မိ​ကြ​လိမ့်​မည်။

ထို​မှ​တစ်​ပါး၊ သန့်​ရှင်း​ရာ​အ​ရပ်​ဌာ​န​တော်​သို့ သွား​လာ​သော အ​ဓ​မ္မ​လူ​တို့​သည် သင်္ဂြိုဟ်​ခြင်း​ခံ​ရ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​ပြု​ဖူး​သော​မြို့၌ သူ​တို့​ကို အ​ဘယ်​သူ​မျှ မ​အောက်​မေ့​ကြောင်း​ကို​လည်း​ကောင်း ငါ​မြင်​ပြီ။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။

ထို​မြို့၌​နေ​သော ဆင်း​ရဲ​သား​ပ​ညာ​ရှိ​တစ်​ယောက်​သည် မိ​မိ​ပ​ညာ​အား​ဖြင့် ထို​မြို့​ကို​ကယ်​တင်၏။ သို့​သော်​လည်း၊ ထို​ဆင်း​ရဲ​သား​ကို အ​ဘယ်​သူ​မျှ​မ​အောက်​မေ့။

အ​သက်​ရှင်​သော​သူ​သည် မိ​မိ​သေ​ရ​မည်​ကို​သိ၏။ သေ​သော​သူ​မူ​ကား၊ အ​ဘယ်​အ​ရာ​ကို​မျှ​မ​သိ။ အ​ကျိုး​အ​ပြစ်​ကို​လည်း မ​ခံ​ရ။ သူ့​ကို​လည်း မေ့​လျော့​တတ်​ကြ၏။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော သူ​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် နှုတ်​ဆက်၍ ပြော​ဆို​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း နား​ထောင်၍ ကြား​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ နာ​မ​တော်​ကို အောက်​မေ့​သော သူ​တို့​အ​ဖို့၊ ရှေ့​တော်​တွင် စာ​ရင်း၌ မှတ်​သား​လျက်​ရှိ၏။

လူ​သည် တစ်​ခါ​တည်း​သေ၍ ထို​နောက်​မှ တ​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​ရ​သ​ကဲ့​သို့၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ