သို့ရာတွင်၊ အလင်းသည် မှောင်မိုက်ထက်မြတ်သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက် မြတ်သည်ကို ငါသိမြင်၏။
နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။
နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကိုပေး၍၊ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်ပါ၏။
ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွားရသောလမ်းကို သိခြင်းတည်း။ မိုက်သောသူ၏မိုက်ခြင်းမူကား၊ ပရိယာယ်တည်း။
ရွှေကိုရတတ်ခြင်းထက် ပညာကိုရတတ်ခြင်းသည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဉာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း၏။
ပုဆိန်တုံးသောအခါ မသွေးဘဲနေလျှင် သာ၍ အားထုတ်ရမည်။ ပညာသည် အမှုဆောင်ရသောအခွင့်ကို ပေး၍ ကျေးဇူးကြီး၏။
အကယ်စင်စစ် အလင်းသည် ချို၏။ နေရောင်ခြည်ကိုမြင်၍ ပျော်ပါးစရာရှိ၏။
မြို့ထဲမှာနေသော သူရဲတစ်ကျိပ်ထက် ပညာရှိသောသူတစ်ယောက်သည် ပညာအားဖြင့်သာ၍ တန်ခိုးကြီး၏။
ထိုအခါ ငါဆိုသည်ကား၊ ပညာသည် ခွန်အားထက်သာ၍ကောင်းမြတ်၏။ သို့သော်လည်း၊ ဆင်းရဲသောသူ၏ပညာကို မထီမဲ့မြင်ပြုတတ်ကြ၏။ သူ၏စကားကို နားမထောင်တတ်ကြ။
ပညာသည် စစ်လက်နက်ထက် သာ၍ကောင်းမြတ်၏။ ဒုစရိုက်ကိုပြုသောသူသည်လည်း၊ ကောင်းသောအမှုများကို ဖျက်ဆီးတတ်၏။
တစ်ဖန် သင်တို့သည် ပြောင်းလဲ၍ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကို ဆောင်သောသူ၊ မဆောင်သောသူတို့ကို ပိုင်းခြား၍ သိရကြလိမ့်မည်။
မျက်စိမြှေးယှက်လျှင် တစ်ကိုယ်လုံးမိုက်လိမ့်မည်။ သင်၏ အလင်းသော်ကား၊ မှောင်မိုက်ဖြစ်လျှင် ထိုအမိုက်သည် အလွန်မိုက်စွတကား။-
အထက်ကာလ၌ သင်တို့သည် မှောင်မိုက်အတိ ဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏သားကဲ့သို့ ကျင့်နေကြလော့။-