Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 2:11

Judson Bible

ထို​အ​ခါ ငါ​စီ​ရင်​ပြု​ပြင်​သ​မျှ၊ ငါ​ကြိုး​စား​အား​ထုတ်​သ​မျှ​တို့​ကို ငါ​ကြည့်​ရှု၍၊ အ​လုံး​စုံ​တို့​သည် အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်​ကြ၏။ နေ​အောက်​မှာ​ကောင်း​သော​အ​ကျိုး တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည် မိ​မိ​ဖန်​ဆင်း​သ​မျှ​သော​အ​ရာ​တို့​ကို​ကြည့်​ရှု​လျှင်၊ အ​လွန်​ကောင်း​သည်​ကို မြင်​တော်​မူ​၍၊ ည​ဉ့်ဦး​နှင့် နံ​နက်​သည် ဆ​ဋ္ဌ​မ​နေ့​ရက်​ဖြစ်​လေ​၏။

အ​ကျွန်ုပ်၏​အ​သက်​တာ​သည် အ​ဘယ်​မျှ​လောက် တို​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​မျှ​လောက် ပျက်​တတ်​စေ​ခြင်း​ငှာ၊ လူ​သား​အ​ပေါင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သည်​ကို​လည်း​ကောင်း၊ အောက်​မေ့​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​လုပ်​ရှိ​သ​မျှ​ကို ပြီး​စီး​စေ​ခြင်း​ငှာ၊ လုပ်​ကြောင်း​ကို မော​ရှေ​သိ​မြင်​သော​အ​ခါ၊ သူ​တို့​ကို ကောင်း​ချီး​ပေး​လေ၏။

နေ​အောက်​မှာ ပြု​လေ​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို​ငါ​မြင်​ပြီ။ အ​လုံး​စုံ​တို့​သည် အ​န​တ္တ​အ​မှု၊ လေ​ကို ကျက်​စား​သော​အ​မှု ဖြစ်​ကြ၏။

ပ​ညာ​တ​ရား​ကို​လည်း​ကောင်း၊ လျှပ်​ပေါ်​ခြင်း​နှင့် မိုက်​မဲ​ခြင်း​တို့​ကို​လည်း​ကောင်း ပိုင်း​ခြား၍ သိ​အံ့​သော​ငှာ ငါ​သည်​နှ​လုံး​ထား၏။ ထို​အ​မှု​သည်​လည်း၊ လေ​ကို ကျက်​စား​သော​အ​မှု​ဖြစ်​သည်​ကို ရိပ်​မိ၏။

လူ​သည် နေ​အောက်​မှာ ကြိုး​စား​အား​ထုတ်​သ​မျှ​တို့၌ အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။

လုပ်​ကိုင်​သော​သူ​သည် ကြိုး​စား​အား​ထုတ်​ရာ​တွင်၊ အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။

ငွေ​ကို​တပ်​မက်​သော​သူ​သည် ငွေ​နှင့် အ​လို​ဆ​န္ဒ​မ​ပြေ​နိုင်။ စည်း​စိမ်​ကို တပ်​မက်​သော​သူ​သည် စည်း​စိမ် တိုး​ပွား​သော်​လည်း မ​ရောင့်​ရဲ​နိုင်။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။

သူ​သည် လာ​သ​ကဲ့​သို့ အ​လျှင်း​မ​ခြား​နား​ဘဲ၊ သွား​ရ​သော​မှု​အ​ရာ​သည် အ​လွန်​ဆိုး​သော အ​မှု​အ​ရာ​ဖြစ်၏။ လေ​ကို​ရ​အံ့​သော​ငှာ ကြိုး​စား​အား​ထုတ်​သော​သူ​သည် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။

လူ​များ​တို့​သည် မီး​ထဲ​မှာ လုပ်​ဆောင်၍၊ အ​မျိုး​မျိုး​တို့​သည် အ​ချည်း​နှီး​သော အ​မှု၌ ပင်​ပန်း​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​ပြီ။

ရောင့်​ရဲ​သော​စိတ်​ပါ​လျှင်၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​သည် ကြီး​စွာ​သော အ​ကျိုး​စီး​ပွား​မှန်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ