Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 2:1

Judson Bible

တစ်​ဖန် ငါ​သည် ကိုယ်​စိတ်​နှ​လုံး​ထဲ​မှာ​ပြော​သည်​ကား၊ လာ​ပါ။ ရွှင်​လန်း​ခြင်း​အား​ဖြင့် သင့်​ကို​ငါ​စုံ​စမ်း​မည်။ သို့​ဖြစ်၍၊ ကာ​မ​ဂုဏ်၌ ပျော်​မွေ့​လော့​ဟု​ဆို​ရာ​တွင်၊ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

လာ​ကြ၊ ဆင်း​သက်​ကြ​ကုန်​အံ့။ သူ​တို့​သည် အ​ချင်း​ချင်း​နား​မ​လည်​စေ​ခြင်း​ငှာ၊ သူ​တို့​စ​ကား​ကို​ရှုတ်​ထွေး​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ၏။

ရှု​ရိ​ရှင်​ဘု​ရင်​က​လည်း သွား​လော့။ သွား​လော့။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့ စာ​ပေး​လိုက်​မည်​ဟု အ​မိန့်​တော်​အ​တိုင်း၊ နေ​မန်​သည် ငွေ​အ​ခွက်​တစ်​ရာ၊ ရွှေ​အ​ခွက် ခြောက်​ဆယ်၊ အ​ဝတ်​ဆယ်​စုံ​ကို ယူ​သွား၍၊

ငါ​သည် အ​စဉ်​မ​ရွေ့​ရ၊ ဆင်း​ရဲ​ခြင်း​သို့ မ​ရောက်​ရ​ဟု အောက်​မေ့​တတ်​ပါ၏။

ဘု​ရား​သ​ခင်​မ​ရှိ​ဟု မိုက်​သော​သူ​သည် ထင်​တတ်​၏။ ထို​သို့​သော​သူ​တို့​သည် ဆွေး​မြေ့​ယို​ယွင်း​၍ စက်​ဆုပ်​ဖွယ်​သော အ​မှု​ကို​ပြု​တတ်​ကြ၏။ ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။

ငါ၏​မျက်​နှာ​ကို​ရှာ​ကြ​လော့​ဟူ​သော အ​မိန့်​တော်​ကို ရှေ့​တော်၌ အ​ကျွန်ုပ်​သည် သ​တိ​ပြု​လျက်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​မျက်​နှာ​ကို​ရှာ​ပါ​မည်။

လူ​သည် ရယ်​စဉ်​အ​ခါ​ပင်၊ ဝမ်း​နည်း​သော စိတ်​သ​ဘော​ရှိ၏။ ထို​ရယ်​မော​ရွှင်​လန်း​ခြင်း အ​ဆုံး၌​လည်း ညှိုး​ငယ်​ခြင်း​ရှိ​တတ်၏။

အ​ချင်း​လူ​ပျို၊ အ​သက်​ပျို​သော​အ​ခါ ပျော်​မွေ့​လော့။ အ​သက်​ပျို​စဉ်​ကာ​လ​တွင် စိတ်​ရွှင်​လန်း​ခြင်း​ရှိ​လော့။ ကိုယ်​အ​လို​ရှိ​ရာ လမ်း​နှင့်၊ ကိုယ်​ဉာဏ်​ပြ​သော လမ်း​သို့​လိုက်​လော့။ သို့​ရာ​တွင်၊ ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ဘု​ရား​သ​ခင်​စစ်​ကြော၍၊ သင့်​ကို အ​ပြစ်​ပေး​တော်​မူ​မည်​ဟု အောက်​မေ့​လော့။

ငါ့​မျက်​စိ​တပ်​မက်​လို​ချင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​မ​ငြင်း၊ ငါ့​စိတ်​ရွှင်​လန်း​စ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပယ်။ ငါ​ကြိုး​စား​သ​မျှ​တို့၌ ဝမ်း​မြောက်​လျက်​ရှိ၍၊ ကြိုး​စား​ခြင်း​အ​ကျိုး​ကို ခံ​ရ၏။

သို့​ဖြစ်၍၊ မိုက်​သော​သူ​တွေ့​ကြုံ​သ​ကဲ့​သို့၊ ငါ​သည်​တွေ့​ကြုံ​လျှင်၊ အ​ဘယ်​ကြောင့် သူ့​ထက်​သာ၍ ပ​ညာ​ရှိ​သ​နည်း ဟူ၍​လည်း​ကောင်း၊ ဤ​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်​သည်​ဟူ​လည်း​ကောင်း ငါ​အောက်​မေ့၏။

ဘု​ရား​သ​ခင်၏​အ​ခွင့်​မ​ရှိ​ဘဲ အ​ဘယ်​သူ​စား​ရ​သ​နည်း။ အ​ဘယ်​သူ ခံ​စား​ရ​သ​နည်း။

ပ​ညာ​ရှိ​သော​သူ​တို့၏​နှ​လုံး​သည် မ​သာ​အိမ်၌ ရှိ၏။ မိုက်​သော​သူ​တို့၏ နှ​လုံး​မူ​ကား၊ ပျော်​မွေ့​ခြင်း​ပြု​ရာ အိမ်၌​ရှိ၏။

ထို​အ​ခါ ပျော်​မွေ့​ခြင်း​အ​မှု​ကို ငါ​ချီး​မွမ်း၏။ အ​ကြောင်း​မူ​ကား၊ လူ​သည်​နေ​အောက်​မှာ စား​သောက်​ခြင်း၊ ပျော်​မွေ့​ခြင်း​အ​မှု​ထက် သာ၍​ကောင်း​သော​အ​မှု မ​ရှိ။ နေ​အောက်​မှာ ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော​အ​သက်​ကာ​လ၌၊ ကြိုး​စား​အား​ထုတ်၍​ရ​သော အ​ကျိုး​တို့​တွင်၊ ထို​အ​ကျိုး​ကို​သာ အ​မြဲ​ခံ​ရ၏။

ယ​ခု​နား​ထောင်​ကြ။ ငါ့​စ​ပျစ်​ဥ​ယျာဉ်၌ ငါ​ပြု​ရ​မည်​အ​မှု​ကို သင်​တို့​အား ငါ​ဖော်​ပြ​မည်။ စောင်​ရန်း​ကို​ငါ​ပယ်​ရှင်း​သ​ဖြင့်၊ သူ​တစ်​ပါး​တို့​သည် စား​ကြ​လိမ့်​မည်။ အုတ်​ရိုး​ကို ငါ​ဖြို​သ​ဖြင့်၊ သူ​တစ်​ပါး​တို့​သည် ကျော်​နင်း​ကြ​လိမ့်​မည်။

မီး​ကို​ညှိ၍ မိ​မိ​တို့​ကို မီး​ပွား​တို့​နှင့် ဝန်း​ရံ​စေ​သော သူ​အ​ပေါင်း​တို့၊ သင်​တို့​မီး၏​အ​လင်း၌​လည်း​ကောင်း၊ သင်​တို့​ပြု​စု​သော မီး​စ​များ၌​လည်း​ကောင်း သွား​လာ​ကြ​လော့။ ငါ့​လက်၌​ခံ​ရ​သော အ​ကျိုး​ဟူ​မူ​ကား၊ သင်​တို့​သည် ဝမ်း​နည်း​လျက် အိပ်​ရ​ကြ​လိမ့်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​နား​ကို​ဖွင့်​တော်​မူ၍၊ ငါ​လည်း မ​ငြင်း​မ​ဆန်၊ နောက်​သို့​မ​ဆုတ်၊

ငါ့​ဝိ​ညာဉ်​အား​လည်း၊ အ​ချင်း​ဝိ​ညာဉ်၊ သင်​သည် နှစ်​ပေါင်း​များ​စွာ​သုံး​ဆောင်​ရန် ဥ​စ္စာ​များ​ကို သို​ထား​လျက်​ရှိ​ပြီ။ ငြိမ်​ဝပ်​စွာ​နေ​လော့။ စား​သောက်​ခြင်း၊ ပျော်​မွေ့​ခြင်း​ကို ပြု​လော့။ ငါ​ပြော​မည်​ဟု သူ​ဌေး​အ​ကြံ​ရှိ၏။-

တစ်​ဖန်​တုံ၊ သူ​ဌေး​တစ်​ယောက်​သည် နီ​မောင်း​သော က​မ္ဗ​လာ​နှင့်​ပိတ်​ချော​ကို ဝတ်​ဆင်၍၊ ကာ​မ​ဂုဏ်​စည်း​စိမ်၌ နေ့​တိုင်း ပျော်​မွေ့​လျက်​နေ၏။-

မ​ရ​ဏ​နိုင်​ငံ၌ ပြင်း​ပြ​စွာ​သော​ဝေ​ဒ​နာ​ကို​ခံ​ရ​လျက် မျှော်​ကြည့်၍၊ အာ​ဗြ​ဟံ​ကို​လည်း​ကောင်း၊ အာ​ဗြ​ဟံ၏ ရင်​ခွင်၌ လာ​ဇ​ရု​ကို​လည်း​ကောင်း အ​ဝေး​က​မြင်​လျှင်၊-

အ​ကြောင်း​မူ​ကား၊ အ​ထက်​က ငါ​တို့​သည် ပ​ညာ​မဲ့​သော​သူ၊ နား​မ​ထောင်​သော​သူ၊ မှား​ယွင်း​သော​သူ၊ အ​ထူး​ထူး​အ​ပြား​ပြား​သော တပ်​မက်​ခြင်း၊ ကာ​မ​ဂုဏ်​ခံ​စား​ခြင်း အ​မှု​တို့​ကို ဆောင်​ရွက်​သော​သူ၊ မ​နာ​လို​ခြင်း၊ ငြူ​စူ​ခြင်း၌ ကျင်​လည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ အ​ချင်း​ချင်း​မုန်း​သော​သူ ဖြစ်​ကြ၏။-

ယ​နေ့ နက်​ဖြန် ဤ​မည်​သော​မြို့​သို့ သွား​ကြ​ကုန်​အံ့။ ထို​မြို့၌ တစ်​နှစ်​ပတ်​လုံး​နေ၍ ကုန်​သွယ်​သ​ဖြင့် အ​မြတ်​ရ​အောင် ပြု​ကြ​ကုန်​အံ့​ဟု ဆို​တတ်​သော​သူ​တို့၊ နား​ထောင်​ကြ​လော့။-

အ​ချင်း​သူ​ဌေး၊ သူ​ကြွယ်​တို့၊ ယ​ခု​လာ​ကြ၊ သင်​တို့​အ​ပေါ်၌ ရောက်​လ​တ္တံ့​သော ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​ကြောင့် ငို​ကြွေး​အော်​ဟစ်​ကြ။-

သင်​တို့​သည် မြေ​ကြီး​ပေါ်​မှာ ကာ​မ​ဂုဏ်​ခံ​စား၍ အ​လွန်​ပျော်​မွေ့​ကြ​ပြီ။ သတ်​ရ​သော​နေ့၌​ကဲ့​သို့၊ မိ​မိ​တို့​နှ​လုံး​ကို မွေး​မြူ​ကြ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ