Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 12:5

Judson Bible

ထို​ကာ​လ၌ မြင့်​သော​အ​ရာ​တို့​ကို ကြောက်​ကြ​လိမ့်​မည်။ လမ်း၌​ဘေး​တွေ့​မည်​ဟု ထင်​ကြ​လိမ့်​မည်။ ဗာ​တံ​ပင်​ပွင့်​လိမ့်​မည်။ ကျိုင်း​ကောင်​သည် မိ​မိ၌ မိ​မိ​လေး​လိမ့်​မည်။ အ​လို​ဆ​န္ဒ​လျော့​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ လူ​သည် ထာ​ဝ​ရ​နေ​ရာ​သို့ သွား​ဆဲ​ရှိ၍၊ ငို​ခြင်း​သည်​တို့​သည် လမ်း​တို့၌ လှည့်​လည်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

အ​ဘ​က​လည်း၊ သင်​တို့​နှင့်​အ​တူ​ငါ့​သား​မ​သွား​ရ။ သူ၏​အစ်​ကို​သေ​ပြီ။ သူ​သည် တစ်​ယောက်​တည်း​ကျန်​ရစ်၏။ သင်​တို့​သွား​ရာ​လမ်း​ခ​ရီး​တွင် သူ၌​ဘေး​ရောက်​လျှင်၊ သင်​တို့​သည် ငါ့​ဆံ​ပင်​ဖြူ​ကို ဝမ်း​နည်း​ခြင်း​နှင့်​တ​ကွ မ​ရ​ဏနိုင်​ငံ​သို့ သက်​ရောက်​စေ​ကြ​လိမ့်​မည်​ဟု ဆို​လေ၏။

ဤ​သူ​ကို​လည်း ငါ့​ထံ​မှ​ယူ​သွား၍ သူ၌​ဘေး​ရောက်​လျှင်၊ သင်​တို့​သည် ငါ့​ဆံ​ပင်​ဖြူ​ကို ဝမ်း​နည်း​ခြင်း​နှင့်​တ​ကွ မ​ရ​ဏ​နိုင်​ငံ​သို့ သက်​ရောက်​စေ​ကြ​လိမ့်​မည်​ဟု ကျွန်​တော်​တို့​အား​ဆို​ပါ၏။

သူ​ငယ်​မ​ရှိ​သည်​ကို​မြင်​သော​အ​ခါ အ​ဘ​သေ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ကျွန်​တို့​သည်၊ ကိုယ်​တော်​ကျွန်​တည်း​ဟူ​သော ကျွန်​တော်​တို့​အ​ဘ​ဆံ​ပင်​ဖြူ​ကို ဝမ်း​နည်း​ခြင်း​နှင့်​တ​ကွ မ​ရ​ဏနိုင်​ငံ​သို့ သက်​ရောက်​စေ​ကြ​ပါ​လိမ့်​မည်။

သင့်​အ​ဘ​ထက် အ​သက်​ကြီး​သော​သူ၊ ဆံ​ပင်​ဖြူ​သော​သူ​တို့​သည် ငါ​တို့​တွင်​ရှိ​ကြ၏။

သင်္ချိုင်း​သည် ငါ့​နေ​ရာ​ဖြစ်​သည်​ကို ငါ​မျှော်​လင့်၏။ ငါ့​အိပ်​ရာ​သည် မှောင်​မိုက်၌ ခင်း​လျက်​ရှိ၏။

သေ​ခြင်း​သို့​လည်း​ကောင်း၊ အ​သက်​ရှင်​သော​သူ​ခပ်​သိမ်း​တို့​အ​ဖို့ စီ​ရင်​သော​နေ​ရာ​သို့​လည်း​ကောင်း၊ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​မည်​ဟု အ​ကျွန်ုပ်​သိ​ပါ၏။

တစ်​ဖန်​တုံ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​သက်​ကြီး၍ ဆံ​ပင်​ဖြူ​သည်​ကာ​လ​တိုင်​အောင်၊ ယ​ခု​လူ​များ​တို့​အား ကိုယ်​တော်၏​အ​စွမ်း​သ​တ္တိ​ကို​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော​သူ​အ​ပေါင်း​တို့​အား တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​မ​ပြ​မီ​တွင်၊ အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။

ဖြူ​သော​ဆံ​ပင်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း၌​တည်​လျှင်၊ ဘုန်း​ကြီး​သော​သ​ရ​ဖူ​ဖြစ်၏။

လူ​ပျို၏​ဘုန်း​ကား အ​စွမ်း​သ​တ္တိ၊ လူ​အို၏​ဂုဏ်​အ​သ​ရေ​ကား ဖြူ​သော​ဆံ​ပင်​ဖြစ်၏။

ဆောင်​ရွက်​စ​ရာ​အ​မှု​ရှိ​သ​မျှ​ကို ကြိုး​စား​အား​ထုတ်၍ ဆောင်​ရွက်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​ယ​ခု​သွား၍ ရောက်​ရ​လ​တ္တံ့​သော​အ​ရပ်​တည်း​ဟူ​သော မ​ရ​ဏ​နိုင်​ငံ၌ လုပ်​ဆောင်​ခြင်း​မ​ရှိ။ ကြံ​စည်​ခြင်း​မ​ရှိ။ သိ​ပ္ပံ​အ​တတ်​မ​ရှိ။ ပ​ညာ​မ​ရှိ​ပါ​တ​ကား။

သင်​တို့​အ​သက်​ကြီး၍ ဆံ​ပင်​ဖြူ​သည်​တိုင်​အောင်၊ ငါ​သည် ထို​သို့​သော​သူ​ဖြစ်၍၊ သင်​တို့​ကို​ဆောင်​ရွက်​မည်။ ငါ​ပြု​ခဲ့​ပြီး​သည်​အ​တိုင်း ထမ်း​ဦး​မည်။ ဆောင်​ရွက်၍ ကယ်​တင်​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်၍၊ ယေ​ရ​မိ၊ သင်​သည် အ​ဘယ်​အ​ရာ​ကို​မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင် ငါ​က၊ အ​ကျွန်ုပ်​သည် ဗာ​တံ​ကိုင်း​ကို​မြင်​ပါ၏​ဟု လျှောက်​သော်၊

သူ​တို့​မ​သိ၊ ဘိုး​ဘေး​မ​သိ​ဖူး​သော​လူ​မျိုး​တို့​တွင် အ​ရပ်​ရပ်၌​ကွဲ​ပြား​စေ​မည်။ ရှင်း​ရှင်း​မ​ဖျက်​ဆီး​မီ​တိုင်​အောင်၊ သူ​တို့​နောက်​သို့ ဓား​ဘေး​ကို စေ​လွှတ်​မည်။

ဆံ​ပင်​ဖြူ​သော​သူ​ရှေ့​မှာ ထ​ရ​မည်။ အ​သက်​ကြီး​သော​သူ၏​မျက်​နှာ​ကို ရို​သေ​ရ​မည်။ သင်၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ​ရ​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

လူ​သည် တစ်​ခါ​တည်း​သေ၍ ထို​နောက်​မှ တ​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​ရ​သ​ကဲ့​သို့၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ