ဒေသနာကျမ်း။ 12:1Judson Bibleငါနေ၍ မပျော်နိုင်ဟုဆိုရသော ကာလသည်မနီး၊ ဆိုးသောကာလမရောက်မီ၊ ယခုအသက်ပျိုစဉ်အခါပင်၊ သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။ အခန်းကိုကြည့်ပါ။ |
ယနေ့ကျွန်တော်အသက် ရှစ်ဆယ်ရှိပါပြီ။ ကောင်းမကောင်းကို ကျွန်တော်ပိုင်းခြား၍ သိနိုင်ပါမည်လော။ ကိုယ်တော်ကျွန်သည် အစားအသောက် အရသာကို မြည်းနိုင်ပါမည်လော။ သီချင်းသည်ယောက်ျား၊ သီချင်းသည်မိန်းမ ဆိုသောအသံကို ကြားနိုင်ပါမည်လော။ ကိုယ်တော်ကျွန်သည် အရှင်မင်းကြီးကို အဘယ်ကြောင့် နှောင့်ယှက်ရပါမည်နည်း။
ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြု၍ သင်္ဂြိုဟ်ကြလိမ့်မည်။ ယေရောဗောင်အမျိုးသားစုတွင်၊ ထိုသူငယ်တစ်ယောက်တည်းသာ သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်။ အကြောင်းမူကား၊ ယေရောဗောင်အမျိုးသားစုတွင် ထိုသူငယ်တစ်ယောက်သည် ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၌ ကြည်ညိုသောစိတ်ရှိ၏။
အကျွန်ုပ်သည် ကိုယ်တော်ထံမှ ထွက်သွား၍ အာဟပ်မင်းထံမှာလျှောက်စဉ်တွင်၊ ထာဝရဘုရား၏ဝိညာဉ်တော်သည် အကျွန်ုပ်မသိသောအရပ်သို့ ကိုယ်တော်ကို ဆောင်သွားတော်မူလျှင်၊ အာဟပ်မင်းသည် ကိုယ်တော်ကိုမတွေ့နိုင်သောအခါ အကျွန်ုပ်ကို သတ်ပါလိမ့်မည်။ ကိုယ်တော်ကျွန်မူကား၊ အသက်ငယ်စဉ်ကာလမှစ၍ ထာဝရဘုရားကိုရိုသေပါပြီ။