အကယ်စင်စစ် အလင်းသည် ချို၏။ နေရောင်ခြည်ကိုမြင်၍ ပျော်ပါးစရာရှိ၏။
သင်္ချိုင်းတွင်းထဲသို့ ငါ့ကိုမဆင်းစေဘဲ ကယ်တင်တော်မူသဖြင့်၊ ငါ့အသက်သည် မှောင်မိုက်နှင့်လွတ်လျက်ရှိ၏ဟု လူတို့တွင် သီချင်းဆိုရလိမ့်မည်။
သင်္ချိုင်းတွင်းမှနုတ်ယူ၍၊ အသက်ရှင်သောသူတို့၏အလင်းနှင့် လင်းစေတော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်းမှ ကယ်လွှတ်တော်မူပြီ။ အသက်ရှင်သောသူတို့၏အလင်းထဲမှာ ဘုရားသခင့်ရှေ့တော်၌ အကျွန်ုပ်ကျင့်နေပါမည်အကြောင်း၊ အကျွန်ုပ်ခြေကိုလည်း ထိမိ၍လဲခြင်းမှ ကယ်လွှတ်တော်မူမည် မဟုတ်လော။
ထာဝရအရှင်ဘုရားသခင်သည် နေလည်းဖြစ်တော်မူ၏။ အကွယ်အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့် ဘုန်းအသရေကို ပေးတော်မူ၏။ ဖြောင့်မတ်စွာကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ။
မျက်စိအလင်းသည် နှလုံးကို ရွှင်လန်းစေတတ်၏။ ကောင်းသောသတင်းစကားသည်လည်း၊ အရိုးတို့ကို ခြင်ဆီနှင့် ပြည့်ဝစေတတ်၏။
ဆင်းရဲသောသူနှင့် ညှဉ်းဆဲသောသူတို့သည် တွေ့ကြုံကြပြီ။ ထာဝရဘုရားသည် ထိုနှစ်ဦးတို့အား အလင်းကိုပေးသနားတော်မူ၏။
နေနှင့် အလင်း၊ လနှင့် ကြယ်တို့သည် ကွယ်၍မိုးရွာပြီးမှ၊ အထပ်ထပ်ရွာတတ်သောကာလမရောက်မီ အောက်မေ့လော့။
နေကိုလည်း မမြင်ရ။ အဘယ်အရာကိုမျှ မသိရ။ သို့သော်လည်း၊ အရင်ဆိုသောသူထက် သာ၍ ချမ်းသာရ၏။
ပညာသည် အမွေဥစ္စာကဲ့သို့ကောင်း၍၊ နေကိုမြင်သောသူတို့အား ကျေးဇူးပြုတတ်၏။
အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်းသောသူ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့ အပေါ်၌ မိုးကို ရွာစေတော်မူ၏။-